မင်းသား Jang Hyuk နဲ့ မင်းသမီး Jang Na Ra တို့ကို(၉)နှစ်ကြာပြီးနောက်ပြန်လည်မြင်တွေ့ရမယ့် ဒရမ်မာသစ်

မင်းသား Jang Hyuk နဲ့ မင်းသမီး Jang Na Ra တို့ဟာကိုရီးယားနိုင်ငံရဲ့ နာမည်ကျော်အနုပညာရှင်တွေအဖြစ်ရပ်တည်နေကြသူတွေပါ။ သူတို့နှစ်ဦးကိုတော့ (၉) နှစ်ကြာပြီးနောက်မှ ဒရမ်မာသစ် “Family” မှာ ပြန်လည်မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။


tvN ကထုတ်လွှင့်မယ့် Family ဒရမ်မာကတော့သာမန်ရုံးဝန်ထမ်းတစ်ယောက်အဖြစ်အသွင်ယူထားတဲ့ NIS ရဲ့အေးဂျင့်တစ်ယောက်နဲ့ ပြီးပြည့်စုံတဲ့မိသားစုဘဝလေးကိုမျှော်လင့်ထားတဲ့ ချစ်စရာဇနီးလေးတို့အကြောင်းရိုက်ကူးထားတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့Jang Hyuk ၊ Jang Na Ra၊ Chae Jun Gan နဲ့ Kim Nam Hee တို့က အဓိကဇာတ်ဆောင်တွေအဖြစ်ပါဝင်ထားပါတယ်။


မင်းသမီး Jang Na Ra ကတော့ မိသားစုကိုကာကွယ်ဖို့အကောင်းဆုံးကြိုးစားနေတဲ့ချစ်စရာကောင်းတဲ့အမျိုးသမီးဖြစ်သော်လည်း နောက်ကွယ်မှာလျှို့ဝှက်ချက်ကြီးတစ်ခုရှိနေတဲ့ Kang Yu Ra အဖြစ် ပါဝင်ထားပါတယ်။ Jang Hyuk ကတော့ ကျွမ်းကျင်တဲ့စနိုက်ပါသမားတစ်ယောက်ဖြစ်တဲ့ NIS ရဲ့လျှို့ဝှက်အေးဂျင့် Kwon Do Hoon အဖြစ်ပါဝင်ထားပါတယ်။
Zawgyi ဖြင့်ဖတ်ရန်






Check Also

ဇနီးလောင်း Lee Da In ကို ဘာကြောင့်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတာကို ပြောပြခဲ့တဲ့ မင်းသား Lee Seung Gi

Lee Seung Gi နဲ့ Lee Da In တို့နှစ်ဦးကတော့ ချစ်သူတွေဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုမှာ ရွှေလက်တွဲတော့မှာပဲ ဖြစ်ပါတယ်။ ချစ်သူနှစ်ဦးကတော့ ဧပြီလမှာလက်ထပ်ပွဲကျင်းပသွားမှာ ဖြစ်တယ်လို့ …

x