‘My Name is Loh Kiwan’ဇာတ်ကားသစ်မှာပါဝင်လာမယ့် Song Joong Ki ၊ Choi Sung Eun နဲ့ Cho Han Cheol

Posted on

Netflix ကတော့ ဇာတ်ကားသစ်ဖြစ်တဲ့ My Name is Loh Kiwan မှာ Song Joong Ki၊ Choi Sung Eun၊ Cho Han Cheol ၊Kim Seong Ryeong၊ Lee Il Hwa ၊ Lee Sang Hee နဲ့ Seo Hyun Woo တို့ပါဝင်သရုပ်ဆောင်မယ့်အကြောင်းကို ကြေညာခဲ့ပါတယ်။


My Name is Loh Kiwan ကတော့ မြောက်ကိုရီးယားနိုင်ငံမှထွက်ပြေးပြီးဘဝရဲ့နောက်ဆုံးမျှော်လင့်ချက်အနေနဲ့ ဘယ်လ်ဂျီယံကိုရောက်ရှိလာတဲ့ Ki Wan ဆိုတဲ့အမျိုးသားနဲ့ အသက်ရှင်ဖို့အတွက်မျှော်လင့်ချက်တွေကင်းမဲ့နေတဲ့အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ Marie တို့ရဲ့ဆုံတွေ့ခြင်း၊ ခွဲခွာခြင်းနဲ့ ချစ်ခြင်းမေတ္တာတွေအကြောင်း ရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။


ဒီဇာတ်ကားမှာတော့ မင်းသား Song Joong Ki ကို မြောက်ကိုရီးယားနိုင်ငံကနေထွက်ပြေးလွတ်မြောက်လာပြီး ဒုက္ခသည်တစ်ယောက်အဖြစ်ဘယ်လ်ဂျီယံနိုင်ငံမှာအသိအမှတ်ပြုခံရဖို့ကလွဲပြီးဘာမှမျှော်လင့်စရာမရှိတဲ့အမျိုးသားတစ်ယောက်အဖြစ် ပါဝင်ထားတာပါ။ Choi Sung Eun ကတော့ ဘယ်လ်ဂျီယံနိုင်ငံသားကိုရီးယားသူတစ်ယောက်ဖြစ်တဲ့Marie အဖြစ်ပါဝင်ထားပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

‘My Name is Loh Kiwan’ဇာတ္ကားသစ္မွာပါဝင္လာမယ့္ Song Joong Ki ၊ Choi Sung Eun နဲ႔ Cho Han Cheol
Netflix ကေတာ့ ဇာတ္ကားသစ္ျဖစ္တဲ့ My Name is Loh Kiwan မွာ Song Joong Ki၊ Choi Sung Eun၊ Cho Han Cheol ၊Kim Seong Ryeong၊ Lee Il Hwa ၊ Lee Sang Hee နဲ႔ Seo Hyun Woo တို႔ပါဝင္သ႐ုပ္ေဆာင္မယ့္အေၾကာင္းကို ေၾကညာခဲ့ပါတယ္။


My Name is Loh Kiwan ကေတာ့ ေျမာက္ကိုရီးယားႏိုင္ငံမွထြက္ေျပးၿပီးဘဝရဲ႕ေနာက္ဆုံးေမွ်ာ္လင့္ခ်က္အေနနဲ႔ ဘယ္လ္ဂ်ီယံကိုေရာက္ရွိလာတဲ့ Ki Wan ဆိုတဲ့အမ်ိဳးသားနဲ႔ အသက္ရွင္ဖို႔အတြက္ေမွ်ာ္လင့္ခ်က္ေတြကင္းမဲ့ေနတဲ့အမ်ိဳးသမီးတစ္ေယာက္ျဖစ္တဲ့ Marie တို႔ရဲ႕ဆုံေတြ႕ျခင္း၊ ခြဲခြာျခင္းနဲ႔ ခ်စ္ျခင္းေမတၱာေတြအေၾကာင္း ႐ိုက္ကူးထားတဲ့ရုပ္ရွင္ဇာတ္ကားျဖစ္ပါတယ္။


ဒီဇာတ္ကားမွာေတာ့ မင္းသား Song Joong Ki ကို ေျမာက္ကိုရီးယားႏိုင္ငံကေနထြက္ေျပးလြတ္ေမျာက္လာျပီး ဒုကၡသည္တစ္ေယာက္အျဖစ္ဘယ္လ္ဂ်ီယံႏိုင္ငံမွာအသိအမွတ္ျပဳခံရဖို႔ကလြဲၿပီးဘာမွေမ်ွာ္လင့္စရာမရွိတဲ့အမ်ိဳးသားတစ္ေယာက္အျဖစ္ ပါဝင္ထားတာပါ။ Choi Sung Eun ကေတာ့ ဘယ္လ္ဂ်ီယံႏိုင္ငံသားကိုရီးယားသူတစ္ေယာက္ျဖစ္တဲ့Marie အျဖစ္ပါဝင္ထားပါတယ္။