(၂) နှစ်ကျော်ကြာပြီးနောက် ဒရမ်မာဇာတ်လမ်းတွဲသစ်နဲ့ပြန်လာတော့မယ့် Kim Tae Hee

Posted on

မင်းသမီးချော Kim Tae Hee ကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်ပါတယ်။ သူကတော့ အဆိုတော်၊သရုပ်ဆောင်ဖြစ်တဲ့ Rain နဲ့လက်ထပ်ပြီးနောက် အနုပညာအလုပ်တွေကို ခပ်ကျဲကျဲသာလုပ်ကိုင်တော့တာဖြစ်ပါတယ်။


Kim Tae Hee ကတော့ (၂၀၂၀)ခုနှစ်မှာထွက်ရှိခဲ့တဲ့ “Hi Bye Mama” ဇာတ်လမ်းတွဲပြီးနောက် ဒရမ်မာဇာတ်ကားသစ်နဲ့ပရိသတ်ဆီပြန်လာတော့မှာ ဖြစ်ပါတယ်။ မင်းသမီးကတော့ “Home with a Garden” ဆိုတဲ့ ထိတ်လန့်သည်းဖိုဒရမ်မာဇာတ်လမ်းတွဲနဲ့ပရိသတ်ဆီပြန်လာမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကတော့ ပြီးပြည့်စုံတဲ့မိသားစုဘဝလို့ထင်ခဲ့သော်လည်း လက်တွေ့မှာမဟုတ်ကြောင်းကိုသိမြင်လာခဲ့တဲ့အိမ်ထောင်ရှင်မတစ်ဦးရဲ့အကြောင်းကို ရိုက်ကူးထားတာပါ။

ဒီဇာတ်လမ်းတွဲကတော့ “Search: WWW” နဲ့ “Twenty-Five, Twenty-One” စတဲ့ဇာတ်လမ်းတွဲတွေကို ရိုက်ကူးခဲ့တဲ့ Jung Ji Hyun ကရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့လက်ရှိမှာရိုက်ကူးနေပြီဖြစ်ပြီး (၂၀၂၃) ခုနှစ်အတွင်းမှာ ကြည့်ရှုရမှာပါ။
Zawgyi ဖြင့်ဖတ်ရန်

(၂) ႏွစ္ေက်ာ္ၾကာၿပီးေနာက္ ဒရမ္မာဇာတ္လမ္းတြဲသစ္နဲ႔ျပန္လာေတာ့မယ့္ Kim Tae Hee
မင္းသမီးေခ်ာ Kim Tae Hee ကေတာ့ ေတာင္ကိုရီးယားႏိုင္ငံရဲ႕ထိပ္တန္းမင္းသမီးတစ္လက္ျဖစ္ပါတယ္။ သူကေတာ့ အဆိုေတာ္၊သ႐ုပ္ေဆာင္ျဖစ္တဲ့ Rain နဲ႔လက္ထပ္ၿပီးေနာက္ အႏုပညာအလုပ္ေတြကို ခပ္က်ဲက်ဲသာလုပ္ကိုင္ေတာ့တာျဖစ္ပါတယ္။


Kim Tae Hee ကေတာ့ (၂၀၂၀)ခုႏွစ္မွာထြက္ရွိခဲ့တဲ့ “Hi Bye Mama” ဇာတ္လမ္းတြဲၿပီးေနာက္ ဒရမ္မာဇာတ္ကားသစ္နဲ႔ပရိသတ္ဆီျပန္လာေတာ့မွာ ျဖစ္ပါတယ္။ မင္းသမီးကေတာ့ “Home with a Garden” ဆိုတဲ့ ထိတ္လန႔္သည္းဖိုဒရမ္မာဇာတ္လမ္းတြဲနဲ႔ပရိသတ္ဆီျပန္လာမွာ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းကေတာ့ ၿပီးျပည့္စုံတဲ့မိသားစုဘဝလို႔ထင္ခဲ့ေသာ္လည္း လက္ေတြ႕မွာမဟုတ္ေၾကာင္းကိုသိျမင္လာခဲ့တဲ့အိမ္ေထာင္ရွင္မတစ္ဦးရဲ႕အေၾကာင္းကို ႐ိုက္ကူးထားတာပါ။


ဒီဇာတ္လမ္းတြဲကေတာ့ “Search: WWW” နဲ႔ “Twenty-Five, Twenty-One” စတဲ့ဇာတ္လမ္းတြဲေတြကို ႐ိုက္ကူးခဲ့တဲ့ Jung Ji Hyun က႐ိုက္ကူးသြားမွာ ျဖစ္ပါတယ္။ ဒီဇာတ္ကားကေတာ့လက္ရွိမွာ႐ိုက္ကူးေနၿပီျဖစ္ၿပီး (၂၀၂၃) ခုႏွစ္အတြင္းမွာ ၾကည့္ရႈရမွာပါ။