မင်းသား Ji Chang Wook ကတော့ နာမည်ကျော်မင်းသားတစ်လက်အဖြစ်နှစ်ပေါင်းများစွာရပ်တည်နေသလို မင်းသမီး Shin Hye Sun ကလည်းထူးချွန်တဲ့သရုပ်ဆောင်ချက်တွေနဲ့အတူ နာမည်ကြီးတဲ့မင်းသမီးတစ်လက်ပါ။ သူတို့နှစ်ဦးကိုတော့ ဒရမ်မာသစ်မှာမြင်တွေ့ရမှာ ဖြစ်ပါတယ်။
မင်းသားရဲ့အေဂျင်စီဖြစ်တဲ့ Glorious Entertainment က Ji Chang Wook ကတော့Welcome to Samdalri ဆိုတဲ့ဒရမ်မာအတွက်ကမ်းလှမ်းခံထားရပြီး အသေးစိတ်ကိုဆွေးနွေးနေဆဲဖြစ်တယ်လို့ ဆိုထားပါတယ် ။မင်းသမီး Shin Hye Sun ရဲ့ အေဂျင်စီ IOK Company ကလည်းပဲ Wax Doll ဆိုတဲ့ဒရမ်မာအတွက် ပြင်ဆင်နေကြောင်းနဲ့ Welcome to Samdalri ဒရမ်မာကိုကမ်းလှမ်းထားတာကိုတော့ ဆုံးဖြတ်နေဆဲဖြစ်ကြောင်း ပြောကြားထားပါတယ်။
Welcome to Samdalri ဒရမ်မာဟာ Healing Romance ဒရမ်မာအမျိုးအစားဖြစ်ပြီး ပြီးပြည့်စုံတဲ့ဘဝကနေ အရာအားလုံးကိုဆုံးရှုံးလိုက်ရပြီးနောက် ပြန်လည်စတင်မယ့်အမျိုးသမီးတစ်ယောက်ရဲ့ဘဝအကြောင်းကိုအခြေခံရိုက်ကူးထားတာပါ။ ဒီဇာတ်လမ်းကတော့ When the Camellia Bloomsကိုရိုက်ကူးခဲ့တဲ့ဒါရိုက်တာနဲ့ Hi Bye Mama ကိုရေးသားခဲ့တဲ့စာရေးဆရာတို့ကဖန်တီးထားတာပဲ ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်
Ji Chang Wook နဲ႔ Shin Hye Sun တို႔ကို အတူျမင္ေတြ႕ရမယ့္ ဒရမ္မာသစ္
မင္းသား Ji Chang Wook ကေတာ့ နာမည္ေက်ာ္မင္းသားတစ္လက္အျဖစ္ႏွစ္ေပါင္းမ်ားစြာရပ္တည္ေနသလို မင္းသမီး Shin Hye Sun ကလည္းထူးခြၽန္တဲ့သ႐ုပ္ေဆာင္ခ်က္ေတြနဲ႔အတူ နာမည္ႀကီးတဲ့မင္းသမီးတစ္လက္ပါ။ သူတို႔ႏွစ္ဦးကိုေတာ့ ဒရမ္မာသစ္မွာျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။
မင္းသားရဲ႕ေအဂ်င္စီျဖစ္တဲ့ Glorious Entertainment က Ji Chang Wook ကေတာ့Welcome to Samdalri ဆိုတဲ့ဒရမ္မာအတြက္ကမ္းလွမ္းခံထားရၿပီး အေသးစိတ္ကိုေဆြးေႏြးေနဆဲျဖစ္တယ္လို႔ ဆိုထားပါတယ္ ။မင္းသမီး Shin Hye Sun ရဲ႕ ေအဂ်င္စီ IOK Company ကလည္းပဲ Wax Doll ဆိုတဲ့ဒရမ္မာအတြက္ ျပင္ဆင္ေနေၾကာင္းနဲ႔ Welcome to Samdalri ဒရမ္မာကိုကမ္းလွမ္းထားတာကိုေတာ့ ဆုံးျဖတ္ေနဆဲျဖစ္ေၾကာင္း ေျပာၾကားထားပါတယ္။
Welcome to Samdalri ဒရမ္မာဟာ Healing Romance ဒရမ္မာအမ်ိဳးအစားျဖစ္ၿပီး ၿပီးျပည့္စုံတဲ့ဘဝကေန အရာအားလုံးကိုဆုံးရႈံးလိုက္ရၿပီးေနာက္ ျပန္လည္စတင္မယ့္အမ်ိဳးသမီးတစ္ေယာက္ရဲ႕ဘဝအေၾကာင္းကိုအေျခခံ႐ိုက္ကူးထားတာပါ။ ဒီဇာတ္လမ္းကေတာ့ When the Camellia Bloomsကို႐ိုက္ကူးခဲ့တဲ့ဒါ႐ိုက္တာနဲ႔ Hi Bye Mama ကိုေရးသားခဲ့တဲ့စာေရးဆရာတို႔ကဖန္တီးထားတာပဲ ျဖစ္ပါတယ္။