အမေရိကန်ဒေါ်လာ (၃.၃)သန်းတန် Penthouse ကိုဝယ်ယူခဲ့တဲ့ TWICE အဖွဲ့ဝင် Tzuyu

Posted on

တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကျော်အမျိုးသမီးအိုင်ဒေါအဖွဲ့တွေထဲမှာ TWICE အဖွဲ့ကိုတော့ မသိသူမရှိလောက်ပါဘူး။ ချစ်စရာကောင်းပြီးထူးခြားတဲ့အလှကိုပိုင်ဆိုင်ထားတဲ့Tzuyu ကတော့ ပရိသတ်တွေအံ့အားသင့်လောက်အောင်ကြွယ်ဝချမ်းသာသူပဲ ဖြစ်ပါတယ်။


ထိုင်ဝမ်တစ်ယောက်လည်းဖြစ်တဲ့ Tzuyu ကတော့ နောက်ဆုံးပေါ်ခေတ်မီ Penthouse တစ်ခုကိုသူ့ရဲ့နိုင်ငံဖြစ်တဲ့ ထိုင်ဝမ်မှာဝယ်ယူခဲ့တာပဲ ဖြစ်ပါတယ်။ ထိုင်ဝမ်နိုင်ငံကမီဒီယာတွေကတော့ Tzuyu ဟာ အမေရိကန်ဒေါ်လာ(၃.၃)သန်းတန်တဲ့ Kaohsiung မှာရှိတဲ့ Penthouse တစ်ခုကို ဝယ်ယူခဲ့တယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။ သူဝယ်ယူခဲ့တာကတော့ (၃၃) ထပ်ရှိတဲ့အဆောက်အဦးရဲ့ Penthouse ဖြစ်ပြီး (၆,၀၃၀ စတုရန်းပေ) ရှိကာ ဒီအဆောက်အအုံမှာ ရေကူးကန်နဲ့ Spa ခန်းတွေပါဝင်တယ်လို့ သိရပါတယ်။


ဒီ Penthouse ကတော့ Tzuyu ရဲ့အမေဖြစ်သူရင်းနှီးမြှုပ်နှံထားတဲ့ဆေးခန်းရဲ့အနီးမှာဖြစ်တယ်လို့ သိရပါတယ်။ အိုင်ဒေါတစ်ယောက်အနေနဲ့လည်း ထူးချွန်တဲ့ကောင်မလေးကတော့ မွေးရပ်မြေမှာအမိုက်စားပိုင်ဆိုင်မှုတွေရှိနေခဲ့ပြန်ပါပြီနော်။
Zawgyiဖြင့်ဖတ်ရန်

အေမရိကန္ေဒၚလာ (၃.၃)သန္းတန္ Penthouse ကိုဝယ္ယူခဲ့တဲ့ TWICE အဖြဲ႕ဝင္ Tzuyu
ေတာင္ကိုရီးယားႏိုင္ငံရဲ႕နာမည္ေက်ာ္အမ်ိဳးသမီးအိုင္ေဒါအဖြဲ႕ေတြထဲမွာ TWICE အဖြဲ႕ကိုေတာ့ မသိသူမရွိေလာက္ပါဘူး။ ခ်စ္စရာေကာင္းၿပီးထူးျခားတဲ့အလွကိုပိုင္ဆိုင္ထားတဲ့Tzuyu ကေတာ့ ပရိသတ္ေတြအံ့အားသင့္ေလာက္ေအာင္ႂကြယ္ဝခ်မ္းသာသူပဲ ျဖစ္ပါတယ္။


ထိုင္ဝမ္တစ္ေယာက္လည္းျဖစ္တဲ့ Tzuyu ကေတာ့ ေနာက္ဆုံးေပၚေခတ္မီ Penthouse တစ္ခုကိုသူ႔ရဲ႕ႏိုင္ငံျဖစ္တဲ့ ထိုင္ဝမ္မွာဝယ္ယူခဲ့တာပဲ ျဖစ္ပါတယ္။ ထိုင္ဝမ္ႏိုင္ငံကမီဒီယာေတြကေတာ့ Tzuyu ဟာ အေမရိကန္ေဒၚလာ(၃.၃)သန္းတန္တဲ့ Kaohsiung မွာရွိတဲ့ Penthouse တစ္ခုကို ဝယ္ယူခဲ့တယ္လို႔ ေရးသားေဖာ္ျပခဲ့ပါတယ္။ သူဝယ္ယူခဲ့တာကေတာ့ (၃၃) ထပ္ရွိတဲ့အေဆာက္အဦးရဲ႕ Penthouse ျဖစ္ၿပီး (၆,၀၃၀ စတုရန္းေပ) ရွိကာ ဒီအေဆာက္အအုံမွာ ေရကူးကန္နဲ႔ Spa ခန္းေတြပါဝင္တယ္လို႔ သိရပါတယ္။


ဒီ Penthouse ကေတာ့ Tzuyu ရဲ႕အေမျဖစ္သူရင္းႏွီးျမႇဳပ္ႏွံထားတဲ့ေဆးခန္းရဲ႕အနီးမွာျဖစ္တယ္လို႔ သိရပါတယ္။ အိုင္ေဒါတစ္ေယာက္အေနနဲ႔လည္း ထူးခြၽန္တဲ့ေကာင္မေလးကေတာ့ ေမြးရပ္ေျမမွာအမိုက္စားပိုင္ဆိုင္မႈေတြရွိေနခဲ့ျပန္ပါၿပီေနာ္။