ပရိသတ်ကိုစိတ်ဝင်စားမှုမြင့်တက်စေခဲ့တဲ့ The Glory 2 ရဲ့Teaser အသစ်

Posted on

ပရိသတ်တွေကြားနာမည်ကြီးနေတဲ့ The Glory 2 ကတော့ ထုတ်လွှင့်ပြသဖို့လိုသေးပေမဲ့ Teaser ကိုပရိသတ်တွေကိုချပြခဲ့ပါတယ်။ ဒီ Teaser မှာတော့ Song Hye Kyo ဟာ ဇာတ်ကြောင်းကိုပြောပြထားတာဖြစ်ပြီး ပရိသတ်တွေကို စိတ်ဝင်စားမှုမြင့်တက်စေခဲ့ပါတယ်။Teaser အသစ်မှာတော့ အဓိကဇာတ်ဆောင်မွန်းဒုံအွန်းအဖြစ်ပါဝင်ထားတဲ့ Song Hye Kyo ကတော့ဇာတ်လမ်းရဲ့အဓိကဗီလိန်ဖြစ်တဲ့ဘတ်ယွန်းဂျင်အတွက်ရေးသားထားတဲ့စာတစ်စောင်ကို ဖတ်ပြခဲ့ပါတယ်။

စာထဲမှာတော့ “လွမ်းရတဲ့ယွန်းဂျင်ရေ…ယွန်းဂျင်ရေဒီအကြောင်းကိုငါနေ့တိုင်းတွေးမိတယ်။ ဘယ်နေရာမှာငါတို့ပြန်တွေ့မလဲ? နင်နဲ့ထပ်တွေ့တဲ့အခါ နင့်မျက်နှာနဲ့နာမည်တွေကိုမေ့နေဖို့မျှော်လင့်ပါတယ်။ ငါနင့်ကိုသိတာလား ဆိုပြီးတော့ မေ့နေစေချင်တယ်။ အခြားသူကိုနာကျင်စေတဲ့နင့်ခြေထောက်တွေ နင်နဲ့အတူလျှောက်လှမ်းနေတဲ့ခြေထောက်တွေ အခြားသူရဲ့ဒုက္ခကိုရယ်မောနေတဲ့နင့်နှုတ်ခမ်းတွေ နင့်ရဲ့မို့အစ်နေတဲ့မျက်လုံးတွေ နင့်ကိုကြည့်နေတဲ့မျက်လုံးတွေအားလုံး တခြားသူကိုထိခိုက်ဖျက်စီးဖို့တွဲထားတဲ့နင်တို့ရဲ့လက်တွေ ပြီးတော့ အဲဒီလိုအခိုက်အတန့်ကိုနှစ်သက်တဲ့နင့်ရဲ့စိတ်ဝိညဉ်… ယွန်းဂျင်ရေငါအဆုံးအထိသွားဖို့စီစဉ်ထားတယ်။

ငါကပြမှာကို နင်ကြည့်နေဖို့မျှော်လင့်ပါတယ်။ သေချာတာပေါ့ ငါကကွပ်မျက်သူအဖြစ်နဲ့ကပြမှာပါ။ ငါအရမ်းသတ်ချင်နေတဲ့ယွန်းဂျင်ရေ ဒါကနောက်ဆုံးစာပါပဲ” လို့ရေးသားထားတာဖြစ်ပြီး နာကျင်မှုတွေအပေါ်မှာခွင့်မလွှတ်နိုင်စွာလက်စားချေလိုတဲ့ဆန္ဒတွေကိုဖော်ပြထားတဲ့စာတစ်စောင်ပါ။ Teaser မှာတင် လက်စားချေမှုရဲ့ပိုမိုအရှိန်မြင့်တက်လာမယ့်ဇာတ်ကြောင်းဟာ ပရိသတ်ကိုရင်ခုန်စေမှာအမှန်ပါပဲ။ The Glory 2 ကတော့ မတ်လ(၁၀) ရက်နေ့မှာ ပြသသွားမှာပဲ ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

ပရိသတ္ကိုစိတ္ဝင္စားမႈျမင့္တက္ေစခဲ့တဲ့ The Glory 2 ရဲ႕Teaser အသစ္
ပရိသတ္ေတြၾကားနာမည္ႀကီးေနတဲ့ The Glory 2 ကေတာ့ ထုတ္လႊင့္ျပသဖို႔လိုေသးေပမဲ့ Teaser ကိုပရိသတ္ေတြကိုခ်ျပခဲ့ပါတယ္။ ဒီ Teaser မွာေတာ့ Song Hye Kyo ဟာ ဇာတ္ေၾကာင္းကိုေျပာျပထားတာျဖစ္ၿပီး ပရိသတ္ေတြကို စိတ္ဝင္စားမႈျမင့္တက္ေစခဲ့ပါတယ္။


Teaser အသစ္မွာေတာ့ အဓိကဇာတ္ေဆာင္မြန္းဒုံအြန္းအျဖစ္ပါဝင္ထားတဲ့ Song Hye Kyo ကေတာ့ဇာတ္လမ္းရဲ႕အဓိကဗီလိန္ျဖစ္တဲ့ဘတ္ယြန္းဂ်င္အတြက္ေရးသားထားတဲ့စာတစ္ေစာင္ကို ဖတ္ျပခဲ့ပါတယ္။ စာထဲမွာေတာ့ “လြမ္းရတဲ့ယြန္းဂ်င္ေရ…ယြန္းဂ်င္ေရဒီအေၾကာင္းကိုငါေန႔တိုင္းေတြးမိတယ္။ ဘယ္ေနရာမွာငါတို႔ျပန္ေတြ႕မလဲ? နင္နဲ႔ထပ္ေတြ႕တဲ့အခါ နင့္မ်က္ႏွာနဲ႔နာမည္ေတြကိုေမ့ေနဖို႔ေမွ်ာ္လင့္ပါတယ္။ ငါနင့္ကိုသိတာလား ဆိုၿပီးေတာ့ ေမ့ေနေစခ်င္တယ္။ အျခားသူကိုနာက်င္ေစတဲ့နင့္ေျခေထာက္ေတြ နင္နဲ႔အတူေလွ်ာက္လွမ္းေနတဲ့ေျခေထာက္ေတြ အျခားသူရဲ႕ဒုကၡကိုရယ္ေမာေနတဲ့နင့္ႏႈတ္ခမ္းေတြ နင့္ရဲ႕မို႔အစ္ေနတဲ့မ်က္လုံးေတြ နင့္ကိုၾကည့္ေနတဲ့မ်က္လုံးေတြအားလုံး တျခားသူကိုထိခိုက္ဖ်က္စီးဖို႔တြဲထားတဲ့နင္တို႔ရဲ႕လက္ေတြ ၿပီးေတာ့ အဲဒီလိုအခိုက္အတန႔္ကိုႏွစ္သက္တဲ့နင့္ရဲ႕စိတ္ဝိညဥ္… ယြန္းဂ်င္ေရငါအဆုံးအထိသြားဖို႔စီစဥ္ထားတယ္။

ငါကျပမွာကို နင္ၾကည့္ေနဖို႔ေမွ်ာ္လင့္ပါတယ္။ ေသခ်ာတာေပါ့ ငါကကြပ္မ်က္သူအျဖစ္နဲ႔ကျပမွာပါ။ ငါအရမ္းသတ္ခ်င္ေနတဲ့ယြန္းဂ်င္ေရ ဒါကေနာက္ဆုံးစာပါပဲ” လို႔ေရးသားထားတာျဖစ္ၿပီး နာက်င္မႈေတြအေပၚမွာခြင့္မလႊတ္ႏိုင္စြာလက္စားေခ်လိုတဲ့ဆႏၵေတြကိုေဖာ္ျပထားတဲ့စာတစ္ေစာင္ပါ။ Teaser မွာတင္ လက္စားေခ်မႈရဲ႕ပိုမိုအရွိန္ျမင့္တက္လာမယ့္ဇာတ္ေၾကာင္းဟာ ပရိသတ္ကိုရင္ခုန္ေစမွာအမွန္ပါပဲ။ The Glory 2 ကေတာ့ မတ္လ(၁၀) ရက္ေန႔မွာ ျပသသြားမွာပဲ ျဖစ္ပါတယ္။