ဇာတ်ဝင်ခန်းတစ်ခန်းအတွက်ဝမ်သန်းရာချီရတဲ့ The Glory ဒရမ်မာရဲ့နာမည်ကြီးစာရေးဆရာမ Kim Eun Sook

Posted on

ကိုရီးယားဒရမ်မာတွေဟာနိုင်ငံတကာမှာနာမည်ကြီးလာတာနဲ့အတူ နာမည်ကျော်ဒရမ်မာဇာတ်လမ်းတွေကိုရေးသားတဲ့စာရေးဆရာမတွေကလည်း ဝင်ငွေသောက်သောက်လဲရရှိနေတာပါ။ နာမည်ကျော်စာရေးဆရာမ Kim Eun Sook ရဲ့ဝင်ငွေနဲ့ပတ်သက်ပြီးတော့လည်း အွန်လိုင်းမှာလူပြောများလာခဲ့ပါတယ်။


စာရေးဆရာမ Kim Eun Sook ကတော့ လက်ရှိပြသနေတဲ့ The Glory အပြင် ‘Lovers in Paris’၊ ‘Secret Garden’၊ ‘Goblin’ စတဲ့နာမည်ကျော်ဒရမ်မာဇာတ်လမ်းတွဲတွေကို ရေးသားခဲ့တဲ့သူပါ။ သူကတော့ ဇာတ်ဝင်ခန်းတစ်ခုအတွက် ကိုရီးယားဝမ်သန်း၁၀၀ (ကန်ဒေါ်လာ ၈၀,၀၀၀) ကျော်ရရှိတာလည်း ဖြစ်ပါတယ်။ သူ့ကိုတော့ (၂၀၁၉) ခုနှစ်မှာလည်း ဒရမ်မာဇာတ်ညွှန်းရေးတဲ့သူတွေထဲမှာဝင်ငွေအမြင့်ဆုံးရရှိတဲ့သူတွေထဲကတစ်ယောက်လို့ သတင်းထောက်တွေကဆိုပါတယ်။


နာမည်ကျော်ကြားလှတဲ့စာရေးဆရာမKim Eun Sook ကတော့ အောက်ခြေကနေစပြီးကြိုးစားခဲ့ရသူပါ။ တက္ကသိုလ်တက်စဉ်ကတည်းက ကျူရှင်ခတွေလိုအပ်ခဲ့တာကြောင့်အတန်းဖော်တွေထက်(၅)နှစ်နောက်ကျပြီးမှ တက္ကသိုလ်တက်ခဲ့ရတာ ဖြစ်ပါတယ်။ ဘွဲ့ရပြီးနောက်မှာ ပြဇာတ်တွေကိုငွေကြေးမယူဘဲရေးသားခဲ့ပြီး Lovers in Paris ရေးသားခဲ့ချိန်မှာတော့ ဝမ်သန်း(၃၀) ရရှိခဲ့ပါတယ်။


သူကတော့နာမည်ကျော်ကြားခဲ့တဲ့ Goblin ဇာတ်လမ်းအတွက်လည်း ဝမ်သန်း(၇၀) ကနေ (၈၀) အထိ ရရှိခဲ့ပါတယ်။ အခုဆိုရင်တော့ ဇာတ်ဝင်ခန်းတစ်ခန်းအတွက် ဝမ်သန်း(၁၀၀) ရရှိတဲ့အထိအောင်မြင်နေပြီပဲ ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

ဇာတ္ဝင္ခန္းတစ္ခန္းအတြက္ဝမ္သန္းရာခ်ီရတဲ့ The Glory ဒရမ္မာရဲ႕နာမည္ႀကီးစာေရးဆရာမ Kim Eun Sook
ကိုရီးယားဒရမ္မာေတြဟာႏိုင္ငံတကာမွာနာမည္ႀကီးလာတာနဲ႔အတူ နာမည္ေက်ာ္ဒရမ္မာဇာတ္လမ္းေတြကိုေရးသားတဲ့စာေရးဆရာမေတြကလည္း ဝင္ေငြေသာက္ေသာက္လဲရရွိေနတာပါ။ နာမည္ေက်ာ္စာေရးဆရာမ Kim Eun Sook ရဲ႕ဝင္ေငြနဲ႔ပတ္သက္ၿပီးေတာ့လည္း အြန္လိုင္းမွာလူေျပာမ်ားလာခဲ့ပါတယ္။


စာေရးဆရာမ Kim Eun Sook ကေတာ့ လက္ရွိျပသေနတဲ့ The Glory အျပင္ ‘Lovers in Paris’၊ ‘Secret Garden’၊ ‘Goblin’ စတဲ့နာမည္ေက်ာ္ဒရမ္မာဇာတ္လမ္းတြဲေတြကို ေရးသားခဲ့တဲ့သူပါ။ သူကေတာ့ ဇာတ္ဝင္ခန္းတစ္ခုအတြက္ ကိုရီးယားဝမ္သန္း၁၀၀ (ကန္ေဒၚလာ ၈၀,၀၀၀) ေက်ာ္ရရွိတာလည္း ျဖစ္ပါတယ္။ သူ႔ကိုေတာ့ (၂၀၁၉) ခုႏွစ္မွာလည္း ဒရမ္မာဇာတ္ၫႊန္းေရးတဲ့သူေတြထဲမွာဝင္ေငြအျမင့္ဆုံးရရွိတဲ့သူေတြထဲကတစ္ေယာက္လို႔ သတင္းေထာက္ေတြကဆိုပါတယ္။


နာမည္ေက်ာ္ၾကားလွတဲ့စာေရးဆရာမKim Eun Sook ကေတာ့ ေအာက္ေျခကေနစၿပီးႀကိဳးစားခဲ့ရသူပါ။ တကၠသိုလ္တက္စဥ္ကတည္းက က်ဴရွင္ခေတြလိုအပ္ခဲ့တာေၾကာင့္အတန္းေဖာ္ေတြထက္(၅)ႏွစ္ေနာက္က်ၿပီးမွ တကၠသိုလ္တက္ခဲ့ရတာ ျဖစ္ပါတယ္။ ဘြဲ႕ရၿပီးေနာက္မွာ ျပဇာတ္ေတြကိုေငြေၾကးမယူဘဲေရးသားခဲ့ၿပီး Lovers in Paris ေရးသားခဲ့ခ်ိန္မွာေတာ့ ဝမ္သန္း(၃၀) ရရွိခဲ့ပါတယ္။


သူကေတာ့နာမည္ေက်ာ္ၾကားခဲ့တဲ့ Goblin ဇာတ္လမ္းအတြက္လည္း ဝမ္သန္း(၇၀) ကေန (၈၀) အထိ ရရွိခဲ့ပါတယ္။ အခုဆိုရင္ေတာ့ ဇာတ္ဝင္ခန္းတစ္ခန္းအတြက္ ဝမ္သန္း(၁၀၀) ရရွိတဲ့အထိေအာင္ျမင္ေနၿပီပဲ ျဖစ္ပါတယ္။