BLACKPINK အဖွဲ့ဝင် Jisoo ကတော့ အိုင်ဒေါတစ်ယောက်အနေနဲ့တင်မက သရုပ်ဆောင်ပိုင်းမှာပါ ပရိသတ်အသိအမှတ်ပြုထားရတဲ့ အနုပညာရှင်တစ်ဦးပါ။ သူနဲ့ပတ်သက်ပြီး ပရိသတ်တွေကတော့ တစ်ကိုယ်တော်အလ်ယ်ဘမ်ထွက်ရှိစေချင်ခဲ့တာ ကြာပါပြီ။
ကျန်တဲ့ BLACKPINK အဖွဲ့ဝင်တွေဟာ တစ်ကိုယ်တော်အလ်ယ်ဘမ်ထွက်ရှိခဲ့ပြီးဖြစ်ကာ Jisoo တစ်ယောက်သာကျန်ရှိနေတာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ Jisoo ဟာ World Tour ရှိနေတာကြောင့်အလုပ်တွေများနေပေမဲ့လည်း တစ်ကိုယ်တော်အယ်လ်ဘမ်အတွက် ကြိုးစားနေတယ်လို့ YG Entertainment က ဆိုပါတယ်။ ဒါ့အပြင်အယ်လ်ဘမ်အတွက်ပုံတွေလည်း ရိုက်ကူးပြီးစီးပြီဖြစ်ကာ ပရိသတ်တွေကို သတင်းကောင်းနဲ့အတူမကြာခင်တွေ့ဆုံတော့မှာပဲ ဖြစ်ပါတယ်။
ပရိသတ်တွေကတော့ Jisoo ရဲ့အယ်လ်ဘမ်သစ်အတွက်စိတ်လှုပ်ရှားနေကြပြီပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်အဖြစ်လည်းကြိုးစားနဲ့အပြင် အိုင်ဒေါတစ်ယောက်အနေနဲ့ထူးချွန်တဲ့Jisoo ကိုတော့ တစ်ကိုယ်တော်အနုပညာရှင်အနေနဲ့မကြာခင်အားပေးရတော့မှာပဲ ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်
တစ်ကိုယ်တော်အယ်လ်ဘမ်ထွက်ရှိလာတော့မယ့် BLACKPINK အဖွဲ့ဝင် Jisoo