(၂၀၂၃) မှာထိပ်တန်းကြယ်ပွင့်(၃)ဦးဖြစ်တဲ့ Song Hye Kyo ၊ Kim Tae Hee နဲ့ Jun Ji Hyun တို့လွှမ်းမိုးဦးမလား?

Posted on

တောင်ကိုရီးယားဒရမ်မာချစ်ပရိသတ်တွေကတော့ Song Hye Kyo ၊ Kim Tae Hee နဲ့ Jun Ji Hyun တို့ကို မသိသူမရှိလောက်ပါဘူးနော် ။ အနုပညာသက်တမ်းနှစ်(၂၀) ကျော်မှာထိပ်တန်းအောင်မြင်မှုတွေကိုပိုင်ဆိုင်ထားရုံတင်မက အလှအပနဲ့ပတ်သက်ပြီးလည်း စံထားရတဲ့အလှပိုင်ရှင်အမျိုးသမီးတွေလည်း ဖြစ်ပါတယ်။


သူတို့(၃) ဦးကတော့ (၂၀၂၃) ခုနှစ်မှာပရိသတ်တွေကြားရေပန်းစားကာလွှမ်းမိုးဦးမလားဆိုတာ စိတ်ဝင်စားစရာပါပဲ။ Song Hye Kyo ကတော့ ထုတ်လွှင့်ပြသခဲ့တဲ့ The Glory နဲ့အတူရေပန်းစားနေတာဖြစ်ပြီး The Glory 2 ကိုလည်း ပရိသတ်တွေကစိတ်ဝင်စားစွာစောင့်မျှော်နေကြတာပါ။ Song Hye Kyo ကတော့ Melodrama Queen အဖြစ်နဲ့တင်စားခံထားရသူဖြစ်ပြီး The Glory နဲ့အတူ ကွဲပြားနဲ့ဇာတ်လမ်းအမျိုးအစားနဲ့အောင်မြင်ခဲ့တာကြောင့် ချီးကျူးခံထားရတာလည်း ဖြစ်ပါတယ်။


(၃) နှစ်ကြာအနုပညာအလုပ်တွေရပ်ဆိုင်းထားတဲ့မင်းသမီး Kim Tae Hee ကတော့ A House With A Yard ဇာတ်လမ်းတွဲမှာပါဝင်ဖို့အတည်ပြုထားတာ ဖြစ်ပါတယ်။ သူကတော့ အနုပညာသက်တမ်းတစ်လျှောက်မှာဇာတ်လမ်းမျိုးစုံကိုပါဝင်ခဲ့ဖူးပြီး အခုတစ်ခါမှာလည်း ကွဲပြားတဲ့ဇာတ်ရုပ်တစ်မျိုးကိုပရိသတ်တွေကို မြင်တွေ့စေမှာအမှန်ပါပဲ။ မင်းသမီး Jun Ji Hyun ကတော့ အေဂျင်စီအသစ်ပြောင်းပြီးနောက်လက်ရှိမှာဇာတ်လမ်းဇာတ်ညွှန်းကိုဂရုတစိုက်ရွေးချယ်နေတယ်လို့သိရပြီး အတည်ပြုထားတဲ့ဒရမ်မာတော့မရှိသေးပါဘူး။


Zawgyi ဖြင့်ဖတ်ရန်




