ချစ်သူကောင်မလေးရဲ့အကူအညီနဲ့ BBC စီးရီးတစ်ခုမှာပါဝင်မယ့်သတင်းနဲ့ပတ်သက်ပြီး ပြောကြားလာတဲ့ Song Joong Ki ရဲ့အေဂျင်စီ

Posted on

မင်းသား Song Joong Ki ကတော့ သူ့ရဲ့ဒိတ်တင်သတင်းကိုအတည်ပြုပြီးနောက်မှာ ချစ်သူကောင်မလေးနဲ့ပတ်သက်တဲ့သတင်းတွေကတော့ တစ်ခုပြီးတစ်ခုထွက်ရှိလို့နေပါတယ်။ အခုတစ်ခါမှာလည်း Song Joong Ki ဟာချစ်သူ Katy Louise Saunders ရဲ့အကူအညီနဲ့ BBC စီးရီးတစ်ခုမှာပါဝင်လာမယ်ဆိုတဲ့ သတင်းတွေထွက်ရှိလာတာပါ။


ဒီသတင်းတွေနဲ့ပတ်သက်ပြီးတော့ Song Joong Ki ရဲ့အေဂျင်စီကတော့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ “Song Joong Ki ဟာ BBC ရဲ့စီးရီးတစ်ခုအတွက audition ဝင်ခဲ့တာမျိုးမရှိပါဘူး။ BBC နဲပတ်သက်တဲ့သူနဲ့တွေ့ဆုံခဲ့တာပဲ ရှိပါတယ်။ အသေးစိတ်ဆွေးနွေးတာမျိုးတွေမရှိခဲ့ပေမဲ့ သူ့ကိုကမ်းလှမ်းတာမျိုးရှိခဲ့ရင်တော့ ပြန်လည်သုံးသပ်မှုလုပ်သွားမှာ ဖြစ်ပါတယ်။” လို့ High Zium Studio ကဆိုပါတယ်။


အခုရက်ပိုင်းအတွင်းမှာတော့ လူမှုကွန်ရက်မှာSong Joong Ki ဟာ Vincenzo စီးရီးပြီးတဲ့နောက်မှာ BBC စီးရီးတစ်ခုမှာပါဝင်ဖို့Audition ဝင်ဖို့ကြိုးစားခဲ့တယ်ဆိုပြီးတော့ သတင်းတွေပျံ့နှံ့နေခဲ့တာပဲ ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်




