အင်စတာဂရမ်မှာဓာတ်ပုံတစ်ပုံတင်ပြီး ချစ်သူရှိနေကြာင်းပရိသတ်တွေကို အသိပေးခဲ့တဲ့ Lee Yoo Young

Posted on

မင်းသမီး Lee Yoo Young ကိုတော့ ဒရမ်မာနဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့အတူ ပရိသတ်တွေသိကြမှာပါ။ မင်းသား Kang Ha Neul နဲ့ရိုက်ကူးထားတဲ့ Insider ဇာတ်လမ်းတွဲမှာလည်း ပါဝင်ထားတာ ဖြစ်ပါတယ်။ သူကတော့ အင်စတာဂရမ်ကနေတဆင့်သူ့ရဲ့အချစ်ရေးကိုဖော်ပြခဲ့ပါတယ်။


မင်းသမီးကတော့ တစ်စုံတစ်ယောက်ရဲ့လက်မောင်းပေါ်မှာအိမ်နေတဲ့ပုံရိပ်ကို ဖေဖော်ဝါရီလ(၄)ရက်နေ့က သူ့ရဲ့အင်စတာဂရမ်မှာတင်ခဲ့ပါတယ်။ ပရိသတ်တွေကတော့လက်မောင်းရဲ့ပိုင်ရှင်ကိုစိတ်ဝင်စားခဲ့ကြပြီး မင်းသမီး Lee Yoo Young နဲ့လက်ရှိတွဲနေတဲ့ ချစ်သူကောင်လေး ဖြစ်နေခဲ့ပါတယ်။ မင်းသမီးကတော့ သူ့ရဲ့အချစ်ရေးကိုသိုဝှက်မနေဘဲ လူသိရှင်ကြား ပေါ်ပေါ်ထင်ထင်တွဲချင်တဲ့ပုံပါပဲ။


အခုလိုပုံရိပ်ကိုထုတ်ဖော်ပြီးတဲ့နောက်မှာတော့ မင်းသမီးရဲ့အေဂျင်စီဖြစ်တဲ့ ACE Factory ဟာ “Lee Yoo Young ဟာ ဆယ်လီမဟုတ်တဲ့အမျိုးသားတစ်ဦးနဲ့ဒိတ်နေကြပါတယ် ၊ သူတို့ကတော့ မကြာသေးခင်ကစပြီး ဒိတ်ခဲ့ကြတာပါ” လို့ပရိသတ်တွေကို အသိပေးခဲ့ကြပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

အင္စတာဂရမ္မွာဓာတ္ပုံတစ္ပုံတင္ၿပီး ခ်စ္သူရွိေနၾကာင္းပရိသတ္ေတြကို အသိေပးခဲ့တဲ့ Lee Yoo Young
မင္းသမီး Lee Yoo Young ကိုေတာ့ ဒရမ္မာနဲ႔ ႐ုပ္ရွင္ဇာတ္ကားေတြနဲ႔အတူ ပရိသတ္ေတြသိၾကမွာပါ။ မင္းသား Kang Ha Neul နဲ႔႐ိုက္ကူးထားတဲ့ Insider ဇာတ္လမ္းတြဲမွာလည္း ပါဝင္ထားတာ ျဖစ္ပါတယ္။ သူကေတာ့ အင္စတာဂရမ္ကေနတဆင့္သူ႔ရဲ႕အခ်စ္ေရးကိုေဖာ္ျပခဲ့ပါတယ္။


မင္းသမီးကေတာ့ တစ္စုံတစ္ေယာက္ရဲ႕လက္ေမာင္းေပၚမွာအိမ္ေနတဲ့ပုံရိပ္ကို ေဖေဖာ္ဝါရီလ(၄)ရက္ေန႔က သူ႔ရဲ႕အင္စတာဂရမ္မွာတင္ခဲ့ပါတယ္။ ပရိသတ္ေတြကေတာ့လက္ေမာင္းရဲ႕ပိုင္ရွင္ကိုစိတ္ဝင္စားခဲ့ၾကၿပီး မင္းသမီး Lee Yoo Young နဲ႔လက္ရွိတြဲေနတဲ့ ခ်စ္သူေကာင္ေလး ျဖစ္ေနခဲ့ပါတယ္။ မင္းသမီးကေတာ့ သူ့ရဲ့အခ်စ္ေရးကိုသို၀ွက္မေနဘဲ လူသိရွင္ျကား ေပၚေပၚထင္ထင္တြဲခ်င္တဲ့ပံဳပါပဲ။


အခုလိုပုံရိပ္ကိုထုတ္ေဖာ္ၿပီးတဲ့ေနာက္မွာေတာ့ မင္းသမီးရဲ႕ေအဂ်င္စီျဖစ္တဲ့ ACE Factory ဟာ “Lee Yoo Young ဟာ ဆယ္လီမဟုတ္တဲ့အမ်ိဳးသားတစ္ဦးနဲ႔ဒိတ္ေနၾကပါတယ္ ၊ သူတို႔ကေတာ့ မၾကာေသးခင္ကစၿပီး ဒိတ္ခဲ့ၾကတာပါ” လို႔ပရိသတ္ေတြကို အသိေပးခဲ့ၾကပါတယ္။