ဇာတ်သိမ်းပိုင်းမှာကြည့်ရှုနှုန်းအမြင့်ဆုံးရရှိခဲ့တဲ့ Alchemy of Souls: Light and Shadow

Posted on

အခုဆိုရင်တော့ Alchemy of Souls: Light and Shadow ဇာတ်လမ်းတွဲဟာ အပိုင်း(၁၀) ဇာတ်သိမ်းပိုင်းကိုထုတ်လွှင့်ပြီးခဲ့ပြီ ဖြစ်ပါတယ်။ Alchemy of Souls ကတော့ စိတ်ကူးယဉ်ဒရမ်မာအမျိုးအစားဖြစ်ပြီး ပရိသတ်တွေကြိုက်နှစ်သက်ရတဲ့ဇာတ်လမ်းတွဲတစ်ခုလည်း ဖြစ်ပါတယ်။


ဇာတ်လမ်းဇာတ်အိမ်နဲ့အတူ အဓိကဇာတ်ဆောင်တွေဖြစ်တဲ့ မင်းသား Lee Jae Wook နဲ့ Go Yoon Jung တို့ကတော့ အတွဲညီညီနဲ့သရုပ်ဆောင်ခဲ့တာကြောင့် ပရိသတ်တွေအကြိုက်နဲ့ထပ်တူကျခဲ့ပါတယ်။ Nielsen Korea ဇာတ်သိမ်းပိုင်းထုတ်လွှင့်ချိန်မှာ ပရိသတ်ကြည့်ရှုနှုန်းဟာ (9.7%) အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။ကြည့်ရှုနှုန်းကတော့ ပြသခဲ့တဲ့ Part 1 အပါအဝင်ကိုယ်ပိုင်စံချိန်အသစ်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။


ပရိသတ်တွေကတော့ အပိုင်းများစွာထုတ်လွှင့်တဲ့ဒရမ်မာတွေရဲ့ဇာတ်သိမ်းပိုင်းတွေနဲ့ပတ်သက်ပြီး အမျိုးမျိုးမှတ်ချက်ပြုကြတာပါ။ ပရိသတ်ကြီးကရော Alchemy of Souls: Light and Shadow ရဲ့ဇာတ်သိမ်းပိုင်းနဲ့ပတ်သက်ပြီး ကြိုက်နှစ်သက်ခဲ့လားနော်။
Zawgyi ဖြင့်ဖတ်ရန်

ဇာတ္သိမ္းပိုင္းမွာၾကည့္ရႈႏႈန္းအျမင့္ဆုံးရရွိခဲ့တဲ့ Alchemy of Souls: Light and Shadow
အခုဆိုရင္ေတာ့ Alchemy of Souls: Light and Shadow ဇာတ္လမ္းတြဲဟာ အပိုင္း(၁၀) ဇာတ္သိမ္းပိုင္းကိုထုတ္လႊင့္ၿပီးခဲ့ၿပီ ျဖစ္ပါတယ္။ Alchemy of Souls ကေတာ့ စိတ္ကူးယဥ္ဒရမ္မာအမ်ိဳးအစားျဖစ္ၿပီး ပရိသတ္ေတြႀကိဳက္ႏွစ္သက္ရတဲ့ဇာတ္လမ္းတြဲတစ္ခုလည္း ျဖစ္ပါတယ္။


ဇာတ္လမ္းဇာတ္အိမ္နဲ႔အတူ အဓိကဇာတ္ေဆာင္ေတြျဖစ္တဲ့ မင္းသား Lee Jae Wook နဲ႔ Go Yoon Jung တို႔ကေတာ့ အတြဲညီညီနဲ႔သ႐ုပ္ေဆာင္ခဲ့တာေၾကာင့္ ပရိသတ္ေတြအႀကိဳက္နဲ႔ထပ္တူက်ခဲ့ပါတယ္။ Nielsen Korea ဇာတ္သိမ္းပိုင္းထုတ္လႊင့္ခ်ိန္မွာ ပရိသတ္ၾကည့္ရႈႏႈန္းဟာ (9.7%) အထိ ရွိခဲ့တယ္လို႔ ဆိုပါတယ္။ၾကည့္ရႈႏႈန္းကေတာ့ ျပသခဲ့တဲ့ Part 1 အပါအဝင္ကိုယ္ပိုင္စံခ်ိန္အသစ္ရရွိခဲ့တာလည္း ျဖစ္ပါတယ္။


ပရိသတ္ေတြကေတာ့ အပိုင္းမ်ားစြာထုတ္လႊင့္တဲ့ဒရမ္မာေတြရဲ႕ဇာတ္သိမ္းပိုင္းေတြနဲ႔ပတ္သက္ၿပီး အမ်ိဳးမ်ိဳးမွတ္ခ်က္ျပဳၾကတာပါ။ ပရိသတ္ႀကီးကေရာ Alchemy of Souls: Light and Shadow ရဲ႕ဇာတ္သိမ္းပိုင္းနဲ႔ပတ္သက္ၿပီး ႀကိဳက္ႏွစ္သက္ခဲ့လားေနာ္။