အသရေဖျက်ခဲ့သူတွေကို ပြင်းထန်စွာအရေးယူမယ်လို့ကြေညာလိုက်တဲ့ Go Yoon Jung အေဂျင်စီ

Posted on

လက်ရှိအချိန်မှာ Alchemy of Souls မှာပါဝင်သရုပ်ဆောင်ထားတဲ့မင်းသမီး Go Yoon Jung ကိုတော့ ပရိသတ်တွေသိကြမှာပါ။ မင်းသမီးကတော့ရုပ်ရည်ချောမောလှပသူအဖြစ် ချီးကျူးခံထားရတာဖြစ်ပြီး မကြာသေးခင်ရက်ပိုင်းက သူ့ရဲ့ငယ်ဘဝပုံရိပ်တစ်ခုကတက်လာခဲ့ပြီး လူပြောများခဲ့ပါတယ်။


မကြာသေးခင်ရက်ပိုင်းကတော့ Go Yoon Jung ရဲ့အထက်တန်းကျောင်းကပုံတစ်ခုဟာပျံ့နှံ့လာခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ လက်ရှိရုပ်ရည်ဟာ ပလတ်စတစ်ဆာဂျရီလုပ်ထားတာဖြစ်နိုင်တယ်ဆိုပြီး ပြောဆိုမှုတွေရှိနေတာပါ။ အခုဆိုရင်တော့ မင်းသမီးရဲ့အေဂျင်စီဟာ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး တရားဝင်စာထုတ်ခဲ့တာပဲ ဖြစ်ပါတယ်။


ပျံ့နှံ့လာတဲ့အထက်တန်းကျောင်းပုံရိပ်ဟာလည်း တည်းဖြတ်ထားခဲ့တဲ့ပုံတစ်ခုဖြစ်ပြီး မင်းသမီးနဲ့ပတ်သက်ပြီးဆိုးဝါးတဲ့မှတ်ချက်တွေကို ရေးသားသူတွေကို ဥပဒေအရအရေးယူမယ်လို့ MMA Entertainment က ထုတ်ပြန်ကြေညာခဲ့တာပဲ ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

အသေရဖ်က္ခဲ့သူေတြကို ျပင္းထန္စြာအေရးယူမယ္လို႔ေၾကညာလိုက္တဲ့ Go Yoon Jung ေအဂ်င္စီ
လက္ရွိအခ်ိန္မွာ Alchemy of Souls မွာပါဝင္သ႐ုပ္ေဆာင္ထားတဲ့မင္းသမီး Go Yoon Jung ကိုေတာ့ ပရိသတ္ေတြသိၾကမွာပါ။ မင္းသမီးကေတာ့႐ုပ္ရည္ေခ်ာေမာလွပသူအျဖစ္ ခ်ီးက်ဴးခံထားရတာျဖစ္ၿပီး မၾကာေသးခင္ရက္ပိုင္းက သူ႔ရဲ႕ငယ္ဘဝပုံရိပ္တစ္ခုကတက္လာခဲ့ၿပီး လူေျပာမ်ားခဲ့ပါတယ္။


မၾကာေသးခင္ရက္ပိုင္းကေတာ့ Go Yoon Jung ရဲ႕အထက္တန္းေက်ာင္းကပုံတစ္ခုဟာပ်ံ႕ႏွံ႔လာခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ လက္ရွိ႐ုပ္ရည္ဟာ ပလတ္စတစ္ဆာဂ်ရီလုပ္ထားတာျဖစ္ႏိုင္တယ္ဆိုၿပီး ေျပာဆိုမႈေတြရွိေနတာပါ။ အခုဆိုရင္ေတာ့ မင္းသမီးရဲ႕ေအဂ်င္စီဟာ ဒီအေၾကာင္းအရာနဲ႔ပတ္သက္ၿပီး တရားဝင္စာထုတ္ခဲ့တာပဲ ျဖစ္ပါတယ္။


ပ်ံ႕ႏွံ႔လာတဲ့အထက္တန္းေက်ာင္းပုံရိပ္ဟာလည္း တည္းျဖတ္ထားခဲ့တဲ့ပုံတစ္ခုျဖစ္ၿပီး မင္းသမီးနဲ႔ပတ္သက္ၿပီးဆိုးဝါးတဲ့မွတ္ခ်က္ေတြကို ေရးသားသူေတြကို ဥပေဒအရအေရးယူမယ္လို႔ MMA Entertainment က ထုတ္ျပန္ေၾကညာခဲ့တာပဲ ျဖစ္ပါတယ္။