ကမ္ဘာတစ်ဝှမ်းပရိသတ်များစွာရှိတဲ့စူပါစတားနှစ်ဦးကတော့ တွေ့ဆုံခဲ့ကြပါတယ်။ဇန်နဝါရီလ(၂၆)ရက်နေ့ကတော့ BLACKPINKအဖွဲ့ဝင် Lisa ဟာ နာမည်ကျော်စတားတစ်ယောက်ဖြစ်တဲ့ ဘောလုံးသမား Neymar နဲ့အတူဓာတ်ပုံတစ်ပုံကိုရိုက်ခဲ့ပြီး ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။
Lisa ကတော့ အင်စတာဂရမ်ရဲ့စတိုရီမှာပုံကိုတင်ခဲ့ပြီး Neymar ကို tag တွဲခဲ့ပါတယ်။ ဒီပုံကို Lisa တစ်ယောက်အင်စတာဂရမ်မှာတင်ပြီး မကြာခင်မှာပဲ Neymar ကလည်းပြန်ပြီးတော့ စတိုရီမှာတင်ခဲ့ပြန်ပါတယ်။ သူတို့နှစ်ဦးကတော့ မတော်တဆဆုံတွေခဲ့ကြတာဖြစ်ပြီး အခုလိုဓာတ်ပုံရိုက်ဖြစ်ခဲ့ကြတာလို့ သိရပါတယ်။ အခုလိုပုံကိုမျှဝေပြီးတဲ့နောက်မှာတော့ လူတော်တော်များများကပြန်လည်မျှဝေခဲ့ကြပြီး ထင်ကြေးအမျိုးမျိုးပေးနေကြတာ ဖြစ်ပါတယ်။
Lisa ကတော့ BLACKPINK အဖွဲ့ဝင်တွေနဲ့အတူ World Tour ဖျော်ဖြေမှုတွေလုပ်နေခဲ့ကြတာလည်း ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ ဖျော်ဖြေသွားမယ့်နိုင်ငံကတော့ UAE နိုင်ငံရဲ့အဘူဒါဘီမှာဖြစ်ပြီး ဇန်နဝါရီလ(၂၈)ရက်နေ့မှာဖျော်ဖြေမှာ ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်
ေဘာလုံးသမား Neymar နဲ႔တြဲ႐ိုက္ထားတဲ့ဓာတ္ပုံကိုတင္ခဲ့ၿပီးေနာက္ ထင္ေၾကးအမ်ိဳးမ်ိဳးေပးခံေနရတဲ့ Lisa
ကမာၻတစ္ဝွမ္းပရိသတ္မ်ားစြာရွိတဲ့စူပါစတားႏွစ္ဦးကေတာ့ ေတြ႕ဆုံခဲ့ၾကပါတယ္။ဇန္နဝါရီလ(၂၆)ရက္ေန႔ကေတာ့ BLACKPINKအဖြဲ႕ဝင္ Lisa ဟာ နာမည္ေက်ာ္စတားတစ္ေယာက္ျဖစ္တဲ့ ေဘာလုံးသမား Neymar နဲ႔အတူဓာတ္ပုံတစ္ပုံကို႐ိုက္ခဲ့ၿပီး ပရိသတ္ေတြကို အံ့အားသင့္ေစခဲ့ပါတယ္။
Lisa ကေတာ့ အင္စတာဂရမ္ရဲ႕စတိုရီမွာပုံကိုတင္ခဲ့ၿပီး Neymar ကို tag တြဲခဲ့ပါတယ္။ ဒီပုံကို Lisa တစ္ေယာက္အင္စတာဂရမ္မွာတင္ၿပီး မၾကာခင္မွာပဲ Neymar ကလည္းျပန္ၿပီးေတာ့ စတိုရီမွာတင္ခဲ့ျပန္ပါတယ္။ သူတို႔ႏွစ္ဦးကေတာ့ မေတာ္တဆဆုံေတြခဲ့ၾကတာျဖစ္ၿပီး အခုလိုဓာတ္ပုံ႐ိုက္ျဖစ္ခဲ့ၾကတာလို႔ သိရပါတယ္။ အခုလိုပုံကိုမွ်ေဝၿပီးတဲ့ေနာက္မွာေတာ့ လူေတာ္ေတာ္မ်ားမ်ားကျပန္လည္မွ်ေဝခဲ့ၾကၿပီး ထင္ေၾကးအမ်ိဳးမ်ိဳးေပးေနၾကတာ ျဖစ္ပါတယ္။
Lisa ကေတာ့ BLACKPINK အဖြဲ႕ဝင္ေတြနဲ႔အတူ World Tour ေဖ်ာ္ေျဖမႈေတြလုပ္ေနခဲ့ၾကတာလည္း ျဖစ္ပါတယ္။ ဆက္လက္ၿပီးေတာ့ ေဖ်ာ္ေျဖသြားမယ့္ႏိုင္ငံကေတာ့ UAE ႏိုင္ငံရဲ႕အဘူဒါဘီမွာျဖစ္ၿပီး ဇန္နဝါရီလ(၂၈)ရက္ေန႔မွာေဖ်ာ္ေျဖမွာ ျဖစ္ပါတယ္။