NCT အဖွဲ့ဝင် Taeyong နဲ့တွဲနေတယ်ဆိုတဲ့ကောလာဟလတွေကို ဖြေရှင်းခဲ့တဲ့ မင်းသမီး Park Ju Hyun
Posted on
မင်းသမီး Park Ju Hyun နဲ့ NCT အဖွဲ့ဝင် Taeyong တို့နှစ်ဦးဟာ ဒိတ်နေကြတယ်ဆိုပြီးသတင်းတွေဟာ ထွက်ပေါ်လာခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ အွန်လိုင်းဂိမ်းဆော့ကစားခြင်းကဲ့သို့ဝါသနာတူတာတွေရှိပြီး NCT 127 ရဲ့ဖျော်ဖြေပွဲကို Park Ju Hyun ဟာသွားရောက်ခဲ့ကာ မိသားစုဝင်တွေအတွက်သီးသန့်နေရာမှာရှိခဲ့တယ်လို့ သိရပါတယ်။
ဒီလိုကောလဟာလတွေထွက်ရှိလာပြီးနောက်မှာ မင်းသမီး Park Ju Hyun ရဲ့အေဂျင်စီကနေပြီးတော့ ငြင်းဆိုလိုက်ပါတယ်။ “Park Ju Hyun နဲ့NCT Taeyong တို့ဟာ သူငယ်ချင်းတွေသာဖြစ်ပါတယ်။” လို့ ဆိုပါတယ်။ ဒါ့အပြင် Taeyong နဲ့ရိုက်ကူးထားတဲ့ပုံနဲ့ပတ်သက်ပြီးတော့လည်း “မင်းသမီးဟာ အဆိုတော်သရုပ်ဆောင်IU ရဲ့ဖျော်ဖြေပွဲကိုလည်းသွားခဲ့ပြီး ပုံလည်းတင်ထားခဲ့တယ်။ သူဟာအခြားဖျော်ဖြေပွဲတွေသွားခဲ့တာကို မျှခေဝခဲ့ပြီးတော့ သက်သေပြခဲ့ပြီးပါပြီ” လို့ ဆိုထားပါတယ်။
“မင်းသမီးဟာ Taeyong နဲ့အွန်လိုင်းဂိမ်းကိုစိတ်ဝင်စားတာခြင်းတူပေမဲ့ အခြားပတ်သက်မှုမရှိပါဘူး။ သူဟာ လူမှုဆက်ဆံရေးကောင်းမွန်ပြီးတက်ကြွတဲ့သူဖြစ်တာကြောင့် ကျယ်ပြန့်တဲ့လူမှုဆက်ဆံရေးကွန်ယက်ကိုထိန်းသိမ်းထားတယ်” စသဖြင့် ဖြေရှင်းခဲ့ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်