(၂၀၂၂) ခုနှစ်အတွင်းမှာရေပန်းစားခဲ့တဲ့ တက်သစ်စကိုရီးယားမင်းသမီးများ

Posted on

အခုအချိန်မှာတော့(၂၀၂၂) ခုနှစ်ကကုန်ဆုံးတော့မှာဖြစ်ပြီး ဒီနှစ်အတွင်းမှာဒရမ်မာဇာတ်လမ်းကောင်းများစွာ ထုတ်လွှင့်ခဲ့ပါတယ်။ ပရိသတ်တွေကိုဖမ်းစားနိုင်ခဲ့တဲ့မင်းသမီးတွေရှိခဲ့ပြီးပရိသတ်တွေကြားမှာ လူပြောများခဲ့တဲ့ တက်သစ်စကိုရီးယားမင်းသမီး (၃) ဦးကိုဖော်ပြပေးလိုက်ပါတယ်။
Go Yoon Jung


ချောမောလှပတဲ့ရုပ်ရည်ကြောင့် ပရိသတ်တွေသတိထားမိတဲ့မင်းသမီးတစ်လက်ဖြစ်ပါတယ်။ Alchemy of Souls : Light and Shadow ဒရမ်မာမှာလည်း အဓိကဇာတ်ဆောင်အဖြစ်ပါဝင်ထားတာ ဖြစ်ပါတယ်။ သူကတော့ ပရိသတ်တွေကြားရေပန်းစားတဲ့တက်သစ်စမင်းသမီးတွေထဲကတစ်ဦးလို့ဆိုရမှာပါ။

Park Ji Hyun


အရမ်းကိုအောင်မြင်နေတဲ့ Reborn Rich ဇာတ်ကားထဲမှာ ဇာတ်ရုပ်ကိုပီပီပြင်ပြင်သရုပ်ဆောင်နိုင်ရုံတင်မကဘဲ ပရိသတ်တွေရဲ့ကောင်းမွန်တဲ့မှတ်ချက်တွေကို ရရှိထားသူတစ်ယောက်ပါ။ သူကလည်းပဲ လှပတဲ့ရုပ်ရည်၊ ဖက်ရှင်တွေအပြင် အပိုအလိုမရှိတဲ့သရုပ်ဆောင်ချက်တွေကြောင့် အလားအလာရှိသူတစ်ယောက်လို့ ဆိုရမှာပါ။
Han Ji Hyun


လူငယ်ကျောင်းသားဇာတ်ကားတစ်ခုဖြစ်တဲ့ Cheer Up မှာ ပထမဆုံးအနေနဲ့အဓိကဇာတ်ဆောင်အဖြစ်ပါဝင်လာပြီးနောက် တက်ကြွပြီးချစ်စရာကောင်းတဲ့အသွင်အပြင်တွေကြောင့် ပရိသတ်တွေအချစ်ပိုခဲ့ရသူလေးပါ။ သူကတော့ (၂၀၂၂) ခုနှစ်အတွင်းရေပန်းစားခဲ့သူဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

(၂၀၂၂) ခုႏွစ္အတြင္းမွာေရပန္းစားခဲ့တဲ့ တက္သစ္စကိုရီးယားမင္းသမီးမ်ား
အခုအခ်ိန္မွာေတာ့(၂၀၂၂) ခုႏွစ္ကကုန္ဆုံးေတာ့မွာျဖစ္ၿပီး ဒီႏွစ္အတြင္းမွာဒရမ္မာဇာတ္လမ္းေကာင္းမ်ားစြာ ထုတ္လႊင့္ခဲ့ပါတယ္။ ပရိသတ္ေတြကိုဖမ္းစားႏိုင္ခဲ့တဲ့မင္းသမီးေတြရွိခဲ့ၿပီးပရိသတ္ေတြၾကားမွာ လူေျပာမ်ားခဲ့တဲ့ တက္သစ္စကိုရီးယားမင္းသမီး (၃) ဦးကိုေဖာ္ျပေပးလိုက္ပါတယ္။
Go Yoon Jung


ေခ်ာေမာလွပတဲ့႐ုပ္ရည္ေၾကာင့္ ပရိသတ္ေတြသတိထားမိတဲ့မင္းသမီးတစ္လက္ျဖစ္ပါတယ္။ Alchemy of Souls : Light and Shadow ဒရမ္မာမွာလည္း အဓိကဇာတ္ေဆာင္အျဖစ္ပါဝင္ထားတာ ျဖစ္ပါတယ္။ သူကေတာ့ ပရိသတ္ေတြၾကားေရပန္းစားတဲ့တက္သစ္စမင္းသမီးေတြထဲကတစ္ဦးလို႔ဆိုရမွာပါ။

Park Ji Hyun


အရမ္းကိုေအာင္ျမင္ေနတဲ့ Reborn Rich ဇာတ္ကားထဲမွာ ဇာတ္႐ုပ္ကိုပီပီျပင္ျပင္သ႐ုပ္ေဆာင္ႏိုင္႐ုံတင္မကဘဲ ပရိသတ္ေတြရဲ႕ေကာင္းမြန္တဲ့မွတ္ခ်က္ေတြကို ရရွိထားသူတစ္ေယာက္ပါ။ သူကလည္းပဲ လွပတဲ့႐ုပ္ရည္၊ ဖက္ရွင္ေတြအျပင္ အပိုအလိုမရွိတဲ့သ႐ုပ္ေဆာင္ခ်က္ေတြေၾကာင့္ အလားအလာရွိသူတစ္ေယာက္လို႔ ဆိုရမွာပါ။
Han Ji Hyun


လူငယ္ေက်ာင္းသားဇာတ္ကားတစ္ခုျဖစ္တဲ့ Cheer Up မွာ ပထမဆုံးအေနနဲ႔အဓိကဇာတ္ေဆာင္အျဖစ္ပါဝင္လာၿပီးေနာက္ တက္ႂကြၿပီးခ်စ္စရာေကာင္းတဲ့အသြင္အျပင္ေတြေၾကာင့္ ပရိသတ္ေတြအခ်စ္ပိုခဲ့ရသူေလးပါ။ သူကေတာ့ (၂၀၂၂) ခုႏွစ္အတြင္းေရပန္းစားခဲ့သူျဖစ္ပါတယ္။