မင်းသမီး Song Hye Kyo ပါဝင်ထားတဲ့ The Glory ဒရမ်မာကတော့ ပရိသတ်တွေကိုဆွဲဆောင်ခဲ့ပြီး ပရိသတ်တွေကတော့ ဇာတ်ရှိန်ပိုမြင့်လာတဲ့ Part 2 ကိုစောင့်မျှော်နေခဲ့ကြတာလည်း ဖြစ်ပါတယ်။ အခုဆိုရင်တော့ Part 2 ကို ထုတ်လွှင့်မယ့်ရက်ကို အတည်ပြုခဲ့ပြီ ဖြစ်ပါတယ်။
ဒရမ်မာရဲ့ဇာတ်လမ်းကိုရေးသားခဲ့တဲ့စာရေးဆရာမ Kim Eun Sook ကတော့ “Part 1 ကိုကြည့်ခဲ့မယ်ဆိုရင် Part 2 ကိုမကြည့်ဘဲနေနိုင်မှာမဟုတ်ဘူး။ ပိုပြီးတော့ စိတ်လှုပ်ရှားဖို့ကောင်းနေပါမယ်” လို့ ဆိုထားပါတယ်။ ကလဲ့စားချေတဲ့ဒီဇာတ်လမ်းကတော့ ထုတ်လွှင့်ခဲ့ပြီးချိန်မှာဇာတ်လမ်းဇာတ်အိမ်နဲ့အတူ သရုပ်ဆောင်တွေပါ ပရိသတ်တွေကြားလူပြောများနေတာလည်း ဖြစ်ပါတယ်။
ဒါရိုက်တာကတော့ “Part 2 မှာတော့ မွန်းဒုံအွန်းနဲ့ ဘတ်ဂျီယွန်းတို့ရဲ့ရန်ပွဲကတော့ တရားဝင်ကိုစတင်လာတော့မှာပါ။ကျူးလွန်ခဲ့သူတွေအပြစ်ပေးခံရတဲ့အပိုင်းတွေကတော့ ကြည့်လို့ကောင်းလာမယ်” စသဖြင့် အရိပ်အမြွက်ပြောကြားလာပါတယ်။ The Glory 2 ကတော့မတ်လ(၁၀) ရက်နေ့မှာ ထုတ်လွှင့်မှာ ဖြစ်တယ်လို့သိရပါတယ်။
Zawgyi ဖြင့်ဖတ်ရန်
The Glory 2 ထုတ္လႊင့္မယ့္ရက္ကိုေၾကညာခဲ့တဲ့ Netflix
မင္းသမီး Song Hye Kyo ပါဝင္ထားတဲ့ The Glory ဒရမ္မာကေတာ့ ပရိသတ္ေတြကိုဆြဲေဆာင္ခဲ့ၿပီး ပရိသတ္ေတြကေတာ့ ဇာတ္ရွိန္ပိုျမင့္လာတဲ့ Part 2 ကိုေစာင့္ေမွ်ာ္ေနခဲ့ၾကတာလည္း ျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ Part 2 ကို ထုတ္လႊင့္မယ့္ရက္ကို အတည္ျပဳခဲ့ၿပီ ျဖစ္ပါတယ္။
ဒရမ္မာရဲ႕ဇာတ္လမ္းကိုေရးသားခဲ့တဲ့စာေရးဆရာမ Kim Eun Sook ကေတာ့ “Part 1 ကိုၾကည့္ခဲ့မယ္ဆိုရင္ Part 2 ကိုမၾကည့္ဘဲေနႏိုင္မွာမဟုတ္ဘူး။ ပိုၿပီးေတာ့ စိတ္လႈပ္ရွားဖို႔ေကာင္းေနပါမယ္” လို႔ ဆိုထားပါတယ္။ ကလဲ့စားေခ်တဲ့ဒီဇာတ္လမ္းကေတာ့ ထုတ္လႊင့္ခဲ့ၿပီးခ်ိန္မွာဇာတ္လမ္းဇာတ္အိမ္နဲ႔အတူ သ႐ုပ္ေဆာင္ေတြပါ ပရိသတ္ေတြၾကားလူေျပာမ်ားေနတာလည္း ျဖစ္ပါတယ္။
ဒါ႐ိုက္တာကေတာ့ “Part 2 မွာေတာ့ မြန္းဒုံအြန္းနဲ႔ ဘတ္ဂ်ီယြန္းတို႔ရဲ႕ရန္ပြဲကေတာ့ တရားဝင္ကိုစတင္လာေတာ့မွာပါ။က်ဴးလြန္ခဲ့သူေတြအျပစ္ေပးခံရတဲ့အပိုင္းေတြကေတာ့ ၾကည့္လို႔ေကာင္းလာမယ္” စသျဖင့္ အရိပ္အႁမြက္ေျပာၾကားလာပါတယ္။ The Glory 2 ကေတာ့မတ္လ(၁၀) ရက္ေန႔မွာ ထုတ္လႊင့္မွာ ျဖစ္တယ္လို႔သိရပါတယ္။