Vogue Korea မဂ္ဂဇင်းမှာ အမိုက်စားပုံရိပ်တွေနဲ့ဖမ်းစားခဲ့တဲ့ The Glory ဇာတ်လမ်းတွဲမင်းသမီး Lim Ji Yeon

Posted on

Vogue Korea ကတော့မင်းသမီး Lim Ji Yeon ရဲ့ အမိုက်စားပုံရိပ်တွေကို ဖော်ပြခဲ့ပါတယ်။ မင်းသမီးရဲ့စွဲမက်ဖွယ်ပုံရိပ်တွေကတော့ ပရိသတ်တွေကိုဖမ်းစားနိုင်ခဲ့ပါတယ်။ Vogue Korea ရဲ့ဖေဖော်ဝါရီလအတွက်ပုံရိပ်တွေကို သူ့ရဲ့ဆိုရှယ်မီဒီယာကနေပြီးမျှဝေခဲ့ပါတယ်။


မင်းသမီးကတော့ အနက်ရောက်ဝတ်စုံ၊ အနီရောင်နှုတ်ခမ်းနီတွေနဲ့အတူ ဆွဲဆောင်မှုအပြည့်ဖြစ်နေခဲ့ပါတယ်။ Lim Ji Yeon ကတော့ မကြာသေးခင်ကထုတ်လွှင့်ခဲ့တဲ့ The Glory ဇာတ်လမ်းတွဲထဲက အမိုက်စားသရုပ်ဆောင်ချက်တွေကြောင့် အသိအမှတ်ပြုခံထားရတာလည်း ဖြစ်ပါတယ်။


The Glory ဇာတ်လမ်းတွဲဟာ အထက်တန်းကျောင်းမှာ အတန်းဖော်တွေရဲ့ကျောင်းတွင်းအကြမ်းဖက်မှုကိုခံခဲ့ရတဲ့အမျိုးသမီးတစ်ဦးက လက်စားချေဖို့ကြိုးပမ်းတဲ့အကြောင်းကိုရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ Lim Ji Yeon ဟာ ဗီလိန်တစ်ယောက်အဖြစ် ပါဝင်ထားပါတယ်။ ဒီဇာတ်လမ်းတွဲနဲ့အတူ မင်းသမီးကတော့ အောင်မြင်ကျော်ကြားမှုများစွာ ရရှိလာခဲ့တာလည်း ဖြစ်ပါတယ်။


Zawgyi ဖြင့်ဖတ်ရန်




