MBC ရဲ့ သမိုင်းကြောင်းနောက်ခံဒရမ်မာသစ်မှာပါဝင်ဖို့အတွက် ဆွေးနွေးနေတဲ့မင်းသမီး Lee Se Young

Posted on

ဒရမ်မာဇာတ်လမ်းတွဲတွေကိုကြိုက်တဲ့ပရိသတ်တွေကတော့ မင်းသမီး Lee Se Young ကို သိကြမှာပါ။ ကလေးသရုပ်ဆောင်ဘဝကတည်းကအနုပညာတွေလုပ်ခဲ့တာဖြစ်ပြီး The Red Sleeve ဇာတ်လမ်းတွဲနဲ့အတူ တစ်ရှိန်ထိုးအောင်မြင်ကျော်ကြားလာခဲ့တာပါ။


မင်းသမီးရဲ့အေဂျင်စီကတော့ “Lee Se Young ဟာ MBC ရဲ့ဒရမ်မာသစ် Park’s Contract Marriage Story ရဲ့ထုတ်လုပ်သူတွေဆီကနေ ပါဝင်သရုပ်ဆောင်ဖို့အတွက် ကမ်းလှမ်းမှုရရှိထားတာဖြစ်ပြီး ပြန်လည်သုံးသပ်နေတာဖြစ်တယ်” လို့ ဆိုပါတယ်။ Park’s Contract Marriage Story ဒရမ်မာကတော့ ဂျိုဆွန်းခေတ်ကမိန်းကလေး Park ဟာ (၂၀၂၁) ခုနှစ်ကိုရုတ်တရက်ရောက်လာပြီးနောက်Kang Tae Ha ဆိုတဲ့အမျိုးသားရဲ့သတို့သမီးဖြစ်လာတဲ့အကြောင်းကို ရိုက်ကူးထားတဲ့အချစ်ဟာသဇာတ်လမ်းတွဲလေးပါ။


လက်ရှိမှာတော့ Lee Se Young ဟာ အဓိကဇာတ်ဆောင်မိန်းကလေး Park Yeon Woo အဖြစ်ပါဝင်ဖို့ ကမ်းလှမ်းခံထားရတာ ဖြစ်ပါတယ်။ (၂၀၂၁) ခုနှစ်မှာတော့ မင်းသမီးဟာ MBC ရဲ့ဒရမ်မာဖြစ်တဲ့ The Red Sleeve နဲ့အတူရေပန်းစားအောင်မြင်ခဲ့တာဖြစ်ပြီး လက်ရှိကမ်းလှမ်းထားတဲ့ MBC ရဲ့သမိုင်းကြောင်းနောက်ခံဒရမ်မာမှာထပ်မံမြင်တွေရမလားဆိုတာ စိတ်ဝင်စားစရာပါပဲ။
Zawgyi ဖြင့်ဖတ်ရန်

MBC ရဲ႕ သမိုင္းေၾကာင္းေနာက္ခံဒရမ္မာသစ္မွာပါဝင္ဖို႔အတြက္ ေဆြးေႏြးေနတဲ့မင္းသမီး Lee Se Young
ဒရမ္မာဇာတ္လမ္းတြဲေတြကိုႀကိဳက္တဲ့ပရိသတ္ေတြကေတာ့ မင္းသမီး Lee Se Young ကို သိၾကမွာပါ။ ကေလးသ႐ုပ္ေဆာင္ဘဝကတည္းကအႏုပညာေတြလုပ္ခဲ့တာျဖစ္ၿပီး The Red Sleeve ဇာတ္လမ္းတြဲနဲ႔အတူ တစ္ရွိန္ထိုးေအာင္ျမင္ေက်ာ္ၾကားလာခဲ့တာပါ။


မင္းသမီးရဲ႕ေအဂ်င္စီကေတာ့ “Lee Se Young ဟာ MBC ရဲ႕ဒရမ္မာသစ္ Park’s Contract Marriage Story ရဲ႕ထုတ္လုပ္သူေတြဆီကေန ပါဝင္သ႐ုပ္ေဆာင္ဖို႔အတြက္ ကမ္းလွမ္းမႈရရွိထားတာျဖစ္ၿပီး ျပန္လည္သုံးသပ္ေနတာျဖစ္တယ္” လို႔ ဆိုပါတယ္။ Park’s Contract Marriage Story ဒရမ္မာကေတာ့ ဂ်ိဳဆြန္းေခတ္ကမိန္းကေလး Park ဟာ (၂၀၂၁) ခုႏွစ္ကို႐ုတ္တရက္ေရာက္လာၿပီးေနာက္Kang Tae Ha ဆိုတဲ့အမ်ိဳးသားရဲ႕သတို႔သမီးျဖစ္လာတဲ့အေၾကာင္းကို ႐ိုက္ကူးထားတဲ့အခ်စ္ဟာသဇာတ္လမ္းတြဲေလးပါ။


လက္ရွိမွာေတာ့ Lee Se Young ဟာ အဓိကဇာတ္ေဆာင္မိန္းကေလး Park Yeon Woo အျဖစ္ပါဝင္ဖို႔ ကမ္းလွမ္းခံထားရတာ ျဖစ္ပါတယ္။ (၂၀၂၁) ခုႏွစ္မွာေတာ့ မင္းသမီးဟာ MBC ရဲ႕ဒရမ္မာျဖစ္တဲ့ The Red Sleeve နဲ႔အတူေရပန္းစားေအာင္ျမင္ခဲ့တာျဖစ္ၿပီး လက္ရွိကမ္းလွမ္းထားတဲ့ MBC ရဲ႕သမိုင္းေၾကာင္းေနာက္ခံဒရမ္မာမွာထပ္မံျမင္ေတြရမလားဆိုတာ စိတ္ဝင္စားစရာပါပဲ။