မှုခင်းဒရမ်မာသစ် Bulk မှာပါဝင်ဖို့ဆွေးနွေးနေတဲ့ မင်းသား Cha Eun Woo

မင်းသား Cha Eun Woo ကိုတော့ ဒရမ်မာဇာတ်လမ်းတွဲတွေနဲ့အတူ သိကြမှာပါ။ သူကတော့လက်ရှိထုတ်လွှင့်ပြသနေတဲ့ Island ဇာတ်လမ်းတွဲမှာလည်း ဘုန်းတော်ကြီးဇာတ်ရုပ်နဲ့ပါဝင်ထားပါတယ်။ ပရိသတ်တွေကြားရေပန်းစားတဲ့မင်းသားကတော့ နောက်ထပ်လည်း ဒရမ်မာသစ်တွေထွက်ရှိလာဦးမယ့်ပုံပါပဲ။


Cha Eun Woo ကတော့ မှုခင်းဒရမ်မာဇာတ်ကားဖြစ်တဲ့ Bulk မှာပါဝင်ဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ သူ့ရဲ့အေဂျင်စီဖြစ်တဲ့ Fantigo ကတော့ Bulk ဒရမ်မာဟာ ကမ်းလှမ်းထားတာတွေထဲကတစ်ခုဖြစ်ပြီး အတည်မပြုရသေးပါဘူး။ Bulk ဟာ ဂန်နမ်မှာလွှမ်းမိုးနေတဲ့မကောင်းတဲ့အင်အားစုတွေကိုတိုက်ထုတ်ဖို့အတွက်အတူတူအလုပ်လုပ်ကြမယ့် ရဲအရာရှိနဲ့ ရှေ့နေတစ်ဦးတို့ရဲ့အကြောင်းကိုဖော်ပြတဲ့ ဇာတ်လမ်းတစ်ခုလည်း ဖြစ်ပါတယ်။


ဒီဇာတ်လမ်းရဲ့အဓိကဇာတ်ဆောင်နေရာမှာ မင်းသား Cha Eun Woo ကိုကမ်းလှမ်းထားတဲ့အပြင် အမျိုးသမီးဇာတ်ဆောင်နေရာအတွက်လည်း Extraordinary Attorney Woo မှာပါဝင်ထားတဲ့ မင်းသမီး Ha Yun Kyung ကိုလည်းကမ်းလှမ်းထားပါတယ်။ မင်းသား Jo Woo Jin ကတော့ စုံထောက်တစ်ဦးအဖြစ်ပါဝင်မယ်လို့ အတည်ပြုထားပြီးဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

မႈခင္းဒရမ္မာသစ္ Bulk မွာပါဝင္ဖို႔ေဆြးေႏြးေနတဲ့ မင္းသား Cha Eun Woo
မင္းသား Cha Eun Woo ကိုေတာ့ ဒရမ္မာဇာတ္လမ္းတြဲေတြနဲ႔အတူ သိၾကမွာပါ။ သူကေတာ့လက္ရွိထုတ္လႊင့္ျပသေနတဲ့ Island ဇာတ္လမ္းတြဲမွာလည္း ဘုန္းေတာ္ႀကီးဇာတ္႐ုပ္နဲ႔ပါဝင္ထားပါတယ္။ ပရိသတ္ေတြၾကားေရပန္းစားတဲ့မင္းသားကေတာ့ ေနာက္ထပ္လည္း ဒရမ္မာသစ္ေတြထြက္ရွိလာဦးမယ့္ပုံပါပဲ။


Cha Eun Woo ကေတာ့ မႈခင္းဒရမ္မာဇာတ္ကားျဖစ္တဲ့ Bulk မွာပါဝင္ဖို႔ ေဆြးေႏြးေနတယ္လို႔ သိရပါတယ္။ သူ႔ရဲ႕ေအဂ်င္စီျဖစ္တဲ့ Fantigo ကေတာ့ Bulk ဒရမ္မာဟာ ကမ္းလွမ္းထားတာေတြထဲကတစ္ခုျဖစ္ၿပီး အတည္မျပဳရေသးပါဘူး။ Bulk ဟာ ဂန္နမ္မွာလႊမ္းမိုးေနတဲ့မေကာင္းတဲ့အင္အားစုေတြကိုတိုက္ထုတ္ဖို႔အတြက္အတူတူအလုပ္လုပ္ၾကမယ့္ ရဲအရာရွိနဲ႔ ေရွ႕ေနတစ္ဦးတို႔ရဲ႕အေၾကာင္းကိုေဖာ္ျပတဲ့ ဇာတ္လမ္းတစ္ခုလည္း ျဖစ္ပါတယ္။


ဒီဇာတ္လမ္းရဲ႕အဓိကဇာတ္ေဆာင္ေနရာမွာ မင္းသား Cha Eun Woo ကိုကမ္းလွမ္းထားတဲ့အျပင္ အမ်ိဳးသမီးဇာတ္ေဆာင္ေနရာအတြက္လည္း Extraordinary Attorney Woo မွာပါဝင္ထားတဲ့ မင္းသမီး Ha Yun Kyung ကိုလည္းကမ္းလွမ္းထားပါတယ္။ မင္းသား Jo Woo Jin ကေတာ့ စုံေထာက္တစ္ဦးအျဖစ္ပါဝင္မယ္လို႔ အတည္ျပဳထားၿပီးျဖစ္ပါတယ္။

Check Also

ဇနီးလောင်း Lee Da In ကို ဘာကြောင့်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတာကို ပြောပြခဲ့တဲ့ မင်းသား Lee Seung Gi

Lee Seung Gi နဲ့ Lee Da In တို့နှစ်ဦးကတော့ ချစ်သူတွေဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုမှာ ရွှေလက်တွဲတော့မှာပဲ ဖြစ်ပါတယ်။ ချစ်သူနှစ်ဦးကတော့ ဧပြီလမှာလက်ထပ်ပွဲကျင်းပသွားမှာ ဖြစ်တယ်လို့ …

x