အသက်(၃၆)နှစ်မှာသေဆုံးသွားခဲ့တဲ့ Vincenzo နဲ့ Weak Hero ဇာတ်လမ်းတွဲတွေမှာပါဝင်ခဲ့သူ မင်းသား Na Chul

Posted on

ဇာတ်လမ်းတွဲများစွာပါဝင်ခဲ့တဲ့မင်းသားတစ်လက်ဖြစ်တဲ့ Na Chul ကတော့ ဒီနေ့မနက်မှာတော့ ရုတ်တရက်သေဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ သူကတော့ ဆုံးပါးသွားချိန်မှာအသက်(၃၆) နှစ်သာရှိသေးတာကြောင့် ပရိသတ်တွေအတွက်ယူကြုံးမရဖြစ်စေတာလည်း ဖြစ်ပါတယ်။


မင်းသားဟာ (၂၀၁၀) ခုနှစ်မှာ Anne’s Diary ဆိုတဲ့ပြဇာတ်တစ်ခုမှာပါဝင်ပြီးအနုပညာခြေလှမ်းတွေကိုစတင်ခဲ့တာပါ။ ရုပ်ရှင်ဇာတ်လမ်းတိုတွေမှာပါဝင်ပြီးနောက် (၂၀၁၃) ခုနှစ်မှာ Samsaengi နဲ့ Jeon Woo Chi စတဲ့ဇာတ်ကားတွေနဲ့ဖန်သားပြင်မှာစတင်မြင်တွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။ သူကတော့ Weak Hero ဆိုတဲ့ဒရမ်မာဇာတ်လမ်းတွဲမှာ နောက်ဆုံးပါဝင်ခဲ့ပါတယ်။


ပရိသတ်တွေကြိုက်နှစ်သက်တဲ့ဒရမ်မာဇာတ်လမ်းတွဲများစွာမှာ Na Chul ဟာပါဝင်ခဲ့ဖူးပြီး Vincenzo ၊ Hospital Playlists 2 နဲ့ Little Women စတဲ့နာမည်ကြီးဒရမ်မာတွေပါဝင်ဖူးပါတယ်။ ဒါပေမဲ့လည်း အနုပညာလမ်းကြောင်းကို တစိုက်မတ်မတ်လျှောက်လှမ်းလာတဲ့မင်းသား Na Chul ရဲ့ သရုပ်ဆောင်ချက်တွေကိုတော့ ထပ်မံမြင်တွေ့ရတော့မှာမဟုတ်ပါဘူး။
Zawgyi ဖြင့်ဖတ်ရန်




