အခုလနှောင်းပိုင်းမှာ စစ်မှုထမ်းဆောင်ခြင်းပြီးဆုံးသွားပြီဖြစ်တဲ့ မင်းသား Jang Ki Yong

ရုပ်သံဇာတ်လမ်းတွဲများစွာမှာပါဝင်ခဲ့ဖူးတဲ့ မင်းသား Jang Ki Yong ကိုတော့ ပရိသတ်တွေရင်းနှီးကြမှာပါ။ သရုပ်ဆောင်ပိုင်းမှားချီးကျူးမှုတွေရရှိထားတဲ့မင်းသားကတော့ နောက်ဆုံးရိုက်ကူးထားတဲ့ဒရမ်မာအနေနဲ့ မင်းသမီး Song Hye Kyo နဲ့တွဲပြီးတော့ Now, We Are Breaking Up ဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့ဖူးပါတယ်။


သူကတော့ (၂၀၂၁) ခုနှစ်သြဂုတ်လကတည်းက စစ်မှုထမ်းခြင်းစတင်ခဲ့တာပါ။ အခုဆိုရင်တော့ စစ်မှုထမ်းဆောင်ခြင်းပြီးဆုံးတော့မှာကြောင့် ပရိသတ်တွေပြန်လည်မြင်တွေ့ရတော့မှာပဲ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ(၂၂)ရက်နေ့မှာတော့ မင်းသား Jang Ki Yong ဟာ စစ်မှုထမ်းဆောင်ခြင်းပြီးဆုံးသွားပြီလည်း ဖြစ်ပါတယ်။


အခုလို စစ်မှုထမ်းဆောင်တဲ့တာဝန်ပြီးဆုံးသွားခြင်းအတွက် အထူးအစီအစဉ်တစ်ခုပြုလုပ်ထားတာမျိုးမရှိဘူးလို့ သူ့ရဲ့အေဂျင်စီဖြစ်တဲ့ YG Entertainment က ဆိုပါတယ်။ မင်းသားရဲ့ပရိသတ်တွေကတော့ ရှေ့လျှောက် မော်ဒယ်လ်တစ်ယောက်အနေနဲ့ကောသရုပ်ဆောင်အနေနဲ့ပါ အနုပညာလှုပ်ရှားမှုတွေကို ပြန်လညမြင်တွေ့ရတော့မှာပဲ ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်






 

Check Also

ဇနီးလောင်း Lee Da In ကို ဘာကြောင့်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတာကို ပြောပြခဲ့တဲ့ မင်းသား Lee Seung Gi

Lee Seung Gi နဲ့ Lee Da In တို့နှစ်ဦးကတော့ ချစ်သူတွေဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုမှာ ရွှေလက်တွဲတော့မှာပဲ ဖြစ်ပါတယ်။ ချစ်သူနှစ်ဦးကတော့ ဧပြီလမှာလက်ထပ်ပွဲကျင်းပသွားမှာ ဖြစ်တယ်လို့ …

x