ဒရမ်မာဇာတ်လမ်းတွဲသစ် Happy End နဲ့အတူပရိသတ်တွေဆီပြန်လာနိုင်ဖွယ်ရှိတဲ့ မင်းသမီး Jang Na Ra

Posted on

မင်းသမီးချော Jang Na Ra ကိုတော့ ဒရမ်မာဇာတ်လမ်းတွဲတွေနဲ့အတူ ပရိသတ်တွေ သိကြမှာပါ။ သူကတော့ Happy End ဆိုတဲ့ဒရမ်မာဇာတ်လမ်းတွဲမှာပါဝင်ဖို့ဆွေးနွေးနေတယ်လို့ သိရပါတယ်။


ဇန်နဝါရီလ(၁၈)ရက်နေ့မှာတော့ မင်းသမီးဟာစီးရီးသစ်မှာပါဝင်လာမယ်ဆိုပြီးတော့ သတင်းတွေကဖော်ပြခဲ့ပါတယ်။ သူ့ရဲ့အေဂျင်စီဖြစ်တဲ့ Lawon Culture ကတော့ ဇာတ်လမ်းတွဲသစ်မှာပါဝင်ဖို့ သုံးသပ်နေဆဲဖြစ်တယ်လို့ ပြောကြားထားပါတယ်။ Happy End ကတော့ ပျော်ရွှင်စရာနည်းပါးခဲ့တဲ့ကလေးဘဝရှိခဲ့ပြီးနောက် အောင်မြင်မှုကိုဆာလောင်တဲ့အမျိုးသမီးတစ်ယောက်ရဲ့အကြောင်းကို အခြေခံထားတာလည်း ဖြစ်ပါတယ်။


Jang Na Ra ကတော့ အိမ်ထောင်ပရိဘောဂအမှတ်တံဆိပ်တစ်ခုရဲ့ကိုယ်စားပြု Seo Jae Won ဆိုတဲ့ဇာတ်ရုပ်နဲ့အတူအဓိကဇာတ်ဆောင်အဖြစ်ပါဝင်ထားတာပါ။ မင်းသမီးကတော့ မနှစ်က ဇွန်လမှာလက်ထပ်ပွဲကျင်းပခဲ့တာဖြစ်ပြီး လက်ထပ်ပြီးနောက်မှာ Cheer Up ဒရမ်မာရဲ့ဧည့်သည်သရုပ်ဆောင်အဖြစ်ပါဝင်ထားတာပဲ ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်




