BLACKPINK အဖွဲ့ဟာ YG Entertainment နဲ့စာချုပ်သက်တမ်းကုန်ဆုံးသွားပြီးနောက်မှာ Teddy ရဲ့ The Black Label ကိုပြောင်းရွှေ့နိုင်ဖွယ်ရှိ

Posted on

ပရိသတ်တွေချစ်တဲ့ BLACKPINK ကတော့ လက်ရှိအချိန်မှာ Worl Tour နဲ့လှည့်လည်ဖျော်ဖြေပွဲတွေပြုလုပ်နေတာ ဖြစ်ပါတယ်။ BLACKPINK ဟာ (၂၀၂၃) မှာ YG Entertainment ရဲ့ လက်အောက်ခံဖြစ်တဲ့ The Black Label ကိုပြောင်းရွေ့သွားနိုင်ဖွယ်ရှိတယ်လို့ ကောလာဟလတွေ ထွက်ရှိလာပါတယ်။


Label တစ်ခု နှစ်ခုကနေပြီးစီမံခန့်ခွဲမှုတွေအားလုံးကိုလုပ်တာမျိုးကနေ များပြားတဲ့ labelတွေနဲ့ ပြောင်းလဲပြီးစီမံခန့်ခွဲသွားမယ့် YG Entertainment ရဲ့ပြောင်းလဲမှုပုံစံကြောင့် အခုလို သတင်းတွေထွက်ရှိလာတာ ဖြစ်နိုင်ပါတယ်။ ဒီဇင်ဘာလ(၃၀)ရက်နေ့မှာတော့ မင်းသား Kang Dong Won နဲ့ အမျိုးသားအိုင်ဒေါအဖွဲ့ iKON ကနေပြီး သူတို့စာချုပ်တွေကိုသက်တမ်းတိုးခြင်းမရှိတော့ဘူးလို့လည်း သိရပါတယ်။


YG Entertainment ကနေပြီးတော့ ထွက်ပေါ်လာတဲ့သတင်းတွေနဲ့ပတ်သက်ပြီး အတည်မပြုနိုင်ကြောင်း ၊လက်ရှိမှာလည်း စာချုပ်သက်တမ်းမကုန်သေးတာကြောင့် The Black Label ကိုပြောင်းရွှေ့သွားမလားဆိုတာတော့ အတည်ပြုပေးဖို့ခက်ခဲတယ်လို့ ဆိုပါတယ်။BLACKPINK ကတော့ သြဂုတ်လ(၂၀၁၆)မှာ စာချုပ်စတင်ခဲ့တာဖြစ်ပြီး (၂၀၂၃) နှစ်ဝက်မှာစာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်




