ဧပြီလမှာလက်ထပ်တော့မယ့် မင်းသား Lee Seung Gi နဲ့ မင်းသမီး Lee Da In

Posted on

တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးအဆိုတော်၊သရုပ်ဆောင်တွေထဲမှာ Lee Seung Gi တစ်ယောက်လည်း အပါအဝင်ပါ။ သူကတော့ သူ့ရဲ့ချစ်သူဖြစ်တဲ့မင်းသမီး Lee Da In နဲ့ လက်ထပ်တော့မယ့်အကြောင်းကိုကြေညာခဲ့ပါတယ်။


Lee Seung Gi ကတော့ သူ့ရဲ့အင်စတာဂရမ်ကနေပြီးဖေဖော်ဝါရီလ(၇)ရက်နေ့မှာ လက်ရေးစာစောင်နဲ့အတူ လက်ထပ်မယ့်အကြောင်းကို ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ သူကတော့ ” ဒိတ်တင်လုပ်နေတဲ့စုံတွဲအဖြစ်နဲ့မဟုတ်ဘဲနဲ့လက်ထပ်ထားတဲ့စုံတွဲတွေအနေနဲ့ ကျန်ရှိနေတဲ့ဘဝအစိတ်အပိုင်းကို Da Min နဲ့အတူကုန်ဆုံးသွားဖို့ ဆုံးဖြတ်ထားပါတယ်။” လို့ ဆိုပါတယ်။


မင်းသားကတော့ “ကျွန်တော်လက်ထပ်ခွင့်တောင်းခဲ့ပြီး လက်ခံမှုကိုရရှိခဲ့ပါတယ်။ ဧပြီလ(၇)ရက်နေ့မှာ ကျွန်တော်တို့လက်ထပ်တော့မှာပါ။ သူကတော့ နွေးထွေးတဲ့နှလုံးသားနဲ့အတူချစ်စရာကောင်းတဲ့သူဖြစ်ပြီး တစ်ဘဝလုံးကျွန်တော့အနားမှာရှိစေချင်တဲ့သူပါ” လို့ ရေးသားထားတဲ့အပြင် “တစ်ယောက်နဲ့တစ်ယောက်ပျော်ရွှင်မှုတွေမျှဝေကြပြီး လက်တွဲမဖြုတ်ဘဲအတူကျော်ဖြတ်သွားကြဖို့ မျှော်လင့်ထားတယ်”လို့ ဆိုပါတယ်။ မင်္ဂလာသတင်းအတွက် Congratulations ပါ ။
Zawgyi ဖြင့်ဖတ်ရန်

ဧၿပီလမွာလက္ထပ္ေတာ့မယ့္ မင္းသား Lee Seung Gi နဲ႔ မင္းသမီး Lee Da In
ေတာင္ကိုရီးယားႏိုင္ငံရဲ႕နာမည္ႀကီးအဆိုေတာ္၊သ႐ုပ္ေဆာင္ေတြထဲမွာ Lee Seung Gi တစ္ေယာက္လည္း အပါအဝင္ပါ။ သူကေတာ့ သူ႔ရဲ႕ခ်စ္သူျဖစ္တဲ့မင္းသမီး Lee Da In နဲ႔ လက္ထပ္ေတာ့မယ့္အေၾကာင္းကိုေၾကညာခဲ့ပါတယ္။


Lee Seung Gi ကေတာ့ သူ႔ရဲ႕အင္စတာဂရမ္ကေနၿပီးေဖေဖာ္ဝါရီလ(၇)ရက္ေန႔မွာ လက္ေရးစာေစာင္နဲ႔အတူ လက္ထပ္မယ့္အေၾကာင္းကို ပရိသတ္ေတြကို အသိေပးခဲ့ပါတယ္။ သူကေတာ့ ” ဒိတ္တင္လုပ္ေနတဲ့စုံတြဲအျဖစ္နဲ႔မဟုတ္ဘဲနဲ႔လက္ထပ္ထားတဲ့စုံတြဲေတြအေနနဲ႔ က်န္ရွိေနတဲ့ဘဝအစိတ္အပိုင္းကို Da Min နဲ႔အတူကုန္ဆုံးသြားဖို႔ ဆုံးျဖတ္ထားပါတယ္။” လို႔ ဆိုပါတယ္။


မင္းသားကေတာ့ “ကြၽန္ေတာ္လက္ထပ္ခြင့္ေတာင္းခဲ့ၿပီး လက္ခံမႈကိုရရွိခဲ့ပါတယ္။ ဧၿပီလ(၇)ရက္ေန႔မွာ ကြၽန္ေတာ္တို႔လက္ထပ္ေတာ့မွာပါ။ သူကေတာ့ ေႏြးေထြးတဲ့ႏွလုံးသားနဲ႔အတူခ်စ္စရာေကာင္းတဲ့သူျဖစ္ၿပီး တစ္ဘဝလုံးကြၽန္ေတာ့အနားမွာရွိေစခ်င္တဲ့သူပါ” လို႔ ေရးသားထားတဲ့အျပင္ “တစ္ေယာက္နဲ႔တစ္ေယာက္ေပ်ာ္႐ႊင္မႈေတြမွ်ေဝၾကၿပီး လက္တြဲမျဖဳတ္ဘဲအတူေက်ာ္ျဖတ္သြားၾကဖို႔ ေမွ်ာ္လင့္ထားတယ္”လို႔ ဆိုပါတယ္။ မဂၤလာသတင္းအတြက္ Congratulations ပါ ။