The Glory ဇာတ်ကားမှာဗီလိန်ဇာတ်ရုပ်နဲ့ပထမဆုံးအကြိမ်ပါဝင်ခဲ့ပြီး ချီးမွမ်းမှုများစွာရရှိနေတဲ့မင်းသမီး Lim Ji Yeon

Posted on

The Glory ဇာတ်လမ်းတွဲကတော့လက်ရှိအချိန်မှာ ပရိသတ်တွေကြားလူသိများရေပန်းစားနေတဲ့ ဒရမ်မာဇာတ်ကားကောင်တစ်ကားလည်း ဖြစ်ပါတယ်။ နာမည်ကျော်စာရေးဆရာမရဲ့ဇာတ်လမ်းဖြစ်ရုံတင်မက အဓိကဇာတ်ဆောင်မင်းသမီးSong Hye Kyo ရဲ့အရှိန်အဝါကြောင့်လည်း နာမည်ကြီးနေတာပါ။


ဒီဇာတ်ကားမှာတော့ နာကျင်မှုတွေနဲ့အတူ ကလဲ့စားချေဖို့အတွက်ကြိုးစားနေတဲ့ဇာတ်ရုပ်ဟာ အရင်ကမြင်တွေ့ဖူးခဲ့တဲ့ အချစ်ဒရမ်မာဇာတ်လမ်းတွဲတွေနဲ့ကွဲပြားနေတဲ့အပြင် ပီပြင်လွန်းတာကြောင့် Song Hye Kyo ဟာချီးမွမ်းမှုများစွာ ရရှိထားတာပါ။ ဒါ့အပြင် အခြားမင်းသမီးတစ်လက်ဖြစ်တဲ့ Lim Ji Yeon ဟာလည်း သရုပ်ဆောင်ပိုင်းမှာ ပြောင်းလဲတိုးတက်လာတာကြောင့် ချီးကျူးခံထားရသူပါ။ Lim Ji Yeon ဟာ အခြားဇာတ်ရုပ်များစွာနဲ့ ဒရမ်မာဇာတ်လမ်းတွဲတွေမှာ ပါဝင်ဖူးပေမဲ့ ဒီဇာတ်လမ်းတွဲမှာတော့ ဗီလိန်အဖြစ်နဲ့စတင်သရုပ်ဆောင်ဖူးတာလည်း ဖြစ်ပါတယ်။


ဇာတ်ညွှန်းဆရာမကတော့ အရင်ကတစ်ခါမှမလုပ်ခဲ့ဖူးတဲ့ ဗီလိန်ဇာတ်ရုပ်ကိုသရုပ်ဆောင်ဖို့အတွက် Lim Ji Yeon ကိုရွေးချယ်ခဲ့တာနဲ့ပတ်သက်ပြီး အင်တာနက်အသုံးပြုသူတွေက သံသယရှိခဲ့ပေမဲ့လည်း ဇာတ်လမ်းတွဲလွှင့်ချိန်မှာတော့ ပြောစရာမလိုလောက်အောင်ပြည့်စုံနေတာကြောင့် မင်းသမီးဟာလည်း သရုပ်ဆောင်ပိုင်းမှာအသိအမှတ်ပြုခံထားရတာပဲ ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

The Glory ဇာတ္ကားမွာဗီလိန္ဇာတ္႐ုပ္နဲ႔ပထမဆုံးအႀကိမ္ပါဝင္ခဲ့ၿပီး ခ်ီးမြမ္းမႈမ်ားစြာရရွိေနတဲ့မင္းသမီး Lim Ji Yeon
The Glory ဇာတ္လမ္းတြဲကေတာ့လက္ရွိအခ်ိန္မွာ ပရိသတ္ေတြၾကားလူသိမ်ားေရပန္းစားေနတဲ့ ဒရမ္မာဇာတ္ကားေကာင္တစ္ကားလည္း ျဖစ္ပါတယ္။ နာမည္ေက်ာ္စာေရးဆရာမရဲ႕ဇာတ္လမ္းျဖစ္႐ုံတင္မက အဓိကဇာတ္ေဆာင္မင္းသမီးSong Hye Kyo ရဲ႕အရွိန္အဝါေၾကာင့္လည္း နာမည္ႀကီးေနတာပါ။


ဒီဇာတ္ကားမွာေတာ့ နာက်င္မႈေတြနဲ႔အတူ ကလဲ့စားေခ်ဖို႔အတြက္ႀကိဳးစားေနတဲ့ဇာတ္႐ုပ္ဟာ အရင္ကျမင္ေတြ႕ဖူးခဲ့တဲ့ အခ်စ္ဒရမ္မာဇာတ္လမ္းတြဲေတြနဲ႔ကြဲျပားေနတဲ့အျပင္ ပီျပင္လြန္းတာေၾကာင့္ Song Hye Kyo ဟာခ်ီးမြမ္းမႈမ်ားစြာ ရရွိထားတာပါ။ ဒါ့အျပင္ အျခားမင္းသမီးတစ္လက္ျဖစ္တဲ့ Lim Ji Yeon ဟာလည္း သ႐ုပ္ေဆာင္ပိုင္းမွာ ေျပာင္းလဲတိုးတက္လာတာေၾကာင့္ ခ်ီးက်ဴးခံထားရသူပါ။ Lim Ji Yeon ဟာ အျခားဇာတ္႐ုပ္မ်ားစြာနဲ႔ ဒရမ္မာဇာတ္လမ္းတြဲေတြမွာ ပါဝင္ဖူးေပမဲ့ ဒီဇာတ္လမ္းတြဲမွာေတာ့ ဗီလိန္အျဖစ္နဲ႔စတင္သ႐ုပ္ေဆာင္ဖူးတာလည္း ျဖစ္ပါတယ္။


ဇာတ္ၫႊန္းဆရာမကေတာ့ အရင္ကတစ္ခါမွမလုပ္ခဲ့ဖူးတဲ့ ဗီလိန္ဇာတ္႐ုပ္ကိုသ႐ုပ္ေဆာင္ဖို႔အတြက္ Lim Ji Yeon ကိုေ႐ြးခ်ယ္ခဲ့တာနဲ႔ပတ္သက္ၿပီး အင္တာနက္အသုံးျပဳသူေတြက သံသယရွိခဲ့ေပမဲ့လည္း ဇာတ္လမ္းတြဲလႊင့္ခ်ိန္မွာေတာ့ ေျပာစရာမလိုေလာက္ေအာင္ျပည့္စုံေနတာေၾကာင့္ မင္းသမီးဟာလည္း သ႐ုပ္ေဆာင္ပိုင္းမွာအသိအမွတ္ျပဳခံထားရတာပဲ ျဖစ္ပါတယ္။