မင်းသမီး Goo Hye Sun ကတော့ လက်ရှိမှာအသက် (၃၈) ရှိနေပြီဖြစ်ပြီး သရုပ်ဆောင်၊ဒါရိုက်တစ်ယောက်အနေနဲ့ နာမည်ကျော်ကြားတဲ့အနုပညာရှင်တစ်ယောက်ပါ။ သူကတော့ တက်သစ်စသရုပ်ဆောင်ဘဝကအတွေ့အကြုံတွေအကြောင်းကို သူတက်ရောက်ခဲ့တဲ့ Sungkyunkwan University မှာပြောပြခဲ့ပါတယ်။
မင်းသမီးကတော့ (၂၀၀၉) ခုနှစ်မှာ အောင်မြင်ခဲ့တဲ့ Boys Over Flowers ဇာတ်လမ်းတွဲမှာ ဂေါင်ဂျန်ဒီအဖြစ်ပါဝင်ခဲ့ပြီးလူသိများလာခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ Angel Eyes နဲ့ Blood ကဲ့သလို့ဇာတ်လမ်းတွေမှာပါဝင်ခဲ့ပြီး အားလုံးရဲ့အာရုံစိုက်မှုကိုလည်း ခံခဲ့ရတာပါ သူ့ရဲ့တက်သစ်စသရုပ်ဆောင်ဘဝမှာ သရုပ်ဆောင်စွမ်းရည်ကိုဝေဖန်ခဲ့ကြပြီး ရယ်စရာအဖြစ်အွန်လိုင်းမှာ meme တွေပြုလုပ်ခံခဲ့ရကြောင်းပြောပြခဲ့ပါတယ်။
မင်းသမီးကေတာ့ ပွဲဦးထွက်စဉ်က အဆင်သင့်အဖြစ်သေးခဲ့ပဲ သရုပ်ဆောင်စွမ်းရည်ကလည်းမကောင်းသေးကြောင်း ဝန်ခံခဲ့ပါတယ်။ အဲ့ဒီလိုခက်ခဲတဲ့အချိန်တွေမှာ အသက်မရှင်ချင်တော့တဲ့စိတ်မျိုးဖြစ်ခဲ့ပြီး bungee jumping နဲ့ရေငုပ်ခြင်းတို့လိုအားကစားတွေလုပ်ပြီး စိတ်ပင်ပန်းမှုတွေကိုသက်သာစေခဲ့တဲ့အကြောင်းတွေကို မျှဝေခဲ့ပါတယ်။ ဇာတ်ကားသစ်တွေလက်ခံထားတာမရှိသေးပေမဲ့ လက်ရှိမှာတော့ ဒါရိုက်တာအဖြစ်လည်းလှုပ်ရှားမှုတွေလုပ်နေတဲ့မင်းသမီးဟာ Studio Ku Hye Sun ဆိုတဲ့မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးသွားဖို့လည်း ရှိနေပါတယ်။
Zawgyi ဖြင်ဖတ်ရန်
တက္သစ္စသ႐ုပ္ေဆာင္ဘဝမွာ ေလွာင္ေျပာင္မႈနဲ႔ေဝဖန္မႈေတြႀကဳံခဲ့ရတဲ့ မင္းသမီး Goo Hye Sun
မင္းသမီး Goo Hye Sun ကေတာ့ လက္ရွိမွာအသက္ (၃၈) ရွိေနၿပီျဖစ္ၿပီး သ႐ုပ္ေဆာင္၊ဒါ႐ိုက္တစ္ေယာက္အေနနဲ႔ နာမည္ေက်ာ္ၾကားတဲ့အႏုပညာရွင္တစ္ေယာက္ပါ။ သူကေတာ့ တက္သစ္စသ႐ုပ္ေဆာင္ဘဝကအေတြ႕အႀကဳံေတြအေၾကာင္းကို သူတက္ေရာက္ခဲ့တဲ့ Sungkyunkwan University မွာေျပာျပခဲ့ပါတယ္။
မင္းသမီးကေတာ့ (၂၀၀၉) ခုႏွစ္မွာ ေအာင္ျမင္ခဲ့တဲ့ Boys Over Flowers ဇာတ္လမ္းတြဲမွာ ေဂါင္ဂ်န္ဒီအျဖစ္ပါဝင္ခဲ့ၿပီးလူသိမ်ားလာခဲ့ပါတယ္။ အဲ့ဒီေနာက္ပိုင္းမွာ Angel Eyes နဲ႔ Blood ကဲ့သလို႔ဇာတ္လမ္းေတြမွာပါဝင္ခဲ့ၿပီး အားလုံးရဲ႕အာ႐ုံစိုက္မႈကိုလည္း ခံခဲ့ရတာပါ သူ႔ရဲ႕တက္သစ္စသ႐ုပ္ေဆာင္ဘဝမွာ သ႐ုပ္ေဆာင္စြမ္းရည္ကိုေဝဖန္ခဲ့ၾကၿပီး ရယ္စရာအျဖစ္အြန္လိုင္းမွာ meme ေတြျပဳလုပ္ခံခဲ့ရေၾကာင္းေျပာျပခဲ့ပါတယ္။
မင္းသမီးေကတာ့ ပြဲဦးထြက္စဥ္က အဆင္သင့္အျဖစ္ေသးခဲ့ပဲ သ႐ုပ္ေဆာင္စြမ္းရည္ကလည္းမေကာင္းေသးေၾကာင္း ဝန္ခံခဲ့ပါတယ္။ အဲ့ဒီလိုခက္ခဲတဲ့အခ်ိန္ေတြမွာ အသက္မရွင္ခ်င္ေတာ့တဲ့စိတ္မ်ိဳးျဖစ္ခဲ့ၿပီး bungee jumping နဲ႔ေရငုပ္ျခင္းတို႔လိုအားကစားေတြလုပ္ၿပီး စိတ္ပင္ပန္းမႈေတြကိုသက္သာေစခဲ့တဲ့အေၾကာင္းေတြကို မွ်ေဝခဲ့ပါတယ္။ ဇာတ္ကားသစ္ေတြလက္ခံထားတာမရွိေသးေပမဲ့ လက္ရွိမွာေတာ့ ဒါ႐ိုက္တာအျဖစ္လည္းလႈပ္ရွားမႈေတြလုပ္ေနတဲ့မင္းသမီးဟာ Studio Ku Hye Sun ဆိုတဲ့မွတ္တမ္း႐ုပ္ရွင္ကို ႐ိုက္ကူးသြားဖို႔လည္း ရွိေနပါတယ္။