ဒရမ်မာတစ်ခုရဲ့အပိုင်းတစ်ပိုင်းအတွက် မင်းသမီး Song Hye Kyo ရဲ့သရုပ်ဆောင်ကြေး

မင်းသမီး Song Hye Kyo ကတော့ နိုင်ငံတကာမှာပါနာမည်ကျော်ကြားတဲ့မင်းသမီးတစ်လက်ပါ။ အံ့သြလောက်စရာများပြားလှတဲ့မင်းသမီးရဲ့သရုပ်ဆောင်ကြေးကိုတော့ သိရှိခဲ့ရပါတယ်။ သတင်းထောက် Ahn Jin Yong ကတော့ You Tube မှာ ဝင်ငွေအမြင့်ဆုံးကိုရီးယားနိုင်ငံရဲ့ကြယ်ပွင့်တွေဖော်ပြခဲ့ပါတယ်။ဗီဒီယိုထဲမှာတော့ သတင်းထောက်ဟာ ဇာတ်လမ်းတစ်ခုရဲ့အပိုင်းတစ်ပိုင်းမှာရရှိတဲ့သရုပ်ဆောင်ကြေးကို ဖော်ပြခဲ့ပါတယ်။


မင်းသားများဟာ သရုပ်ဆောင်ကြေးပိုမိုရရှိတာဖြစ်ပြီး Song Joong Ki ၊ Lee Jong Seok နဲ့ Ji Chang Wook တို့ကတော့ ဇာတ်လမ်းတွဲတစ်ခုရဲ့အပိုင်းတစ်ပိုင်းမှာပါဝင်သရုပ်ဆောင်ကြေးအနေနဲ့ ကိုရီးယားဝမ်သန်း(၃၀၀) ခန့် ရရှိတာဖြစ်ပြီး အဲ့ဒီထက်တောင်မှပိုနိုင်တယ်လို့ သိရပါတယ်။ ဇာတ်လမ်းတွဲတစ်ခုမှာ အပိုင်း(၁၆) ပါဝင်လေ့ရှိတာဖြစ်တာကြောင့် ဇာတ်လမ်းတွဲတစ်ခုအတွက် ဝမ် (၄.၈) ဘီလီယံရရှိတာလည်း ဖြစ်ပါတယ်။ Lee Min Ho နဲ့ Kim So Hyun တို့လို့မင်သားတွေကတော့ တစ်ပိုင်းကို သန်း(၃၀၀) ကျော်ရရှိပြီးသားလည်း ဖြစ်ပါတယ်။


မင်းသမီးတွေထဲမှာတော့ Jun Ji Hyun နဲ့ Song Hye Kyo တို့ကထိပ်ဆုံးမှာရှိနေပြီး အပိုင်းတစ်ပိုင်းအတွက် ဝမ်သန်း (၂၀၀) ပတ်ဝန်းကျင်ရရှိတာဖြစ်ပါတယ်။ မင်းသမီး Song Hye Kyo ကတော့ The Glory ဇာတ်လမ်းတွဲရဲ့အောင်မြင်မှုတွေကြောင့် နောက်ထပ်လာမယ့် ဒရမ်မာဇာတ်လမ်းတွေမှာ ဝမ်သန်း(၂၀၀) ထက်ကျော်လွန်တဲ့သရုပ်ဆောင်ကြေးရရှိလာမယ်လို့ ခန့်မှန်းထားတာလည်း ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

ဒရမ္မာတစ္ခုရဲ႕အပိုင္းတစ္ပိုင္းအတြက္ မင္းသမီး Song Hye Kyo ရဲ႕သ႐ုပ္ေဆာင္ေၾကး
မင္းသမီး Song Hye Kyo ကေတာ့ ႏိုင္ငံတကာမွာပါနာမည္ေက်ာ္ၾကားတဲ့မင္းသမီးတစ္လက္ပါ။ အံ့ၾသေလာက္စရာမ်ားျပားလွတဲ့မင္းသမီးရဲ႕သ႐ုပ္ေဆာင္ေၾကးကိုေတာ့ သိရွိခဲ့ရပါတယ္။ သတင္းေထာက္ Ahn Jin Yong ကေတာ့ You Tube မွာ ဝင္ေငြအျမင့္ဆုံးကိုရီးယားႏိုင္ငံရဲ႕ၾကယ္ပြင့္ေတြေဖာ္ျပခဲ့ပါတယ္။ဗီဒီယိုထဲမွာေတာ့ သတင္းေထာက္ဟာ ဇာတ္လမ္းတစ္ခုရဲ႕အပိုင္းတစ္ပိုင္းမွာရရွိတဲ့သ႐ုပ္ေဆာင္ေၾကးကို ေဖာ္ျပခဲ့ပါတယ္။


မင္းသားမ်ားဟာ သ႐ုပ္ေဆာင္ေၾကးပိုမိုရရွိတာျဖစ္ၿပီး Song Joong Ki ၊ Lee Jong Seok နဲ႔ Ji Chang Wook တို႔ကေတာ့ ဇာတ္လမ္းတြဲတစ္ခုရဲ႕အပိုင္းတစ္ပိုင္းမွာပါဝင္သ႐ုပ္ေဆာင္ေၾကးအေနနဲ႔ ကိုရီးယားဝမ္သန္း(၃၀၀) ခန႔္ ရရွိတာျဖစ္ၿပီး အဲ့ဒီထက္ေတာင္မွပိုႏိုင္တယ္လို႔ သိရပါတယ္။ ဇာတ္လမ္းတြဲတစ္ခုမွာ အပိုင္း(၁၆) ပါဝင္ေလ့ရွိတာျဖစ္တာေၾကာင့္ ဇာတ္လမ္းတြဲတစ္ခုအတြက္ ဝမ္ (၄.၈) ဘီလီယံရရွိတာလည္း ျဖစ္ပါတယ္။ Lee Min Ho နဲ႔ Kim So Hyun တို႔လို႔မင္သားေတြကေတာ့ တစ္ပိုင္းကို သန္း(၃၀၀) ေက်ာ္ရရွိၿပီးသားလည္း ျဖစ္ပါတယ္။


မင္းသမီးေတြထဲမွာေတာ့ Jun Ji Hyun နဲ႔ Song Hye Kyo တို႔ကထိပ္ဆုံးမွာရွိေနၿပီး အပိုင္းတစ္ပိုင္းအတြက္ ဝမ္သန္း (၂၀၀) ပတ္ဝန္းက်င္ရရွိတာျဖစ္ပါတယ္။ မင္းသမီး Song Hye Kyo ကေတာ့ The Glory ဇာတ္လမ္းတြဲရဲ႕ေအာင္ျမင္မႈေတြေၾကာင့္ ေနာက္ထပ္လာမယ့္ ဒရမ္မာဇာတ္လမ္းေတြမွာ ဝမ္သန္း(၂၀၀) ထက္ေက်ာ္လြန္တဲ့သ႐ုပ္ေဆာင္ေၾကးရရွိလာမယ္လို႔ ခန႔္မွန္းထားတာလည္း ျဖစ္ပါတယ္။

Check Also

ဇနီးလောင်း Lee Da In ကို ဘာကြောင့်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတာကို ပြောပြခဲ့တဲ့ မင်းသား Lee Seung Gi

Lee Seung Gi နဲ့ Lee Da In တို့နှစ်ဦးကတော့ ချစ်သူတွေဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုမှာ ရွှေလက်တွဲတော့မှာပဲ ဖြစ်ပါတယ်။ ချစ်သူနှစ်ဦးကတော့ ဧပြီလမှာလက်ထပ်ပွဲကျင်းပသွားမှာ ဖြစ်တယ်လို့ …

x