ပြန်လည်မွေးဖွားခွင့်ရခဲ့ရင် Song Hye Kyo မဖြစ်ချင်ကြောင်းပြောလာတဲ့မင်းသမီး Song Hye Kyo

Posted on

မင်းသမီး Song Hye Kyo ကတော့ ELLE မဂ္ဂဇင်းနဲ့ရိုက်ကူးထားတဲ့လှပတဲ့မျက်နှာဖုံးပုံရိပ်တွေ မကြာသေးခင်ကထွက်ရှိထားပါသေးတယ်။ အခုဆိုရင်တော့ ပရိသတ်တွေမေးတဲ့မေးခွန်းတွေကို ELLE Korea မှာဖြေဆိုထားတာ ဖြစ်ပါတယ်။


သူကတော့ ပရိသတ်တွေမေးတဲ့မေးခွန်းများစွာကို သေချာဖြေဆိုပြခဲ့တာဖြစ်ပြီး သူ့ရဲ့စိတ်အပန်းဖြေတဲ့နည်းတွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။ သူကတော့ သူငယ်ချင်းတွေတိုင်းလိုလိုမှာခွေးလေးတွေမွေးထားတာဖြစ်ပြီး ခွေးလေးတွေအတွက်ဖြစ်တဲ့ puppy cottage ကိုသွားပြီး သူငယ်ချင်းတွေနဲ့ဝိုင်လေးသောက်ကာ စကားစမြည်ပြောတာမျိုသဘာဝကိုခံစားကြည့်ရှုပြီးသီချင်းတွေနားထောင်တဲ့နည်းလမ်းတွေနဲ့ စိတ်အပန်းဖြေလေ့ရှိတယ်လို့ ဆိုပါတယ်။ အသက်ကြီးလာတာနဲ့အမျှဆူညံတဲ့နေရာတွေကိုမကြိုက်တော့ဘဲတစ်နေရာတည်းမှာစကားထိုင်ပြောရတာကိုနှစ်သက်တယ်လို့ ဆိုထားပါတယ်။


ပရိသတ်တစ်ယောက်ကတော့ ပြန်လည်မွေးဖွားလာခဲ့ရင် Song Hye Kyo ဖြစ်ချင်လားဆိုတဲ့မေးခွန်းကို ချက်ချင်းဖြေဆိုခဲ့တာဖြစ်ပြီး “မဖြစ်ချင်ဘူး။ Song Hye Kyo အဖြစ်တစ်ကြိမ်နေထိုင်ပြီးပြီတစ်ခြားတစ်ယောက်အဖြစ်ကွဲပြားစွာမွေးဖွားလာချင်တယ်” လို့ ဆိုထားပါတယ်။ လျှမ်းလျှမ်းတောက်အောင်မြင်မှုတွေနဲ့ လူတိုင်းအားကျရတဲ့ဘဝမှာနေထိုင်နေရတဲ့မင်းသမီးကတော့ နောက်ဘဝကိုတစ်ခြားတစ်ယောက်အဖြစ်မွေးဖွားချင်တယ်လို့ဆိုထားတာကြောင့် လက်ရှိဘဝကိုမပျော်ရွှင်ဘူးလားလို့ မေးခွန်းထုတ်စရာဖြစ်လို့နေပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

ျပန္လည္ေမြးဖြားခြင့္ရခဲ့ရင္ Song Hye Kyo မျဖစ္ခ်င္ေၾကာင္းေျပာလာတဲ့မင္းသမီး Song Hye Kyo

မင္းသမီး Song Hye Kyo ကေတာ့ ELLE မဂၢဇင္းနဲ႔႐ိုက္ကူးထားတဲ့လွပတဲ့မ်က္ႏွာဖုံးပုံရိပ္ေတြ မၾကာေသးခင္ကထြက္ရွိထားပါေသးတယ္။ အခုဆိုရင္ေတာ့ ပရိသတ္ေတြေမးတဲ့ေမးခြန္းေတြကို ELLE Korea မွာေျဖဆိုထားတာ ျဖစ္ပါတယ္။


သူကေတာ့ ပရိသတ္ေတြေမးတဲ့ေမးခြန္းမ်ားစြာကို ေသခ်ာေျဖဆိုျပခဲ့တာျဖစ္ၿပီး သူ႔ရဲ႕စိတ္အပန္းေျဖတဲ့နည္းေတြကို ေျပာျပခဲ့တာ ျဖစ္ပါတယ္။ သူကေတာ့ သူငယ္ခ်င္းေတြတိုင္းလိုလိုမွာေခြးေလးေတြေမြးထားတာျဖစ္ၿပီး ေခြးေလးေတြအတြက္ျဖစ္တဲ့ puppy cottage ကိုသြားၿပီး သူငယ္ခ်င္းေတြနဲ႔ဝိုင္ေလးေသာက္ကာ စကားစျမည္ေျပာတာမ်ိဳသဘာဝကိုခံစားၾကည့္ရႈၿပီးသီခ်င္းေတြနားေထာင္တဲ့နည္းလမ္းေတြနဲ႔ စိတ္အပန္းေျဖေလ့ရွိတယ္လို႔ ဆိုပါတယ္။ အသက္ႀကီးလာတာနဲ႔အမွ်ဆူညံတဲ့ေနရာေတြကိုမႀကိဳက္ေတာ့ဘဲတစ္ေနရာတည္းမွာစကားထိုင္ေျပာရတာကိုႏွစ္သက္တယ္လို႔ ဆိုထားပါတယ္။


ပရိသတ္တစ္ေယာက္ကေတာ့ ျပန္လည္ေမြးဖြားလာခဲ့ရင္ Song Hye Kyo ျဖစ္ခ်င္လားဆိုတဲ့ေမးခြန္းကို ခ်က္ခ်င္းေျဖဆိုခဲ့တာျဖစ္ၿပီး “မျဖစ္ခ်င္ဘူး။ Song Hye Kyo အျဖစ္တစ္ႀကိမ္ေနထိုင္ၿပီးၿပီတစ္ျခားတစ္ေယာက္အျဖစ္ကြဲျပားစြာေမြးဖြားလာခ်င္တယ္” လို႔ ဆိုထားပါတယ္။ လွ်မ္းလွ်မ္းေတာက္ေအာင္ျမင္မႈေတြနဲ႔ လူတိုင္းအားက်ရတဲ့ဘဝမွာေနထိုင္ေနရတဲ့မင္းသမီးကေတာ့ ေနာက္ဘဝကိုတစ္ျခားတစ္ေယာက္အျဖစ္ေမြးဖြားခ်င္တယ္လို႔ဆိုထားတာေၾကာင့္ လက္ရွိဘဝကိုမေပ်ာ္႐ႊင္ဘူးလားလို႔ ေမးခြန္းထုတ္စရာျဖစ္လို႔ေနပါတယ္။