ဂင်းနစ်စံချိန်သစ် (၃) ခုရရှိခဲ့တဲ့ BLACKPINK အဖွဲ့ဝင် Lisa

BLACKPINK အဖွဲ့ဝင် Lisa ကတော့ ကမ္ဘာတစ်ဝှမ်းကပရိသတ်တွေရဲ့ချစ်ခြင်းကို ရရှိထားသူတစ်ယောက်ပါ။ ပရိသတ်တွေရဲ့အားပေးမှုနဲ့အတူအောင်မြင်မှုတွေကိုလည်း တစ်ခုပြီးတစ်ခုရရှိထားပါတယ်။


ဇန်နဝါရီလ(၂၄)ရက်နေ့မှာတော့ BLACKPINK အဖွဲ့ဝင် Lisaဟာ ဂင်းနစ်စံချိန်သစ်(၃)ခုကို ရရှိထားတယ်လို့ ကြေညာခံခဲ့ရပါတယ်။အဲ့ဒါတွေကတော့ MTV Video Music Awards မှာပထမဆုံးဆုရရှိခဲ့တဲ့တစ်ကိုယ်တော်ကေပေါပ့်အနုပညာရှင် ၊ MTV Europe Music Awards မှာ ပထမဆုံးဆုရရှိခဲ့တဲ့တစ်ကိုယ်တော်ကေပေါပ့်အနုပညာရှင် နဲ့ အင်စတာဂရမ်မှာFollowersအများဆုံးကေပေါပ့်အနုပညာရှင်စတဲ့ စံချိန်တွေပဲ ဖြစ်ပါတယ်။


Lisa ကတော့ အခုဆိုရင် World Tour နဲ့အတူ ပရိသတ်တွေကို ဖျော်ဖြေမှုတွေလုပ်နေခဲ့တာဖြစ်ပြီး ဇွန်လမှပြီးဆုံးမယ်လို့ သိရပါတယ်။ Lisa ကတာ့ လက်ရှိဂင်းနစ်စံချိန်(၃)ခုအပါအဝင် စုစုပေါင်းဂင်းနစ်စံချိန်(၅)ခုကို ရရှိထားတာလည်း ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်






 

 

Check Also

ဇနီးလောင်း Lee Da In ကို ဘာကြောင့်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတာကို ပြောပြခဲ့တဲ့ မင်းသား Lee Seung Gi

Lee Seung Gi နဲ့ Lee Da In တို့နှစ်ဦးကတော့ ချစ်သူတွေဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုမှာ ရွှေလက်တွဲတော့မှာပဲ ဖြစ်ပါတယ်။ ချစ်သူနှစ်ဦးကတော့ ဧပြီလမှာလက်ထပ်ပွဲကျင်းပသွားမှာ ဖြစ်တယ်လို့ …

x