Rain နဲ့ Kim Tae Hee တို့နှစ်ဦးကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ထိပ်တန်းအနုပညာရှင်စုံတွဲဖြစ်တာကြောင့် အများကအားကျရတဲ့စုံတွဲတစ်တွဲ ဖြစ်ပါတယ်။ Rain ကတော့ သူ့ရဲ့ယူကျူ့ချန်နယ်ဖြစ်တဲ့ Season B Season မှာ ရှေ့ဖြစ်ဟောသူတစ်ဦးနဲ့တွေ့ဆုံပြီး နှစ်သစ်ကံကြမ္မာအခြေအနေနဲ့ပတ်သက်ပြီး ပြောခဲ့ပါတယ်။
အနာဂတ်ဟောပြောတဲ့အမျိုးသမီးကတော့ Rain ဟာ အသက်(၅၄) ကနေစပြီး သေဆုံးတဲ့အချိန်အထိ ငွေတွေအများကြီးဝင်လာနိုင်တာဖြစ်ပြီး အခုကြွယ်ဝချမ်းသာမှုဟာရှိသင့်တာရဲ့ ၁၀% ပဲရှိတယ်လို့ ဆိုပါတယ်။ နောက်ပြီးတော့အခုနှစ်အတွင်းမှာ အစီအစဉ်မရှိပေမဲ့ သားတစ်ယောက်ရရှိနိုင်တယ်လို့ ဆိုထားပါတယ်။ Rain ကတော့ အံ့အားသင့်နေခဲ့ပြီး ကလေးရနိုင်တယ်ဆိုတဲ့အတွေးမကြာသေးခင်က ရှိထားတယ်လို့ ဆိုပါတယ်။
ကိုရီးယားနိုင်ငံမှာ ကလေးရနိုင်တဲ့နိမိတ်အိမ်မက်တစ်ခုဖြစ်တဲ့ ရွှေရောင်ငါးကြင်းနှစ်ကောင်အိမ်မက်ကိုမက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီအိမ်မက်ကြောင့်အမြွှာတွေရလာမလား ဆိုပြီးတော့တွေးမိသေးတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ Rain နဲ့ Kim Tae Hee တို့ဟာ သမီးလေးနှစ်ဦးကို မွေးဖွားထားတာပဲ ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်
Rain နဲ႔ Kim Tae Hee တို႔ႏွစ္ဦး (၂၀၂၃) ခုႏွစ္အတြင္းမွာ သားေလးတစ္ေယာက္ထပ္မံရရွိလာမလား?
Rain နဲ႔ Kim Tae Hee တို႔ႏွစ္ဦးကေတာ့ ေတာင္ကိုရီးယားႏိုင္ငံရဲ႕ထိပ္တန္းအႏုပညာရွင္စုံတြဲျဖစ္တာေၾကာင့္ အမ်ားကအားက်ရတဲ့စုံတြဲတစ္တြဲ ျဖစ္ပါတယ္။ Rain ကေတာ့ သူ႔ရဲ႕ယူက်ဴ႕ခ်န္နယ္ျဖစ္တဲ့ Season B Season မွာ ေရွ႕ျဖစ္ေဟာသူတစ္ဦးနဲ႔ေတြ႕ဆုံၿပီး ႏွစ္သစ္ကံၾကမၼာအေျခအေနနဲ႔ပတ္သက္ၿပီး ေျပာခဲ့ပါတယ္။
အနာဂတ္ေဟာေျပာတဲ့အမ်ိဳးသမီးကေတာ့ Rain ဟာ အသက္(၅၄) ကေနစၿပီး ေသဆုံးတဲ့အခ်ိန္အထိ ေငြေတြအမ်ားႀကီးဝင္လာႏိုင္တာျဖစ္ၿပီး အခုႂကြယ္ဝခ်မ္းသာမႈဟာရွိသင့္တာရဲ႕ ၁၀% ပဲရွိတယ္လို႔ ဆိုပါတယ္။ ေနာက္ၿပီးေတာ့အခုႏွစ္အတြင္းမွာ အစီအစဥ္မရွိေပမဲ့ သားတစ္ေယာက္ရရွိႏိုင္တယ္လို႔ ဆိုထားပါတယ္။ Rain ကေတာ့ အံ့အားသင့္ေနခဲ့ၿပီး ကေလးရႏိုင္တယ္ဆိုတဲ့အေတြးမၾကာေသးခင္က ရွိထားတယ္လို႔ ဆိုပါတယ္။
ကိုရီးယားႏိုင္ငံမွာ ကေလးရႏိုင္တဲ့နိမိတ္အိမ္မက္တစ္ခုျဖစ္တဲ့ ေ႐ႊေရာင္ငါးၾကင္းႏွစ္ေကာင္အိမ္မက္ကိုမက္ခဲ့တယ္လို႔ ဆိုပါတယ္။ အဲ့ဒီအိမ္မက္ေၾကာင့္အႁမႊာေတြရလာမလား ဆိုၿပီးေတာ့ေတြးမိေသးတယ္လို႔ ဆိုပါတယ္။ လက္ရွိမွာေတာ့ Rain နဲ႔ Kim Tae Hee တို႔ဟာ သမီးေလးႏွစ္ဦးကို ေမြးဖြားထားတာပဲ ျဖစ္ပါတယ္။