ဒရမ်မာသစ်မှာပါဝင်ဖို့ အတည်ပြုလိုက်တဲ့ IU နဲ့ Park Bo Gum

နာမည်ကျော်နှစ်ယောက်ဖြစ်တဲ့ IU နဲ့ Park Bo Gum တို့ကိုတော့ ဒရမ်မာဇာတ်လမ်းတွဲသစ်မှာအတူမြင်တွေ့ရတော့မှာပဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးကတော့ You Have Done Well ဆိုတဲ့ဒရမ်မာမှာပါဝင်ဖို့ညှနှိုင်းခဲ့ကြပြီး ပါဝင်သရုပ်ဆောင်ဖို့လက်ခံလိုက်ကြပြီပဲ ဖြစ်ပါတယ်။


(၁၉၅၀) ခုနှစ်ရဲ့ ဂျယ်ဂျူးကျွန်းကိုအခြေခံထားတာဖြစ်ပြီး Ae Soon နဲ့ Kwan Sik တို့လူငယ်နှစ်ဦးကြားက ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဒီဇာတ်လမ်းကတော့ ဂျယ်ဂျူးကျွန်းရဲ့ဆွတ်ပျံ့ကြည်နူးဖွယ်အချစ်ဇာတ်လမ်းတစ်ပုဒ်လည်းဖြစ်ပါတယ်။ Ae Soon ကတော့ ကျောင်းတောင်မတက်ခဲ့ရပေမဲ့ ကဗျာဆရာတစ်ယောက်ဖြစ်လိုတဲ့ကောင်မလေးဖြစ်ပြီး ရိုးသားကြိုးစားတဲ့ကောင်လေး Kwan Sik ကတော့ အချစ်ကိုလုံးဝစိတ်မဝင်စားတဲ့အေးစက်စက်ကောင်လေးပေမဲ့ Ae Soon ရဲ့အပြုအမူလေးတွေကစပြီး လုံးဝကိုကြွေသွားခဲ့တာဖြစ်ပါတယ်။


ဒီဇာတ်လမ်းမှာတော့ မင်းသမီး IU က Ae Soon အဖြစ်ပါဝင်ထားပြီး Park Bo Gum ကတော့ Kwan Sik အဖြစ်ပါဝင်ထားပါတယ်။ ဒီဇာတ်လမ်းတွဲဟာ Fight for My Way နဲ့ When the Camellia Bloomsစတဲ့ နာမည်ကျော်ဇာတ်လမ်းတွဲတွေကိုရေးသားခဲ့သူစာရေးဆရာကပဲ ဖန်တီးထားတာ ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်






Check Also

ဇနီးလောင်း Lee Da In ကို ဘာကြောင့်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတာကို ပြောပြခဲ့တဲ့ မင်းသား Lee Seung Gi

Lee Seung Gi နဲ့ Lee Da In တို့နှစ်ဦးကတော့ ချစ်သူတွေဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုမှာ ရွှေလက်တွဲတော့မှာပဲ ဖြစ်ပါတယ်။ ချစ်သူနှစ်ဦးကတော့ ဧပြီလမှာလက်ထပ်ပွဲကျင်းပသွားမှာ ဖြစ်တယ်လို့ …

x