ခင်မင်တဲ့သူငယ်ချင်းတွေဖြစ်ကြတဲ့ မင်းသမီးချော Han So Hee နဲ့ Go Yoon Jung

Posted on

မင်းသမီးချောနှစ်ဦးဖြစ်တဲ့ Han So Hee နဲ့ Go Yoon Jung တို့ကတော့ စားသောက်ဆိုင်တစ်ခုမှာအတူရှိနေခဲ့ကြတာဖြစ်ပြီး ပရိသတ်တွေက စိတ်ဝင်စားနေခဲ့ကြတာဖြစ်ပါတယ်။ သူတို့နှစ်ဦးကတော့ ဇူလိုင်လတုန်းကလည်း အခုလိုမျိုးအပြင်ထွက်ကာလည်ပတ်နေခဲ့ကြတာကို တွေ့ခဲ့ရသေးတာပါ။


မင်းသမီးချော Han So Hee ကတော့ လှပတဲ့ရုပ်ရည်ကြောင့် အမှတ်တံဆိပ်တွေနဲ့လက်တွဲထားတဲ့အပြင် ရုပ်ရှင်ဇာတ်ကားတွေလည်းရိုက်ကူးနေရတဲ့နာမည်ရမင်းသမီးတစ်လက်အဖြစ်ရပ်တည်နေတာ ဖြစ်ပါတယ်။ မင်းသမီး Go Yoon Jung ဟာလည်း Alchemy of Souls ရဲ့ Season 2မှာပါဝင်ပြီးတဲ့နောက် သတင်းတွေမှာအသားပေးဖော်ပြခြင်းခံရတဲ့ မင်းသမီးတစ်လက်ဖြစ်နေပြန်တာပါ။


သူတို့နှစ်ဦးဟာ အနုပညာအလုပ်တွေနဲ့ရှုပ်နေတဲ့အချိန်မှာ အခုဆိုရင်စားသောက်ဆိုင်တစ်ခုမှာ အတူတူစားသောက်နေခဲ့ကြတာကို ပရိသတ်တစ်ယောက်ကတော့ တွစ်တာမှာတင်ခဲ့ပါတယ်။ လှပတဲ့အပြင်နာမည်ကြီးတဲ့သူတို့နှစ်ဦးကတော့ အလုပ်တွေမအားလပ်တဲ့ကြားက သူငယ်ချင်းအတွက်အချိန်ပေးနေပုံပါပဲနော်။
Zawgyi ဖြင့်ဖတ်ရန်




