Song Joong Ki ရဲ့ချစ်သူမှာ မင်းသမီးဟောင်း Katy Louise Saunders ဖြစ်နိုင်ဖွယ်ရှိ

Posted on

Song Joong Ki ကတော့ဇနီးဟောင်းဖြစ်သူ Song Hye Kyo နဲ့ကွာရှင်းပြတ်စဲပြီး (၃) နှစ်အကြာမှာ သူ့ရဲ့ဒိတ်တင်သတင်းကို ပရိသတ်တွေကို တရားဝင်ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ သူ့ရဲ့ချစ်သူကတော့ ဗြိတိန်အမျိုးသမီးတစ်ဦးဖြစ်ပြီး ဆယ်လီတစ်ယောက်မဟုတ်တဲ့ သာမန်အမျိုးသမီးလို့ဆိုထားပါတယ်။


သူ့ရဲ့အချစ်ရေးသတင်းထွက်ရှိလာပြီးနောက် ချစ်သူမိန်းကလေးမှာ ရုပ်ရှင်ဇာတ်ကားအချို့မှာပါဝင်ခဲ့ဖူးတဲ့ အသက်(၃၈)နှစ်အရွယ်ဗြိတိန်မင်းသမီးဟောင်း Katy Louise Saunders ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ မင်းသားကတော့ စက်တင်ဘာလ(၂၉) ရက်နေ့မှာကျင်းပခဲ့တဲ့ APAN STAR AWARDS ပွဲမှာ ဆုလက်ခံရယူရင်း Katy ၊ Narla ၊ Maya နဲ့ Antes တို့ကို ကျေးဇူးတင်တယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။ Katy ရဲ့ခွေးတွေနာမည်ကတော့ Maya နဲ့ Antes တို့ဖြစ်ကြောင်း အရင်ကပိုစ့်တင်ခဲ့ဖူးတာလည်း ဖြစ်ပါတယ်။


အခုလိုအချက်တွေကြာင့် Katy Louise Saunders ဟာ Song Joong Ki ရဲ့ချစ်သူဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့လည်း မင်းသားရဲ့အေဂျင်စီကတော့ ဒီသတင်းနဲ့ပတ်သက်ပြီး အတည်ပြုပေးတာမျိုးမရှိသေးပါဘူး။
Zawgyi ဖြင်ဖတ်ရန်

Song Joong Ki ရဲ႕ခ်စ္သူမွာ မင္းသမီးေဟာင္း Katy Louise Saunders ျဖစ္ႏိုင္ဖြယ္ရွိ
Song Joong Ki ကေတာ့ဇနီးေဟာင္းျဖစ္သူ Song Hye Kyo နဲ႔ကြာရွင္းျပတ္စဲၿပီး (၃) ႏွစ္အၾကာမွာ သူ႔ရဲ႕ဒိတ္တင္သတင္းကို ပရိသတ္ေတြကို တရားဝင္ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ သူ႔ရဲ႕ခ်စ္သူကေတာ့ ၿဗိတိန္အမ်ိဳးသမီးတစ္ဦးျဖစ္ၿပီး ဆယ္လီတစ္ေယာက္မဟုတ္တဲ့ သာမန္အမ်ိဳးသမီးလို႔ဆိုထားပါတယ္။


သူ႔ရဲ႕အခ်စ္ေရးသတင္းထြက္ရွိလာၿပီးေနာက္ ခ်စ္သူမိန္းကေလးမွာ ႐ုပ္ရွင္ဇာတ္ကားအခ်ိဳ႕မွာပါဝင္ခဲ့ဖူးတဲ့ အသက္(၃၈)ႏွစ္အ႐ြယ္ၿဗိတိန္မင္းသမီးေဟာင္း Katy Louise Saunders ျဖစ္ႏိုင္တယ္လို႔ ဆိုၾကပါတယ္။ မင္းသားကေတာ့ စက္တင္ဘာလ(၂၉) ရက္ေန႔မွာက်င္းပခဲ့တဲ့ APAN STAR AWARDS ပြဲမွာ ဆုလက္ခံရယူရင္း Katy ၊ Narla ၊ Maya နဲ႔ Antes တို႔ကို ေက်းဇူးတင္တယ္လို႔ ေျပာဆိုခဲ့ဖူးပါတယ္။ Katy ရဲ႕ေခြးေတြနာမည္ကေတာ့ Maya နဲ႔ Antes တို႔ျဖစ္ေၾကာင္း အရင္ကပိုစ့္တင္ခဲ့ဖူးတာလည္း ျဖစ္ပါတယ္။


အခုလိုအခ်က္ေတြၾကာင့္ Katy Louise Saunders ဟာ Song Joong Ki ရဲ႕ခ်စ္သူျဖစ္ႏိုင္တယ္လို႔ ဆိုၾကပါတယ္။ ဒါေပမဲ့လည္း မင္းသားရဲ႕ေအဂ်င္စီကေတာ့ ဒီသတင္းနဲ႔ပတ္သက္ၿပီး အတည္ျပဳေပးတာမ်ိဳးမရွိေသးပါဘူး။