The Glory ဇာတ်လမ်းတွဲရဲ့အောင်မြင်မှုနဲ့အတူ ပါဝင်တဲ့သရုပ်ဆောင်တွေဟာလည်း ပရိသတ်တွေကြားနာမည်ကြီးနေပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ လေယာဉ်မယ်အဖြစ်နဲ့ပါဝင်ခဲ့တဲ့ မင်းသမီး Cha Joo Young ကတော့ ပရိသတ်တွေကြားနာမည်ကြီးလာတဲ့သူတစ်ယောက်ပါ။
သူကတော့ ဇာတ်လမ်းတွဲထဲမှာ ကောက်ကျစ်ပြီးလိမ်ညာတတ်တဲ့ဗီလန်တစ်ယောက်အဖြစ်သရုပ်ဆောင်ခဲ့ပေးမဲ့ လက်တွေ့ဘဝမှာတော့ ကြင်နာနွေးထွေးတတ်တဲ့သူတစ်ယောက်ဖြစ်နေခဲ့ပါတယ်။ ရိုက်ကူးရေးဝန်ထမ်းတစ်ယောက်ကတော့ သတင်းထောက်ကို မင်းသမီးနဲ့ပတ်သက်ပြီး မမေ့နိုင်စရာအဖြစ်အပျက်တစ်ခုကို ပြောပြခဲ့ပါတယ်။ “Cha Joo Young ကြောင့်ငါအရမ်းကိုအံ့အားသင့်ခဲ့ရတယ်။ အဲ့ဒါက မင်းသမီးတစ်ယောက်ဆီက ကင်မ်ချီရတာ ပထမဆုံးပဲလို့ထင်တယ်” ဆိုပြီးတော့ ပြောပြခဲ့တာပါ။
မင်းသမီး Cha Joo Young ကတော့ ကင်မ်ချီတွေကို မိသားစုနဲ့အတူလုပ်ခဲ့ပြီးတော့ ရိုက်ကူးရေးဝန်ထမ်းတွေကို တစ်ယောက်ချင်းစီကင်မ်ချီဘူးတွေကို ပေးခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းကတော့ မင်းသမီးဟာ(၁၀)ဘူးခန့်ပြင်လာတယ်လို့ သိရပါတယ်။ အခုလိုနွေးထွေးပြီးဂရုစိုက်တတ်တဲ့စရိုက်လေးကတော့ ဇာတ်လမ်းထဲက Choi Hye Jeong နဲ့လုံးဝကိုကွဲပြားလို့နေပါတယ်။
Zawgyi ဖြင့်ဖတ်ရန်
႐ိုက္ကူးေရးဝန္ထမ္းတစ္ဦးကေျပာျပတဲ့ The Glory မင္းသမီး Cha Joo Young ေနြးေထြးတဲ့ပံုစံ
ဇာတ္လမ္းထဲနဲ့တချားစီ….
The Glory ဇာတ္လမ္းတြဲရဲ႕ေအာင္ျမင္မႈနဲ႔အတူ ပါဝင္တဲ့သ႐ုပ္ေဆာင္ေတြဟာလည္း ပရိသတ္ေတြၾကားနာမည္ႀကီးေနပါတယ္။ ဒီဇာတ္လမ္းတြဲထဲမွာေတာ့ ေလယာဥ္မယ္အျဖစ္နဲ႔ပါဝင္ခဲ့တဲ့ မင္းသမီး Cha Joo Young ကေတာ့ ပရိသတ္ေတြၾကားနာမည္ႀကီးလာတဲ့သူတစ္ေယာက္ပါ။
သူကေတာ့ ဇာတ္လမ္းတြဲထဲမွာ ေကာက္က်စ္ၿပီးလိမ္ညာတတ္တဲ့ဗီလန္တစ္ေယာက္အျဖစ္သ႐ုပ္ေဆာင္ခဲ့ေပးမဲ့ လက္ေတြ႕ဘဝမွာေတာ့ ၾကင္နာေႏြးေထြးတတ္တဲ့သူတစ္ေယာက္ျဖစ္ေနခဲ့ပါတယ္။ ႐ိုက္ကူးေရးဝန္ထမ္းတစ္ေယာက္ကေတာ့ သတင္းေထာက္ကို မင္းသမီးနဲ႔ပတ္သက္ၿပီး မေမ့ႏိုင္စရာအျဖစ္အပ်က္တစ္ခုကို ေျပာျပခဲ့ပါတယ္။ “Cha Joo Young ေၾကာင့္ငါအရမ္းကိုအံ့အားသင့္ခဲ့ရတယ္။ အဲ့ဒါက မင္းသမီးတစ္ေယာက္ဆီက ကင္မ္ခ်ီရတာ ပထမဆုံးပဲလို႔ထင္တယ္” ဆိုၿပီးေတာ့ ေျပာျပခဲ့တာပါ။
မင္းသမီး Cha Joo Young ကေတာ့ ကင္မ္ခ်ီေတြကို မိသားစုနဲ႔အတူလုပ္ခဲ့ၿပီးေတာ့ ႐ိုက္ကူးေရးဝန္ထမ္းေတြကို တစ္ေယာက္ခ်င္းစီကင္မ္ခ်ီဘူးေတြကို ေပးခဲ့ပါတယ္။ အဲ့ဒီအခ်ိန္တုန္းကေတာ့ မင္းသမီးဟာ(၁၀)ဘူးခန႔္ျပင္လာတယ္လို႔ သိရပါတယ္။ အခုလိုေႏြးေထြးၿပီးဂ႐ုစိုက္တတ္တဲ့စ႐ိုက္ေလးကေတာ့ ဇာတ္လမ္းထဲက Choi Hye Jeong နဲ႔လုံးဝကိုကြဲျပားလို႔ေနပါတယ္။