နာမည်ကျော်အနုပညာရှင်စုံတွဲဖြစ်တဲ့ Park Shin Hye နဲ့ Choi Tae Joon တို့ဇနီးမောင်နှံကတော့ ပရိသတ်တွေချစ်ခင်ကြတဲ့ စုံတွဲလည်း ဖြစ်ပါတယ်။ သူတို့နှစ်ဦးကိုတော့ လူတွေကြားထဲမှာတွေ့ခဲ့ရတာဖြစ်ပြီး ပျော်ရွှင်စွာနဲ့ဒိတ်နေကြတာပါ။
ဇန်နဝါရီ(၂၂)ရက်နေ့မှာတော့ Park Shin Hye နဲ့ Choi Tae Joon တို့နှစ်ဦးဟာ စားသောက်ဆိုင်တစ်ခုမှာဒိတ်နေကြတာကို အင်တာနက်အသုံးပြုသူတချို့ကမျှဝေခဲ့ကြပါတယ်။ တွေ့ခဲ့ရတဲ့သူတွေကတော့ သူတို့နှစ်ဦးဟာမင်္ဂလာနှစ်ပတ်လည်နေ့အတွက် ကလေးမပါဘဲ ဟာဝိုင်အီကိုရောက်ရှိနေခဲ့တာဖြစ်တယ် လို့ဆိုပါတယ်။ သူတို့ဇနီးမောင်နှံကတော့ (၂၀၂၂) ခုနှစ်ဇန်နဝါရီလမှာလက်ထပ်ခဲ့တာဖြစ်ပြီး မေလမှာသားဦးလေးဖွားမြင်ခဲ့တာ ဖြစ်ပါတယ်။
ပုံတစ်ပုံမှာတော့ မင်းသမီးဟာ Choi Tae Joon ရဲ့ပခုံးကိုမှီနေပြီး ပျော်ရွှင်စွာနဲ့ ဆဲလ်ဖီဓာတ်ပုံရိုက်နေခဲ့တာ ဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံကတော့ ပျော်ရွှင်စွာနဲ့ မိဘတွေအဖြစ် လက်ထပ်ထားတဲ့စုံတွဲတွေအဖြစ်နဲ့ရှိနေတာကို မြင်တွေ့နိုင်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်
မင်္ဂလာနှစ်ပတ်လည်နေ့မှာ ဒိတ်နေကြတဲ့ Park Shin Hye နဲ့ Choi Tae Joon တို့ဇနီးမောင်နှံ