HyunA နဲ့ Dawn တို့နှစ်ဦးကတော့ ပရိသတ်တွေအားကျရတဲ့အိုင်ဒေါစုံတွဲတစ်တွဲ ဖြစ်ခဲ့ပါတယ်။ သူတို့နှစ်ဦးကတော့ မကြာသေးခင်ကလမ်းခွဲပြတ်စဲကြောင်း အတိအလင်းကြေညာထားတာဖြစ်ပြီး အခုဆိုရင်ပြန်လည်တွဲခုတ်နေကြတယ်လို့ သတင်းများထွက်ရှိခဲ့ပါတယ်။
မကြာသေးခင်ကတော့ HyunA နဲ့ Dawn တို့နှစ်ဦးစလုံးဟာ နှုတ်ခမ်းကိုဖောက်ပြီးအလှဆင်တာကို ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့အခုလိုအပြုအမူကြောင့် ပြန်တွဲနေကြပြီလို့သတင်းတွေထွက်လာခဲ့တာဖြစ်ပြီး ဒီသတင်းဟာအတော်လေးပျံ့နှံ့သွားခဲ့တာပါ။ ဇန်နဝါရီလ(၁၀)ရက်နေ့မှာတော့ နှစ်ဖက်စလုံးကတော့ ဒီသတင်းကိုငြင်းဆိုထားခဲ့ပါတယ်။
သူတို့နှစ်ဦးဟာချစ်သူအဖြစ်ကပြတ်စဲပြီးနောက် သူငယ်ချင်းကောင်းတွေအဖြစ် ဆက်လက်ရှိနေတာဖြစ်ပြီး တစ်ခါတရံမှာအတူစားသောက်ဆိုင်သွားတာမျိုးရှိပေမဲ့ ပြန်လည်ပြီးတော့ ဒိတ်တင်လုပ်နေတာမျိုးမရှိဘူးလို့ ဆိုပါတယ်။ HyunA နဲ့ Dawn တို့နှစ်ဦးကတော့ စေ့စပ်ထားတဲ့ချစ်သူတွေလည်းဖြစ်ပြီး (၆) နှစ်ကြာတွဲခဲ့ကာနိုဝင်ဘာ(၂၀၂၂) မှာ လမ်းခွဲခဲ့ပြီ ဖြစ်ကြောင်းကြေညာခဲ့ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်
ျပန္တြဲေနၾကၿပီဆိုခဲ့ေကာလာဟလေတြကို တုံျပန္ခဲ့တဲ့ HyunA နဲ႔ Dawn တို႔ႏွစ္ဦး
HyunA နဲ႔ Dawn တို႔ႏွစ္ဦးကေတာ့ ပရိသတ္ေတြအားက်ရတဲ့အိုင္ေဒါစုံတြဲတစ္တြဲ ျဖစ္ခဲ့ပါတယ္။ သူတို႔ႏွစ္ဦးကေတာ့ မျကာေသးခင္ကလမ္းခြဲျပတ္စဲေၾကာင္း အတိအလင္းေၾကညာထားတာျဖစ္ၿပီး အခုဆိုရင္ျပန္လည္တြဲခုတ္ေနၾကတယ္လို႔ သတင္းမ်ားထြက္ရွိခဲ့ပါတယ္။
မၾကာေသးခင္ကေတာ့ HyunA နဲ႔ Dawn တို႔ႏွစ္ဦးစလုံးဟာ ႏႈတ္ခမ္းကိုေဖာက္ၿပီးအလွဆင္တာကို ျပဳလုပ္ခဲ့ၾကတာျဖစ္ပါတယ္။ သူတို႔ႏွစ္ဦးရဲ႕အခုလိုအျပဳအမူေၾကာင့္ ျပန္တြဲေနၾကၿပီလို႔သတင္းေတြထြက္လာခဲ့တာျဖစ္ၿပီး ဒီသတင္းဟာအေတာ္ေလးပ်ံ႕ႏွံ႔သြားခဲ့တာပါ။ ဇန္နဝါရီလ(၁၀)ရက္ေန႔မွာေတာ့ ႏွစ္ဖက္စလုံးကေတာ့ ဒီသတင္းကိုျငင္းဆိုထားခဲ့ပါတယ္။
သူတို႔ႏွစ္ဦးဟာခ်စ္သူအျဖစ္ကျပတ္စဲၿပီးေနာက္ သူငယ္ခ်င္းေကာင္းေတြအျဖစ္ ဆက္လက္ရွိေနတာျဖစ္ၿပီး တစ္ခါတရံမွာအတူစားေသာက္ဆိုင္သြားတာမ်ိဳးရွိေပမဲ့ ျပန္လည္ျပီးေတာ့ ဒိတ္တင္လုပ္ေနတာမ်ိဳးမရွိဘူးလို႔ ဆိုပါတယ္။ HyunA နဲ႔ Dawn တို႔ႏွစ္ဦးကေတာ့ ေစ့စပ္ထားတဲ့ခ်စ္သူေတြလည္းျဖစ္ၿပီး (၆) ႏွစ္ၾကာတြဲခဲ့ကာႏိုဝင္ဘာ(၂၀၂၂) မွာ လမ္းခြဲခဲ့ၿပီ ျဖစ္ေၾကာင္းေၾကညာခဲ့ပါတယ္။