L’Oréal Paris အတွက်ရိုက်ကူးထားတဲ့ပုံရိပ်တွေမှာ ဆွဲဆောင်မှုအပြည့်နဲ့လှပနေပြန်တဲ့ Han So Hee

Posted on

မင်းသမီး Han So Hee ကတော့ လက်ရှိမှာ နာမည်ကြီးမင်းသမီးတွေထဲကတစ်ယောက်အဖြစ် ရပ်တည်နေတာပါ။ သူကတော့ ရုပ်ရှင်ဇာတ်လမ်းတွဲတွေနဲ့အတူ လူသိများတဲ့အပြင် အလှအပကြောင့်လည်း ပရိသတ်တွေရဲ့ချီးကျူးမှုကို ရရှိထားတာပါ။


Han So Hee ကတော့ နာမည်ကြီးအမှတ်တံဆိပ်ဖြစ်တဲ့ L’Oréal Paris ရဲ့ကမ်းပေချ့်တစ်ခုမှာ ပါဝင်ခဲ့ပြီး ဂန္ထဝင်ဆန်တဲ့အလှတရားတွေကို မြင်တွေ့ခဲ့ရပါတယ်။ မင်းသမီးကတော့ L’Oréal ရဲ့ လှပတဲ့ဆံပင်ဆိုးဆေးအရောင်နဲ့အတူ ဆွဲဆောင်မှုအပြည့်ဖြစ်နေခဲ့တာပါ။ ဒီပုံရိပ်တွေနဲ့အတူ ပရိသတ်တွေကတော့ Han So Hee ရဲ့အလှကိုချီးကျူးနေကြပြန်တာပဲ ဖြစ်ပါတယ်။


မင်းသမီးကတော့ အခုလိုပြီးပြည့်စုံတဲ့အလှတရားကိုပိုင်ဆိုင်ထားတာကြောင့် အလှကုန်အမှတ်တံဆိပ်များစွာနဲ့ လက်တွဲထားနိုင်တာပဲ ဖြစ်ပါတယ်။ Han So Hee ကတော့ Gyeongseong Creature ဇာတ်လမ်းတွဲနဲ့အတူ ပရိသတ်တွေဆီကို မကြာခင်ပြန်လာတော့မှာပဲ ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်




