ပရိသတ်တွေချစ်ရတဲ့အနုပညာရှင်နှစ်ဦးဖြစ်တဲ့ Hyun A နဲ့ Dawn တို့နှစ်ဦးကတော့ ပြန်လည်တွဲနေကြပြီဆိုတဲ့သတင်းထွက်ပေါ်လာခဲ့ပါတယ်။ သူတို့နှစ်ဦးကတော့ (၆)နှစ်ကြာတွဲခဲ့ကြပြီးနောက် ပြတ်စဲသွားကြပြီလို့ ပြီးခဲ့တဲ့နိုဝင်ဘာလက အတိအလင်းကြေညာခဲ့တာပါ။
အဲ့ဒီနောက်ပိုင်းမှာလည်း နှစ်ဦးစလုံးဟာ နှုတ်ခမ်းကိုဖောက်ပြီးအလှဆင်ခြင်းမျိုးကို တစ်ချိန်တည်းမှာတွေ့ခဲ့ရတာကြောင့် အတော်များများကပြန်လည်အဆင်ပြေနေပြီလို့ယူဆခဲ့ကြပေမဲ့ သူတို့နှစ်ဦးစလုံးကငြင်းဆိုထားပါတယ်။ အခုလည်း အတွင်းသိတစ်ယောက်ကတော့ မီဒီယာတွေကို Hyun A နဲ့ Dawn တို့ဟာချစ်သူတွေအဖြစ်နဲ့ ပြန်လည်တွဲနေကြပြီလို့ ဆိုပါတယ်။
“သူတို့နှစ်ဦးဟာ ရိုက်ကွင်းတွေမှာအတူတူရှိပြီးနိုင်ငံရပ်ခြားတွေတောင်အတူတကွသွားခဲ့ကြပါသေးတယ်။ အရင်တုန်းကလိုမျိုးပဲ တစ်ယောက်နဲ့တစ်ယောက်ဂရုစိုက်မှုတွေ ရှိကြပါတယ်” လို့ဆိုထားပါတယ်။
Zawgyi ဖြင့်ဖတ်ရန်
အတွင်းသိတစ်ယောက်မှ ဖောက်သည်ချခဲ့တဲ့ HyunA နဲ့ Dawn တို့နှစ်ဦးရဲ့အချစ်ရေး