တောင်ကိုရီးယားနိုင်ငံကတော့ အသက်(၁၈) နှစ်ကနေ (၃၅)နှစ်အတွင်းမှာရှိတဲ့ကျန်းမာသန်စွမ်းတဲ့အမျိုးသားတွေက စစ်မှုထမ်းဆောင်ရတာဖြစ်ပါတယ်။ စစ်မှုထမ်းဆောင်စရာမလိုတဲ့ ခြွင်းချက်အဖြစ်သတ်မှတ်ထားသူတွေထဲမှာတော့ အနုပညာရှင်မင်းသားတွေမပါဝင်တာကြောင့် သူတို့ရဲ့စစ်မှုထမ်းဆောင်ရမယ့်နေ့တွေကိုလည်း ပရိသတ်တွေကစိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ(၂)ရက်နေ့က မင်းသား Lee Do Hyun ဟာဒီနှစ်ရဲ့ပထမနှစ်ဝက်အတွင်းမှာ စစ်မှုထမ်းဆောင်တော့မယ်ဆိုတဲ့သတင်းတွေ ထွက်ရှိလာခဲ့ပါတယ်။ ဒါပေမဲ့လည်း မင်းသားရဲ့အေဂျင်စီဖြစ်တဲ့ Yuehua Entertainment ကတော့ “ဘာကိုမှမဆုံးဖြတ်ရသေးပါဘူး။ မဖြစ်မနေ စစ်မှုထမ်းဆောင်ရတာဖြစ်တာကြောင့် ဆုံးဖြတ်ပြီးတာနဲ့မင်းကိုအကြောင်းကြားပေးပါမယ်” လို့ ဆိုထားပါတယ်။
မင်းသားရဲ့စစ်မှုထမ်းဆောင်ရမယ့်ရက်ကတော့ မဆွေးနွေးရသေးဘူးလို့ သတင်းတွေထွက်ရှိလာပါတယ်။ သူဟာလက်ရှိမှာ အသက် (၂၇) နှစ်ရှိနေပြီဖြစ်ပါတယ်။ မင်းသားကတော့JTBC ဒရမ်မာသစ် The Good Bad Mother နဲ့ပြသဆဲ The Glory ဇာတ်လမ်းတွဲတွေမှာပါဝင်ထားပါတယ်။
Zawgyi ဖြင့်ဖတ်ရန်
Lee Do Hyun စစ္မႈထမ္းေဆာင္ေတာ့မယ္ဆိုတဲ့သတင္းေတြနဲ႔ပတ္သက္ၿပီး ျငင္းဆိုခဲ့တဲ့ မင္းသားရဲ႕ေအဂ်င္စီ
ေတာင္ကိုရီးယားႏိုင္ငံကေတာ့ အသက္(၁၈) ႏွစ္ကေန (၃၅)ႏွစ္အတြင္းမွာရွိတဲ့က်န္းမာသန္စြမ္းတဲ့အမ်ိဳးသားေတြက စစ္မႈထမ္းေဆာင္ရတာျဖစ္ပါတယ္။ စစ္မႈထမ္းေဆာင္စရာမလိုတဲ့ ႁခြင္းခ်က္အျဖစ္သတ္မွတ္ထားသူေတြထဲမွာေတာ့ အႏုပညာရွင္မင္းသားေတြမပါဝင္တာေၾကာင့္ သူတို႔ရဲ႕စစ္မႈထမ္းေဆာင္ရမယ့္ေန႔ေတြကိုလည္း ပရိသတ္ေတြကစိတ္ဝင္စားေနၾကတာ ျဖစ္ပါတယ္။
ေဖေဖာ္ဝါရီ(၂)ရက္ေန႔က မင္းသား Lee Do Hyun ဟာဒီႏွစ္ရဲ႕ပထမႏွစ္ဝက္အတြင္းမွာ စစ္မႈထမ္းေဆာင္ေတာ့မယ္ဆိုတဲ့သတင္းေတြ ထြက္ရွိလာခဲ့ပါတယ္။ ဒါေပမဲ့လည္း မင္းသားရဲ႕ေအဂ်င္စီျဖစ္တဲ့ Yuehua Entertainment ကေတာ့ “ဘာကိုမွမဆုံးျဖတ္ရေသးပါဘူး။ မျဖစ္မေန စစ္မႈထမ္းေဆာင္ရတာျဖစ္တာေၾကာင့္ ဆုံးျဖတ္ၿပီးတာနဲ႔မင္းကိုအေၾကာင္းၾကားေပးပါမယ္” လို႔ ဆိုထားပါတယ္။
မင္းသားရဲ႕စစ္မႈထမ္းေဆာင္ရမယ့္ရက္ကေတာ့ မေဆြးေႏြးရေသးဘူးလို႔ သတင္းေတြထြက္ရွိလာပါတယ္။ သူဟာလက္ရွိမွာ အသက္(၂၇)ႏွစ္ရွိေနၿပီျဖစ္ပါတယ္။ မင္းသားကေတာ့JTBC ဒရမ္မာသစ္ The Good Bad Mother နဲ႔ျပသဆဲ The Glory ဇာတ္လမ္းတြဲေတြမွာပါဝင္ထားပါတယ္။