ထိတ်လန့်သည်းဖိုဒရမ်မာသစ်နဲ့ မြင်တွေ့ရနိုင်တဲ့မင်းသမီး Kim Hee Sun

Posted on

မင်းသမီး Kim Hee Sun ကတော့ (၂၀၀၀) ခုနှစ်တွေကတည်းက ဒရမ်မာဇာတ်လမ်းတွဲတွေနဲ့အတူ ကျော်ကြားလာခဲ့သူပါ။လက်ရှိမှာလည်း ဒရမ်မာတွေရိုက်ကူးနေတာဖြစ်ပြီး မကြာခင်မှာ ထိတ်လန့်သည်းဖိုဒရမ်မာဇာတ်ကားသစ်နဲ့ပြန်လည်မြင်တွေ့ရနိုင်ဖွယ်ရှိပါတယ်။


ဇန်နဝါရီ(၁၉) ရက်နေ့မှာတော့ သူ့ရဲ့အေဂျင်စီဖြစ်တဲ့ Hinge Entertainment ဟာ “Gaslighting” ဆိုတဲ့ဒရမ်မာမှာပါဝင်ဖို့အတွက်ကမ်းလှမ်းခံထားရပြီး သုံးသပ်နေတယ်လို့ ဆိုပါတယ်။ ဒီဇာတ်လမ်းကတော့ ဟာသနဲ့ ထိတ်လန့်သည်းဖိုရောယှက်နေတဲ့ ဇာတ်ကားအမျိုးအစားဖြစ်တယ်လို့ သိရပါတယ်။ ဒီဇာတ်လမ်းကတော့ အမျိုးသားဖြစ်သူကြောင့်အမှန်တရားနဲ့လျှို့ဝှက်ချက်တွေကိုရင်ဆိုင်ရတဲ့ တောင်ကိုရီးယားနိုင်ငံရဲ့အကောင်းဆုံးစိတ်ပိုင်းဆိုင်ရာအတိုင်ပင်ခံအမျိုးသမီးနဲ့ယောက္ခမဖြစ်သူတို့ရဲ့အကြောင်းကို ရိုက်ကူးထားတာပါ။


ဒီဇာတ်လမ်းကတော့ Bring Me Home နဲ့ So I Married The Anti-Fan ဒရမ်မာတွေကိုရိုက်ကူးခဲ့တဲ့ဒါရိုက်တာ Kim Seung Woo ကရိုက်ကူးမှာဖြစ်ပါတယ်။ Alice ၊ Remarriage & Desires နဲ့ Angry Mom စတဲ့ဇာတ်လမ်းတွဲတွေနဲ့ဇာတ်ရုပ်များစွာသရုပ်ဆောင်ဖူးသူမင်းသမီးKim Hee Sun ပါဝင်လာမလားဆိုတာ စိတ်ဝင်စားစရာပါပဲ ပရိသတ်ကြီးရေ။
Zawgyi ဖြင့်ဖတ်ရန်

ထိတ္လန႔္သည္းဖိုဒရမ္မာသစ္နဲ႔ ျမင္ေတြ႕ရႏိုင္တဲ့မင္းသမီး Kim Hee Sun
မင္းသမီး Kim Hee Sun ကေတာ့ (၂၀၀၀) ခုႏွစ္ေတြကတည္းက ဒရမ္မာဇာတ္လမ္းတြဲေတြနဲ႔အတူ ေက်ာ္ၾကားလာခဲ့သူပါ။လက္ရွိမွာလည္း ဒရမ္မာေတြ႐ိုက္ကူးေနတာျဖစ္ၿပီး မၾကာခင္မွာ ထိတ္လန႔္သည္းဖိုဒရမ္မာဇာတ္ကားသစ္နဲ႔ျပန္လည္ျမင္ေတြ႕ရႏိုင္ဖြယ္ရွိပါတယ္။


ဇန္နဝါရီ(၁၉) ရက္ေန႔မွာေတာ့ သူ႔ရဲ႕ေအဂ်င္စီျဖစ္တဲ့ Hinge Entertainment ဟာ “Gaslighting” ဆိုတဲ့ဒရမ္မာမွာပါဝင္ဖို႔အတြက္ကမ္းလွမ္းခံထားရၿပီး သုံးသပ္ေနတယ္လို႔ ဆိုပါတယ္။ ဒီဇာတ္လမ္းကေတာ့ ဟာသနဲ႔ ထိတ္လန႔္သည္းဖိုေရာယွက္ေနတဲ့ ဇာတ္ကားအမ်ိဳးအစားျဖစ္တယ္လို႔ သိရပါတယ္။ ဒီဇာတ္လမ္းကေတာ့ အမ်ိဳးသားျဖစ္သူေၾကာင့္အမွန္တရားနဲ႔လွ်ိဳ႕ဝွက္ခ်က္ေတြကိုရင္ဆိုင္ရတဲ့ ေတာင္ကိုရီးယားႏိုင္ငံရဲ႕အေကာင္းဆုံးစိတ္ပိုင္းဆိုင္ရာအတိုင္ပင္ခံအမ်ိဳးသမီးနဲ႔ေယာကၡမျဖစ္သူတို႔ရဲ႕အေၾကာင္းကို ႐ိုက္ကူးထားတာပါ။


ဒီဇာတ္လမ္းကေတာ့ Bring Me Home နဲ႔ So I Married The Anti-Fan ဒရမ္မာေတြကို႐ိုက္ကူးခဲ့တဲ့ဒါ႐ိုက္တာ Kim Seung Woo က႐ိုက္ကူးမွာျဖစ္ပါတယ္။ Alice ၊ Remarriage & Desires နဲ႔ Angry Mom စတဲ့ဇာတ္လမ္းတြဲေတြနဲ႔ဇာတ္႐ုပ္မ်ားစြာသ႐ုပ္ေဆာင္ဖူးသူမင္းသမီးKim Hee Sun ပါဝင္လာမလားဆိုတာ စိတ္ဝင္စားစရာပါပဲ ပရိသတ္ႀကီးေရ။