(၄) နှစ်ကြာပြီးနောက် ဒရမ်မာဇာတ်လမ်းတွဲသစ်နဲ့ပရိသတ်တွေဆီပြန်လာမယ့် မင်းသမီး Han Ye Seul

Posted on

စတိုင်ကျတဲ့အမိုက်စားမော်ဒယ်လ်၊မင်းသမီးတစ်ယောက်ဖြစ်တဲ့ Han Ye Seul ကိုတော့ ပရိသတ်တွေသိကြမှာပါ။ သူကတော့ (၂၀၁၉) ခုနှစ်မှာထွက်ရှိခဲ့တဲ့ Big Issue ပြီးနောက်မှာ ဒရမ်မာရိုက်ကူးမှုမရှိခဲ့တာကြောင့် (၄) နှစ်ကြာပြီးမှဖန်သားပြင်မှာပြန်လည်မြင်တွေ့ရတာလည်း ဖြစ်ပါတယ်။


မင်းသမီးဟာ ဒရမ်မာရိုက်ကူးမှုတွေကရပ်နားထားပေမယ့် You Tube Creator အဖြစ် အလုပ်တွေလုပ်နေတာလည်း ဖြစ်ပါတယ်။ Han Ye Seul ကတော့ ထွက်ရှိလာမယ့် A Queen Lives in Seoul ဆိုတဲ့ဒရမ်မာမှာပါဝင်ဖို့အတွက် ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။ မင်းသမီးကတော့ ဒီဇာတ်လမ်းမှာ နံပါတ်တစ်နေရာမှာရရှိဖို့အတွက်အပြင်းအထန်ကြိုးစားကာနေ့ရက်တိုင်းကိုစစ်ပွဲတစ်ခုလိုရှင်သန်နေတဲ့ ဖက်ရှင်မဂ္ဂဇင်းရဲ့သတင်းထောက်ချုပ်တစ်ယောက်နေရာကပါဝင်ထားတာ ဖြစ်ပါတယ်။

သူကတော့ ခက်ခဲတဲ့ဘဝအခြေအနေတွေကို စိတ်အားထက်သန်မှုနဲ့အတူအကောင်းဘက်ကိုပြုပြင်ပြောင်းလဲခဲ့ထက်မြက်တဲ့အမျိုးသမီးသတင်းထောက်လည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ A Queen Lives in Seoul ဒရမ်မာနဲ့ပတ်သက်ပြီးမင်းသမီးဟာ အပြုသဘောဆောင်သုံးသပ်မှုတွေလုပ်နေတယ်လို့ သိရပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

(၄) ႏွစ္ၾကာၿပီးေနာက္ ဒရမ္မာဇာတ္လမ္းတြဲသစ္နဲ႔ပရိသတ္ေတြဆီျပန္လာမယ့္ မင္းသမီး Han Ye Seul
စတိုင္က်တဲ့အမိုက္စားေမာ္ဒယ္လ္၊မင္းသမီးတစ္ေယာက္ျဖစ္တဲ့ Han Ye Seul ကိုေတာ့ ပရိသတ္ေတြသိၾကမွာပါ။ သူကေတာ့ (၂၀၁၉) ခုႏွစ္မွာထြက္ရွိခဲ့တဲ့ Big Issue ၿပီးေနာက္မွာ ဒရမ္မာ႐ိုက္ကူးမႈမရွိခဲ့တာေၾကာင့္ (၄) ႏွစ္ၾကာၿပီးမွဖန္သားျပင္မွာျပန္လည္ျမင္ေတြ႕ရတာလည္း ျဖစ္ပါတယ္။


မင္းသမီးဟာ ဒရမ္မာ႐ိုက္ကူးမႈေတြကရပ္နားထားေပမယ့္ You Tube Creator အျဖစ္ အလုပ္ေတြလုပ္ေနတာလည္း ျဖစ္ပါတယ္။ Han Ye Seul ကေတာ့ ထြက္ရွိလာမယ့္ A Queen Lives in Seoul ဆိုတဲ့ဒရမ္မာမွာပါဝင္ဖို႔အတြက္ ေဆြးေႏြးမႈေတြျပဳလုပ္ေနတယ္လို႔ သိရပါတယ္။ မင္းသမီးကေတာ့ ဒီဇာတ္လမ္းမွာ နံပါတ္တစ္ေနရာမွာရရွိဖို႔အတြက္အျပင္းအထန္ႀကိဳးစားကာေန႔ရက္တိုင္းကိုစစ္ပြဲတစ္ခုလိုရွင္သန္ေနတဲ့ ဖက္ရွင္မဂၢဇင္းရဲ႕သတင္းေထာက္ခ်ဳပ္တစ္ေယာက္ေနရာကပါဝင္ထားတာ ျဖစ္ပါတယ္။


သူကေတာ့ ခက္ခဲတဲ့ဘဝအေျခအေနေတြကို စိတ္အားထက္သန္မႈနဲ႔အတူအေကာင္းဘက္ကိုျပဳျပင္ေျပာင္းလဲခဲ့ထက္ျမက္တဲ့အမ်ိဳးသမီးသတင္းေထာက္လည္း ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ A Queen Lives in Seoul ဒရမ္မာနဲ႔ပတ္သက္ၿပီးမင္းသမီးဟာ အျပဳသေဘာေဆာင္သုံးသပ္မႈေတြလုပ္ေနတယ္လို႔ သိရပါတယ္။