စတင်ကမ်းလှမ်းချိန်မှာ The Glory မှာပါဝင်ဖို့ငြင်းဆိုခဲ့တဲ့ Lee Do Hyun

Posted on

The Glory ဇာတ်လမ်းတွဲကတော့ စိတ်ဝင်စားစရာဇာတ်လမ်းဇာတ်ကွက်တွေကြောင့်အပြင် သရုပ်ဆောင်တွေက ပီပြင်တာကြောင့်လည်းလူကြိုက်များပါတယ်။ မင်းသားချော Lee Do Hyu ကိုတော့ ဒရမ်မာဇာတ်လမ်းတွဲတွေနဲ့အတူ ပရိသတ်တွေသိကြမှာပါ။ သူကတော့ The Glory ဇာတ်လမ်းတွဲမှာ Joo Yeo Jeong ဆိုတဲ့ခွဲစိတ်ဆရာဝန်အဖြစ်နဲ့ ပါဝင်ထားပါတယ်။


ဇာတ်ညွှန်းရေးဆရာမ Kim Eun Sook ကတော့ သရုပ်ဆောင်ရွေးချယ်ခြင်းနဲ့ပတ်သက်ပြီးမျှဝေခဲ့ပါတယ်။ စတင်ကမ်းလှမ်းချိန်က မင်းသား Lee Do Hyun ဟာ သူ့ရဲ့ဇာတ်ရုပ်မှာမပါဝင်ချင်ခဲ့ဘူးလို့ ဆိုပါတယ်။ မင်းသားဟာMelancholia ၊ 18 Again နဲ့Youth of May စတဲ့ဇာတ်လမ်းတွဲတွေမှ ဇာတ်ရုပ်တွေနဲ့ အောင်မြင်ထားတာလည်း ဖြစ်ပါတယ်။


Lee Do Hyun ကတော့ ပိုင်နိုင်စွာသရုပ်မဆောင်နိုင်မှာနဲ့ နာမည်ကျော်ဇာတ်ညွှန်းရေးဆရာမ Kim Eun Sook ဟာကမ္ဘာ့အဆင့်မှီဇာတ်ကားကောင်းတွေကိုဖန်တီးလေ့ရှိတာကြောင့် စိတ်ပျက်စေမှာကို စိုးရိမ်ခဲ့တာကြောင့် The Glory မှာပါဝင်ဖို့ကို ငြင်းပယ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်းဇာတ်ကားကိုလက်ခံရိုက်ကူးခဲ့တဲ့အခါမှာ မင်းသားဟာတွဲဖက်သရုပ်ဆောင်နဲ့လိုက်ဖက်ညီပြီးကျရာဇာတ်ရုပ်နဲ့အံဝင်ဂွင်ကျရှိတာကြောင့် ချီးကျူးမှုတွေကိုလည်း ရရှိခဲ့တာဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

စတင္ကမ္းလွမ္းခ်ိန္မွာ The Glory မွာပါဝင္ဖို႔ျငင္းဆိုခဲ့တဲ့ Lee Do Hyun
The Glory ဇာတ္လမ္းတြဲကေတာ့ စိတ္ဝင္စားစရာဇာတ္လမ္းဇာတ္ကြက္ေတြေၾကာင့္အျပင္ သ႐ုပ္ေဆာင္ေတြက ပီျပင္တာေၾကာင့္လည္းလူႀကိဳက္မ်ားပါတယ္။ မင္းသားေခ်ာ Lee Do Hyu ကိုေတာ့ ဒရမ္မာဇာတ္လမ္းတြဲေတြနဲ႔အတူ ပရိသတ္ေတြသိၾကမွာပါ။ သူကေတာ့ The Glory ဇာတ္လမ္းတြဲမွာ Joo Yeo Jeong ဆိုတဲ့ခြဲစိတ္ဆရာဝန္အျဖစ္နဲ႔ ပါဝင္ထားပါတယ္။


ဇာတ္ၫႊန္းေရးဆရာမ Kim Eun Sook ကေတာ့ သ႐ုပ္ေဆာင္ေ႐ြးခ်ယ္ျခင္းနဲ႔ပတ္သက္ၿပီးမွ်ေဝခဲ့ပါတယ္။ စတင္ကမ္းလွမ္းခ်ိန္က မင္းသား Lee Do Hyun ဟာ သူ႔ရဲ႕ဇာတ္႐ုပ္မွာမပါဝင္ခ်င္ခဲ့ဘူးလို႔ ဆိုပါတယ္။ မင္းသားဟာMelancholia ၊ 18 Again နဲ႔Youth of May စတဲ့ဇာတ္လမ္းတြဲေတြမွ ဇာတ္႐ုပ္ေတြနဲ႔ ေအာင္ျမင္ထားတာလည္း ျဖစ္ပါတယ္။


Lee Do Hyun ကေတာ့ ပိုင္ႏိုင္စြာသ႐ုပ္မေဆာင္ႏိုင္မွာနဲ႔ နာမည္ေက်ာ္ဇာတ္ၫႊန္းေရးဆရာမ Kim Eun Sook ဟာကမာၻ႔အဆင့္မွီဇာတ္ကားေကာင္းေတြကိုဖန္တီးေလ့ရွိတာေၾကာင့္ စိတ္ပ်က္ေစမွာကို စိုးရိမ္ခဲ့တာေၾကာင့္ The Glory မွာပါ၀င္ဖို့ကို ျငင္းပယ္ခဲ့တာလည္း ျဖစ္ပါတယ္။ ဒါေပမဲ့လည္းဇာတ္ကားကိုလက္ခံ႐ိုက္ကူးခဲ့တဲ့အခါမွာ မင္းသားဟာတြဲဖက္သ႐ုပ္ေဆာင္နဲ႔လိုက္ဖက္ညီၿပီးက်ရာဇာတ္႐ုပ္နဲ႔အံဝင္ဂြင္က်ရွိတာေၾကာင့္ ခ်ီးက်ဴးမႈေတြကိုလည္း ရရွိခဲ့တာျဖစ္ပါတယ္။