သားဦးလေးနဲ့ပတ်သက်ပြီး အင်စတာဂရမ်မှာပုံတင်ခဲ့တဲ့ Son Ye Jin

Posted on

ပရိသတ်တွေကတော့မင်းသမီး Son Ye Jin ရဲ့သားဦးလေးနဲ့ပတ်သက်ပြီး သိလိုကြတာလည်း ဖြစ်ပြီး မင်းသမီးကတော့ သားဦးလေးနဲ့ပတ်သက်ပြီးပရိသတ်တွေကို အင်စတာဂရမ်မှာပုံတစ်ပုံတစ်ပေးခဲ့ပါတယ်။ သားလေးရဲ့ခြေထောက်ကိုရိုက်ထားတဲ့ပုံလေးကိုတင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့စိတ်ဝင်စားမှုများစွာရရှိခဲ့ပါတယ်။


ဒါကတော့ ပထမဆုံးအနေနဲ့သားလေးနဲ့ပတ်သက်ပြီးထုတ်ဖော်ပြသခဲ့တာ ဖြစ်ပါတယ်။ မင်းသမီးကတော့ ပျော်ရွှင်စရာခရစ္စမတ်နဲ့အတူ အခုနှစ်ဟာသားလေးဘဝထဲကိုရောက်ရှိလာတာကြောင့် လက်ဆောင်တစ်ခုကို သူတို့ဇနီးမောင်နှံကရရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကူညီပေးခဲ့ကြ ချစ်ခင်ပေးကြတဲ့သူတွေကိုပါကျေးဇူးတင်ကြောင်းရေးသားထားပါတယ်။


ဒါ့အပြင် ခင်ပွန်းဖြစ်သူကိုလည်း ပျော်ရွှင်ကျန်းမာစေကြောင်း ရေးသားခဲ့ပါတယ်။ Bin-Jin ဇနီးမောင်နှံအတွက်ကတော့ အခုနှစ်အတွင်းမှာလက်ထပ်ခဲ့ပြီးသားလေးလည်းဖွားမြင်ခဲ့တာကြောင့် ထူးခြားတဲ့နှစ်တစ်နှစ်ဖြစ်ခဲ့မှာ အမှန်ပါပဲနော်။
Zawgyi ဖြင့်ဖတ်ရန်




