YG Entertainment ကထုတ်ပြန်လိုက်တဲ့ Teaser ပုံရိပ်ဟာ အမျိုးသမီးအိုင်ဒေါအဖွဲ့အသစ်ရဲ့ပုံရိပ်များဖြစ်နေမလား

တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကျော် YG Entertainment ကတော့ ပရိသတ်တွေကို Next Movement ဆိုတဲ့စကားလုံးနဲ့ teaserပုံတစ်ပုံကိုတင်ခဲ့ပါတယ်။ ဒီပုံကတော့ နောက်ထပ်အမျိုးသမီးအိုင်ဒေါအဖွဲ့အသစ်ဖြစ်နိုင်တာကြောင့် ပရိသတ်တွေကတော့ ရင်ခုန်နေကြမှာပါ။


ပုံမှာတော့ မိန်းကလေး (၇) ဦးပါဝင်ထားပြီး ဇန်နဝါရီလ(၁)ရက်နေ့(12:00AM) လို့ ရေးသားထားတာကြောင့် ဇန်နဝါရီလ(၁)ရက်နေ့မှာပရိသတ်တွေကို မိတ်ဆက်ပေးတော့မယ့် ပုံပါပဲ။ အရိပ်အမြွက်ဖော်ပြထားသောပုံထဲမှာတော့ မျက်နှာမဖော်ပြထားဘဲ မိန်းကလေး(၇) ဦးလို့သာ ခန့်မှန်းလို့ရခဲ့တာ ဖြစ်ပါတယ်။ YG Entertainment ဟာ Baby Monsters ဆိုတဲ့အမျိုးသမီးအိုင်ဒေါအဖွဲ့အသစ်ကို မိတ်ဆက်တော့မယ်ဆိုတဲ့သတင်းကို (၂၀၁၉) ခုနှစ်နှောင်းပိုင်းမှာကတည်းက ကောလာဟလတွေ ထွက်ရှိနေခဲ့တာပါ။


YG Entertainment ကတော့ အလွန်နာမည်ကျော်ခဲ့တဲ့ အမျိုးသမီးအိုင်ဒေါအဖွဲ့ဖြစ်တဲ့ 2NE1 နဲ့ လက်ရှိ ပေါ်ပြူလာအဖြစ်ဆုံးအမျိုးသမီးအိုင်ဒေါအဖွဲ့တွေထဲကတစ်ဖွဲ့ဖြစ်တဲ့ BLACKPINK တို့ကိုမွေးထုတ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ အစဉ်အလာမပျက်လျှမ်းလျှမ်းတောက်အောင်မြင်မယ့်နောက်ထပ်အိုင်ဒေါအဖွဲ့ကိုထပ်မံမွေးထုတ်ပေးမလားဆိုတာ ရင်ခုန်စရာပါပဲနော်။
Zawgyi ဖြင့်ဖတ်ရန်

YG Entertainment ကထုတ္ျပန္လိုက္တဲ့ Teaser ပုံရိပ္ဟာ အမ်ိဳးသမီးအိုင္ေဒါအဖြဲ႕အသစ္ရဲ႕ပုံရိပ္မ်ားျဖစ္ေနမလား
ေတာင္ကိုရီးယားႏိုင္ငံရဲ႕နာမည္ေက်ာ္ YG Entertainment ကေတာ့ ပရိသတ္ေတြကို Next Movement ဆိုတဲ့စကားလုံးနဲ႔ teaserပုံတစ္ပုံကိုတင္ခဲ့ပါတယ္။ ဒီပုံကေတာ့ ေနာက္ထပ္အမ်ိဳးသမီးအိုင္ေဒါအဖြဲ႕အသစ္ျဖစ္ႏိုင္တာေၾကာင့္ ပရိသတ္ေတြကေတာ့ ရင္ခုန္ေနၾကမွာပါ။


ပုံမွာေတာ့ မိန္းကေလး (၇) ဦးပါဝင္ထားၿပီး ဇန္နဝါရီလ(၁)ရက္ေန႔(12:00AM) လို႔ ေရးသားထားတာေၾကာင့္ ဇန္နဝါရီလ(၁)ရက္ေန႔မွာပရိသတ္ေတြကို မိတ္ဆက္ေပးေတာ့မယ့္ ပုံပါပဲ။ အရိပ္အႁမြက္ေဖာ္ျပထားေသာပုံထဲမွာေတာ့ မ်က္ႏွာမေဖာ္ျပထားဘဲ မိန္းကေလး(၇) ဦးလို႔သာ ခန႔္မွန္းလို႔ရခဲ့တာ ျဖစ္ပါတယ္။ YG Entertainment ဟာ Baby Monsters ဆိုတဲ့အမ်ိဳးသမီးအိုင္ေဒါအဖြဲ႕အသစ္ကို မိတ္ဆက္ေတာ့မယ္ဆိုတဲ့သတင္းကို (၂၀၁၉) ခုႏွစ္ေႏွာင္းပိုင္းမွာကတည္းက ေကာလာဟလေတြ ထြက္ရွိေနခဲ့တာပါ။


YG Entertainment ကေတာ့ အလြန္နာမည္ေက်ာ္ခဲ့တဲ့ အမ်ိဳးသမီးအိုင္ေဒါအဖြဲ႕ျဖစ္တဲ့ 2NE1 နဲ႔ လက္ရွိ ေပၚျပဴလာအျဖစ္ဆုံးအမ်ိဳးသမီးအိုင္ေဒါအဖြဲ႕ေတြထဲကတစ္ဖြဲ႕ျဖစ္တဲ့ BLACKPINK တို႔ကိုေမြးထုတ္ေပးခဲ့တာလည္း ျဖစ္ပါတယ္။ အစဥ္အလာမပ်က္လွ်မ္းလွ်မ္းေတာက္ေအာင္ျမင္မယ့္ေနာက္ထပ္အိုင္ေဒါအဖြဲ႕ကိုထပ္မံေမြးထုတ္ေပးမလားဆိုတာ ရင္ခုန္စရာပါပဲေနာ္။

Check Also

ဇနီးလောင်း Lee Da In ကို ဘာကြောင့်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတာကို ပြောပြခဲ့တဲ့ မင်းသား Lee Seung Gi

Lee Seung Gi နဲ့ Lee Da In တို့နှစ်ဦးကတော့ ချစ်သူတွေဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုမှာ ရွှေလက်တွဲတော့မှာပဲ ဖြစ်ပါတယ်။ ချစ်သူနှစ်ဦးကတော့ ဧပြီလမှာလက်ထပ်ပွဲကျင်းပသွားမှာ ဖြစ်တယ်လို့ …

x