Diorရဲ့ ရှိုးပွဲမှာ အဖြူရောင်ဝတ်စုံလေးနဲ့အပြစ်ပြောစရာမရှိအောင်လှရက်လွန်းနေတဲ့ Jisoo

အိုင်ဒေါသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Jisoo ကတော့ အလုပ်တွေဆက်တိုက်ဆိုသလိုရှိနေတာဖြစ်ပြီး အခုတစ်ခါမှာလည်း Dior ရဲ့ Paris Haute Couture Show မှာလည်း တနင်္လာနေ့က တက်ရောက်ခဲ့ပါတယ်။


Maria Grazia Chiuri ရဲ့လက်ရာတစ်ခုဖြစ်တဲ့ Dior အမှတ်တံဆိပ်ရဲ့နောက်ဆုံးထွက်ကော်လက်ရှင်ထဲကတစ်ခုဖြစ်တဲ့အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားတာပါ။ ထွင်းဖောက်မြင်ရတဲ့ဇာတွေပါဝင်တဲ့ရှပ်အင်္ကျအတူ အတွန့်တွေပါဝင်တဲ့စကပ်ကိုဝတ်ဆင်ထားကာ အဖြူရောင်ဒေါက်ဖိနပ်နဲ့ အဖြူရောင်ပန်းတွေပါတဲ့ Dior လက်ကိုင်အိတ်ကို ကိုင်ဆောင်ထားတဲ့ Jisoo ကတော့ မြင်ရသူတွေငေးမောရတဲ့အလှပိုင်ရှင်လေးဖြစ်နေခဲ့ပါတယ်။


သူကတော့ Dior အမှတ်တံဆိပ်တွေနဲ့အတူ ပြီးပြည့်စုံစွာလှပနေရုံတင်မက ချစ်စရာကောင်းတဲ့ဆံပင်စတိုင်နဲ့လည်း လိုက်ဖက်လွန်းနေတာပါ။ Jisoo ကတော့ (၂၀၂၁)ခုနှစ်ကတည်းက Dior ရဲ Global Ambassador အဖြစ်နဲ့ဆောင်ရွက်နေခဲ့တာ ဖြစ်ပါတယ်။ သူကတော့ Dior ကို အကျိုးအမြတ်များစွာရရှိစေသူအဖြစ်လည်း သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

Diorရဲ႕ ရႈိးပြဲမွာ အျဖဴေရာင္ဝတ္စုံေလးနဲ႔အျပစ္ေျပာစရာမရွိေအာင္လွရက္လြန္းေနတဲ့ Jisoo
အိုင္ေဒါသ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ Jisoo ကေတာ့ အလုပ္ေတြဆက္တိုက္ဆိုသလိုရွိေနတာျဖစ္ၿပီး အခုတစ္ခါမွာလည္း Dior ရဲ႕ Paris Haute Couture Show မွာလည္း တနလၤာေန႔က တက္ေရာက္ခဲ့ပါတယ္။


Maria Grazia Chiuri ရဲ႕လက္ရာတစ္ခုျဖစ္တဲ့ Dior အမွတ္တံဆိပ္ရဲ႕ေနာက္ဆုံးထြက္ေကာ္လက္ရွင္ထဲကတစ္ခုျဖစ္တဲ့အျဖဴေရာင္ဝတ္စုံကိုဝတ္ဆင္ထားတာပါ။ ထြင္းေဖာက္ျမင္ရတဲ့ဇာေတြပါဝင္တဲ့ရွပ္အက်ၤအတူ အတြန႔္ေတြပါဝင္တဲ့စကပ္ကိုဝတ္ဆင္ထားကာ အျဖဴေရာင္ေဒါက္ဖိနပ္နဲ႔ အျဖဴေရာင္ပန္းေတြပါတဲ့ Dior လက္ကိုင္အိတ္ကို ကိုင္ေဆာင္ထားတဲ့ Jisoo ကေတာ့ ျမင္ရသူေတြေငးေမာရတဲ့အလွပိုင္ရွင္ေလးျဖစ္ေနခဲ့ပါတယ္။


သူကေတာ့ Dior အမွတ္တံဆိပ္ေတြနဲ႔အတူ ၿပီးျပည့္စုံစြာလွပေန႐ုံတင္မက ခ်စ္စရာေကာင္းတဲ့ဆံပင္စတိုင္နဲ႔လည္း လိုက္ဖက္လြန္းေနတာပါ။ Jisoo ကေတာ့ (၂၀၂၁)ခုႏွစ္ကတည္းက Dior ရဲ Global Ambassador အျဖစ္နဲ႔ေဆာင္႐ြက္ေနခဲ့တာ ျဖစ္ပါတယ္။ သူကေတာ့ Dior ကို အက်ိဳးအျမတ္မ်ားစြာရရွိေစသူအျဖစ္လည္း သတ္မွတ္ခံထားရတာ ျဖစ္ပါတယ္။

Check Also

ဇနီးလောင်း Lee Da In ကို ဘာကြောင့်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတာကို ပြောပြခဲ့တဲ့ မင်းသား Lee Seung Gi

Lee Seung Gi နဲ့ Lee Da In တို့နှစ်ဦးကတော့ ချစ်သူတွေဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုမှာ ရွှေလက်တွဲတော့မှာပဲ ဖြစ်ပါတယ်။ ချစ်သူနှစ်ဦးကတော့ ဧပြီလမှာလက်ထပ်ပွဲကျင်းပသွားမှာ ဖြစ်တယ်လို့ …

x