ဝင်ငွေနည်းပါးတဲ့မိသားစုတွေအတွက် ဝမ်(၁၀) သန်းလှူဒါန်းခဲ့တဲ့ IU

Posted on

အိုင်ဒေါတစ်ယောအဖြစ်အပြင် သရုပ်ဆောင်အနေနဲ့ပါ အောင်မြင်နေတဲ့ IU ကတော့ ကြွယ်ဝချမ်းသာမှုများစွာရှိတဲ့သူတစ်ယောက်ပါ။ ကြွယ်ဝချမ်းသာသလို အလှူအတန်းတွေလည်းရက်ရက်ရောရောလုပ်လေ့ရှိတာကြောင့် စိတ်ထားလှတဲ့သူအဖြစ်လည်း နာမည်ကြီးပါတယ်။


အခုဆိုရင်တော့ IU ဟာ ဂယောင်းဂီခရိုင်ထဲကယန်းဖြောင်းမှာ ဝင်ငွေနည်းပါးတဲ့မိသားစုတွေအတွက် ကိုရီးယားဝမ် (၁၀) သန်းလှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ IU ကတော့ ဒီနေရာဒေသအတွက် (၂၀၂၀) ခုနှစ်ကတည်းက လှူဒါန်းမှုပြုလာတာလည်း ဖြစ်ပါတယ်။ သူကတော့ ချမ်းအေးတဲ့ရာသီမှာနွေးထွေးစေဖို့အတွက် ကျောက်မီးသွေးလောင်စာတွေကို ဝယ်ယူဖို့အတွက်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။


ဒီဒေသကလူတွေကတော့ အခုလိုအမြဲတမ်းလှူဒါန်းတဲ့ IU ကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။ အောင်မြင်မှုတွေတစ်ခုပြီးတစ်ခုရရှိနေတဲ့ IU ကတော့ သူ့ရဲ့ငွေတွေကို လှူဒါန်းတဲ့နေရာမှာလည်း မကြာခဏသုံးနေတာကတော့ တကယ့်ကိုလေးစားစရာပါပဲနော်။
Zawgyi ဖြင့်ဖတ်ရန်

ဝင္ေငြနည္းပါးတဲ့မိသားစုေတြအတြက္ ဝမ္(၁၀) သန္းလႉဒါန္းခဲ့တဲ့ IU
အိုင္ေဒါတစ္ေယာအျဖစ္အျပင္ သ႐ုပ္ေဆာင္အေနနဲ႔ပါ ေအာင္ျမင္ေနတဲ့ IU ကေတာ့ ႂကြယ္ဝခ်မ္းသာမႈမ်ားစြာရွိတဲ့သူတစ္ေယာက္ပါ။ ႂကြယ္ဝခ်မ္းသာသလို အလႉအတန္းေတြလည္းရက္ရက္ေရာေရာလုပ္ေလ့ရွိတာေၾကာင့္ စိတ္ထားလွတဲ့သူအျဖစ္လည္း နာမည္ႀကီးပါတယ္။

အခုဆိုရင္ေတာ့ IU ဟာ ဂေယာင္းဂီခ႐ိုင္ထဲကယန္းေျဖာင္းမွာ ဝင္ေငြနည္းပါးတဲ့မိသားစုေတြအတြက္ ကိုရီးယားဝမ္ (၁၀) သန္းလႉဒါန္းခဲ့တာ ျဖစ္ပါတယ္။ IU ကေတာ့ ဒီေနရာေဒသအတြက္ (၂၀၂၀) ခုႏွစ္ကတည္းက လႉဒါန္းမႈျပဳလာတာလည္း ျဖစ္ပါတယ္။ သူကေတာ့ ခ်မ္းေအးတဲ့ရာသီမွာေႏြးေထြးေစဖို႔အတြက္ ေက်ာက္မီးေသြးေလာင္စာေတြကို ဝယ္ယူဖို႔အတြက္လႉဒါန္းခဲ့တာ ျဖစ္ပါတယ္။


ဒီေဒသကလူေတြကေတာ့ အခုလိုအၿမဲတမ္းလႉဒါန္းတဲ့ IU ကို ေက်းဇူးတင္ေၾကာင္း ေျပာခဲ့ပါတယ္။ ေအာင္ျမင္မႈေတြတစ္ခုၿပီးတစ္ခုရရွိေနတဲ့ IU ကေတာ့ သူ႔ရဲ႕ေငြေတြကို လႉဒါန္းတဲ့ေနရာမွာလည္း မၾကာခဏသုံးေနတာကေတာ့ တကယ့္ကိုေလးစားစရာပါပဲေနာ္။