ဒရမ်မာသစ်မှာပါဝင်ဖို့ဆွေးနွေးနေတဲ့ Seo In Guk နဲ့ Park So Dam

Posted on

Seo In Guk နဲ့ Park So Dam တို့ဟာ ဒရမ်မာသစ်မှာ အတူပါဝင်သရုပ်ဆောင်နိုင်ဖွယ်ရှိပါတယ်။ သူတို့နှစ်ဦးရဲ့အေဂျင်စီတွေကတော့ Death’s Game ဆိုတဲ့ဇာတ်လမ်းတွဲမှာပါဝင်ဖို့အတွက်ကမ်းလှမ်းခံထားရပြီး အပြုသဘောဆောင်သုံးသပ်နေဆဲဖြစ်ကြောင်း အတည်ပြုထားပါတယ်။


“Death’s Game”ကတော့ ပေါ်ပြူလာဖြစ်ခဲ့တဲ့ webtoon ဇာတ်လမ်းတစ်ခုဖြစ်ပြီး သေဆုံးမှုကနေဘဝအသစ်ကိုစတင်ခဲ့တဲ့လူတစ်ယောက်ရဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ မင်းသား Kang Ha Neul ကတော့ Choi Yi Jae ဆိုတဲ့ဇာတ်ရုပ်အတွက်ကမ်းလှမ်းခဲ့သော်လည်း ညှိနှိုင်းမှုများပျက်သွားခဲ့ပါတယ်။ Seo In Guk ကတော့KBS2 ရဲ့ Café Minamdang ဆိုတဲ့ ဇာတ်လမ်းတွဲထဲမှာပါဝင်ထားပြီး Project Wolf Hunt လည်း ထွက်ရှိထားပါတယ်။


မင်းသမီးချော Park So Dam ကတော့ (၂၀၂၁) ဒီဇင်ဘာလမှာ သိုင်းရွိုင်ကင်ဆာကိုကုသခဲ့ကြောင်းအသိပေးခဲ့ပြီး ဖေဖော်ဝါရီလမှာပြန်လည်ကျန်းမာလာခဲ့ပြီဖြစ်ပါတယ်။ သူပါဝင်ထားတဲ့ Ghost ဇာတ်ကားကတော့ ဇန်နဝါရီလ(၁၈) ရက်နေ့မှာပြသတော့မှာ ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်




