Island ဒရမ်မာမှာဘုန်းတော်ကြီးဇာတ်ရုပ်နဲ့ခန့်ညားလွန်းတာကြောင့် ယောကျာ်းလေးချင်းတောင်မှချီးကျူးခံခဲ့ရတဲ့ Cha Eun Woo

မင်းသားချော Cha Eun Woo ကတော့ အိုင်ဒေါတစ်ယောက်လည်းဖြစ်ပြီး သရုပ်ဆောင်အနေနဲ့ဒရမ်မာဇာတ်လမ်းတွဲတွေနဲ့အောင်မြင်ကျော်ကြားသူပါ။ သူကတော့ လက်ရှိမှာ Island ဆိုတဲ့ စိတ်ကူးယဉ်စွန့်စားခန်းဒရမ်မာတစ်ခုမှာ ပါဝင်ထားတာလည်း ဖြစ်ပါတယ် ။


Island ဒရမ်မာကတော့ ဂျယ်ဂျူကျွန်းကိုအခြေတည်ထားပြီး ကမ္ဘာကိုရန်ပြုမယ့်မကောင်းဆိုးဝါးတွေကို ရင်ဆိုတိုက်ခိုက်မယ့်လူသုံးဦးအကြောင်းကို ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားမှာတော့ မင်းသားဟာ ဘုန်းတော်ကြီးတစ်ယောက်အဖြစ်ပါဝင်ထားတာဖြစ်ပါတယ်။လက်ရှိမှာတော့ အပိုင်း(၂)အထိထုတ်လွှင့်ထားတာဖြစ်ပြီး ထူးခြားတဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားတဲ့မင်းသားကတော့ ဇာတ်ဝင်ခန်းထဲမှာဘုန်းတော်ကြီးဝတ်စုံနဲ့လည်း ခန့်ညားနေတာကြောင့် ချီးကျူးမှုများရရှိနေပြန်တာပါ။


တောင်ကိုရီးယားနိုင်ငံရဲ့အမျိုးသားတွေအသုံးပြုမှုများတဲ့အွန်လိုင်းအသိုင်းအဝိုင်းတစ်ခုမှာတော့ နာမည်ကျော်မင်းသား Kang Dong Won နဲ့ခိုင်းနှိုင်းပြီးတော့ “အမြဲချောမောနေတာကတော့ Kang Dong Won ရဲ့ခြေရာကိုလိုက်တာပဲ” “ငါလည်း အမျိုးသားတစ်ယောက်ပဲ။ ဒါပေမဲ့သူ့ကိုတော့ ကြွေသွားတယ်” စသဖြင့် မှတ်ချက်တွေရေးသားခဲ့ကြတာပါ။ ချောမောတဲ့ရုပ်ရည်ကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော်မင်းသားကတော့ အမျိုးသားတွေရဲ့ချီးကျူးမှုတွေလည်း ရရှိခဲ့ပြန်တာဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

Island ဒရမ္မာမွာဘုန္းေတာ္ႀကီးဇာတ္႐ုပ္နဲ႔ခန႔္ညားလြန္းတာေၾကာင့္ ေယာက်ာ္းေလးခ်င္းေတာင္မွခ်ီးက်ဴးခံခဲ့ရတဲ့ Cha Eun Woo
မင္းသားေခ်ာ Cha Eun Woo ကေတာ့ အိုင္ေဒါတစ္ေယာက္လည္းျဖစ္ၿပီး သ႐ုပ္ေဆာင္အေနနဲ႔ဒရမ္မာဇာတ္လမ္းတြဲေတြနဲ႔ေအာင္ျမင္ေက်ာ္ၾကားသူပါ။ သူကေတာ့ လက္ရွိမွာ Island ဆိုတဲ့ စိတ္ကူးယဥ္စြန႔္စားခန္းဒရမ္မာတစ္ခုမွာ ပါဝင္ထားတာလည္း ျဖစ္ပါတယ္ ။

Island ဒရမ္မာကေတာ့ ဂ်ယ္ဂ်ဴကြၽန္းကိုအေျခတည္ထားၿပီး ကမာၻကိုရန္ျပဳမယ့္မေကာင္းဆိုးဝါးေတြကို ရင္ဆိုတိုက္ခိုက္မယ့္လူသုံးဦးအေၾကာင္းကို ႐ိုက္ကူးထားတာပါ။ ဒီဇာတ္ကားမွာေတာ့ မင္းသားဟာ ဘုန္းေတာ္ႀကီးတစ္ေယာက္အျဖစ္ပါဝင္ထားတာျဖစ္ပါတယ္။လက္ရွိမွာေတာ့ အပိုင္း(၂)အထိထုတ္လႊင့္ထားတာျဖစ္ၿပီး ထူးျခားတဲ့႐ုပ္ရည္ကိုပိုင္ဆိုင္ထားတဲ့မင္းသားကေတာ့ ဇာတ္ဝင္ခန္းထဲမွာဘုန္းေတာ္ႀကီးဝတ္စုံနဲ႔လည္း ခန႔္ညားေနတာေၾကာင့္ ခ်ီးက်ဴးမႈမ်ားရရွိေနျပန္တာပါ။


ေတာင္ကိုရီးယားႏိုင္ငံရဲ႕အမ်ိဳးသားေတြအသုံးျပဳမႈမ်ားတဲ့အြန္လိုင္းအသိုင္းအဝိုင္းတစ္ခုမွာေတာ့ နာမည္ေက်ာ္မင္းသား Kang Dong Won နဲ႔ခိုင္းႏႈိင္းၿပီးေတာ့ “အၿမဲေခ်ာေမာေနတာကေတာ့ Kang Dong Won ရဲ႕ေျခရာကိုလိုက္တာပဲ” “ငါလည္း အမ်ိဳးသားတစ္ေယာက္ပဲ။ ဒါေပမဲ့သူ႔ကိုေတာ့ ေႂကြသြားတယ္” စသျဖင့္ မွတ္ခ်က္ေတြေရးသားခဲ့ၾကတာပါ။ ေခ်ာေမာတဲ့႐ုပ္ရည္ေၾကာင့္ ႏႈတ္ခမ္းနီမေလးေတြရဲ႕အသည္းေက်ာ္မင္းသားကေတာ့ အမ်ိဳးသားေတြရဲ႕ခ်ီးက်ဴးမႈေတြလည္း ရရွိခဲ့ျပန္တာျဖစ္ပါတယ္။

Check Also

ဇနီးလောင်း Lee Da In ကို ဘာကြောင့်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတာကို ပြောပြခဲ့တဲ့ မင်းသား Lee Seung Gi

Lee Seung Gi နဲ့ Lee Da In တို့နှစ်ဦးကတော့ ချစ်သူတွေဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုမှာ ရွှေလက်တွဲတော့မှာပဲ ဖြစ်ပါတယ်။ ချစ်သူနှစ်ဦးကတော့ ဧပြီလမှာလက်ထပ်ပွဲကျင်းပသွားမှာ ဖြစ်တယ်လို့ …

x