ရုပ်ရှင်ဇာတ်ကားသစ် “Well Done” မှာ မြင်တွေ့ရမယ့် Yoo Seon Ho ၊ Kang Mina နဲ့ Yoo In Soo

Posted on

အခုတစ်ခါမှာတော့ ကျောင်းသားအက်ရှင်ဇာတ်ကားသစ်တစ်ခုမှာ မျက်နှာသစ်တွေကို မြင်တွေ့ရမှာပါ။ ရုပ်ရှင်နာမည်ကတော့ “Well Done” ဖြစ်ပြီး ဘဝရည်မှန်းချက်မရှိတဲ့ကောင်လေးတစ်ဦးဟာ ငွေရဲ့အရှိန်အဝါကိုရရှိလာတဲ့အခါမှာပြောင်းလဲသွားတဲ့အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။


ဒီဇာတ်ကားမှာတော့ Yoo Seon Ho ၊ Kang Mina နဲ့ Yoo In Soo စတဲ့ တက်သစ်စသရုပ်ဆောင်တွေကို တစ်စုတစ်စည်းတည်းတွေ့ရမှာလည်း ဖြစ်ပါတယ်။မင်းသား Yoo Seon Ho ကိုတော့ဒရမ်မာအချို့မှာမြင်တွေ့ဖူးကြမှာဖြစ်ပြီး “Under the Queen’s Umbrella” ဒရမ်မာနဲ့အတူပရိသတ်တွေရဲ့အသိအမှတ်ပြုမှုကိုရရှိထားတဲ့ တက်သစ်စမင်းသားတစ်လက်ဖြစ်ပါတယ်။


Kang Mina ကတော့ “Moonshine” နဲ့ “Café Minamdang” စတဲ့ဇာတ်ကားတွေမှာပါဝင်ပြီး 2022 KBS Drama Awards မှာ Rookie of the Year ဆုကို ရရှိနိုင်ခဲ့တာပါ။ Yoo In Soo ဟာလည်းပဲ အလွန်နာမည်ကြီးခဲ့တဲ့ “All of Us Are Dead” မှာပါဝင်ခဲ့တဲ့အပြင် “Alchemy of Souls” ဒရမ်မာမှာလည်း ပါဝင်ခဲ့ဖူးပါတယ်။ တက်သစ်စတွေနဲ့အတူထွက်ရှိလာမယ့် ဒီဇာတ်ကားသစ်ကိုတော့ ဒီလအတွင်းမှာစတင်ရိုက်ကူးမယ်လို့သိရပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

႐ုပ္ရွင္ဇာတ္ကားသစ္ “Well Done” မွာ ျမင္ေတြ႕ရမယ့္ Yoo Seon Ho ၊ Kang Mina နဲ႔ Yoo In Soo
အခုတစ္ခါမွာေတာ့ ေက်ာင္းသားအက္ရွင္ဇာတ္ကားသစ္တစ္ခုမွာ မ်က္ႏွာသစ္ေတြကို ျမင္ေတြ႕ရမွာပါ။ ႐ုပ္ရွင္နာမည္ကေတာ့ “Well Done” ျဖစ္ၿပီး ဘဝရည္မွန္းခ်က္မရွိတဲ့ေကာင္ေလးတစ္ဦးဟာ ေငြရဲ႕အရွိန္အဝါကိုရရွိလာတဲ့အခါမွာေျပာင္းလဲသြားတဲ့အေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။


ဒီဇာတ္ကားမွာေတာ့ Yoo Seon Ho ၊ Kang Mina နဲ႔ Yoo In Soo စတဲ့ တက္သစ္စသ႐ုပ္ေဆာင္ေတြကို တစ္စုတစ္စည္းတည္းေတြ႕ရမွာလည္း ျဖစ္ပါတယ္။မင္းသား Yoo Seon Ho ကိုေတာ့ဒရမ္မာအခ်ိဳ႕မွာျမင္ေတြ႕ဖူးၾကမွာျဖစ္ၿပီး “Under the Queen’s Umbrella” ဒရမ္မာနဲ႔အတူပရိသတ္ေတြရဲ႕အသိအမွတ္ျပဳမႈကိုရရွိထားတဲ့ တက္သစ္စမင္းသားတစ္လက္ျဖစ္ပါတယ္။


Kang Mina ကေတာ့ “Moonshine” နဲ႔ “Café Minamdang” စတဲ့ဇာတ္ကားေတြမွာပါဝင္ၿပီး 2022 KBS Drama Awards မွာ Rookie of the Year ဆုကို ရရွိႏိုင္ခဲ့တာပါ။ Yoo In Soo ဟာလည္းပဲ အလြန္နာမည္ႀကီးခဲ့တဲ့ “All of Us Are Dead” မွာပါဝင္ခဲ့တဲ့အျပင္ “Alchemy of Souls” ဒရမ္မာမွာလည္း ပါဝင္ခဲ့ဖူးပါတယ္။ တက္သစ္စေတြနဲ႔အတူထြက္ရွိလာမယ့္ ဒီဇာတ္ကားသစ္ကိုေတာ့ ဒီလအတြင္းမွာစတင္႐ိုက္ကူးမယ္လို႔သိရပါတယ္။